News

Pre-register လုပ်လို့ရနေပြီဖြစ်တဲ့ Royal Blood

စိတ်လှုပ်ရှားစရာ အခိုက်အတန့် ထပ်မံရောက်ရှိလို့လာပြန်ပါပြီ။ PC အတိုင်း mobile ပေါ်မှာ တစ်ထေရာတည်း ဖြစ်စေရပါမယ်လို့ ကတိပေးထားတဲ့ MMORPG အမျိုးအစား “Royale Blood” ကိုမကြာခင် ကစားလို့ရတော့မယ်လို့ ကြားပါတယ်။ Gamevil က ထုတ်လုပ်ထားတဲ့ ဂိမ်းဖြစ်ပြီး ၂၀၁၇ ကတည်းက ထွက်မယ်ထွက်မယ်နဲ့ တာဆူနေတဲ့ ဂိမ်းဖြစ်ပါတယ်။

ထွက်ရှိတဲ့ အချိန်ကြာတဲ့ အတွက် သူ့ကို အပြစ်တင်လို့လည်း မရသေးပါဘူး။ သူ့မှာလည်း သူ့အကြောင်းနဲ့ သူရှိခဲ့ ပါတယ်။ ပြစ်မျိုးမှဲ့မထင် visual တွေနဲ့ ဘဝခိုက်လောက်စရာ gameplay ကို ဖန်တီးခဲ့ရဖို့အတွက် ၂နှစ်ကျော်ကြာအောင် အချိန်ယူခဲ့ရတယ်လို့သိရပါတယ်။ PC အတိုင်း mobile မှာ လည်း ကစားရတာ အရသာ ပေါ့မသွားစေချင်လို့ ဖြစ်မယ်ထင်ပါတယ်။ အားထုတ်မှုတွေနဲ့ သေသေသပ်သပ် လေးလုပ်ထားတဲ့ ဂိမ်းတစ်ခုဆိုတာ trailer ကြည့်ရုံနဲ့ သိသာပါတယ်။ Video လေးကြည့်ကြည့်ပါဦး။

Company ဘက်ကတော့ Royale Blood ရဲ့ multiplayer gameplay ကို player တွေရဲ့ သဘောထားအပေါ် အခြေခံ ဖန်တီးထားတဲ့အတွက် mobile gamer တွေသာမက PC MMORPG gamer တွေကိုပါ ဆွဲဆောင်နိုင်မယ့် ဂိမ်းတစ်ခုဖြစ်လာစေဖို့ မျှော်မှန်းထားတယ်လို့သိရပါတယ်။

အဲ့တော့ မကစားခင် ကြိုတင်ပြီး pre-register လုပ်ထားကြတာပေါ့နော်။

Pre-register လုပ်ထားရင် ဘာရမှာလဲ…

Google Play ကနေပြီး pre-register လုပ်ရင် စိန်တုံး ၃၀၀ နဲ့ ရွှေတုံး ၂၀၀၀၀၀ ကို ရရှိမှာဖြစ်ပါတယ်။ (Woow!!! အရမ်းကို များတဲ့ ပမာဏပဲ)

Mobile နဲ့ ကစားနေတယ်လို့ မထင်ရလောက်အောင် အရမ်းကို မိုက်တဲ့ visuals တွေနဲ့ 70v70 PvP အထိ ဖိုက်လို့ရမယ်ဆိုတော့ ကြားရုံနဲ့တင် တော်တော် စိတ်ဝင်စားမိပါတယ်။

သင်က MMROPG fan တစ်ယောက်ဆိုရင်တော့ အခု အခွင့်အရေးကို လုံးဝ လက်မလွှတ်သင့်ဘူးနော်။ Pre-register rewards တွေကို Play Store နဲ့ register လုပ်မှ ရရှိမယ်လို့သိရပါတယ်။ iOS user အတွက်တော့ pre-register rewards သတင်း မကြားမိသေးပါဘူး။ (ဒီတစ်ကြိမ်တော့ iOS user တွေနည်းနည်း ကံခေသွားပြီ :’) )

Register Here!

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: