News

‘TOKYO GHOUL [:re birth]’အတွက် pre-register လုပ်လို့ရနေပြီနော်

ဂျပန် Anime  ပရိသတ်တွေ တော်တော်များများကြိုက်နှစ်သက်ကြတဲ့ Tokyo Ghoul ကို mobile ဆီမှာ မကြာခင် ကစားလို့ရတော့မယ်လို့ သိရပါတယ်။ Tokyo Ghoul ဟာ အရမ်းကို နာမည်ကြီးတဲ့ series တစ်ခုဖြစ်ပြီး သူ့ကို anime မှာသာမက live action မှာပါ လူကြိုက်များတာကိုတွေ့ရပါတယ်။ အဲ့တာကြောင့် Ghoul ပရိသတ်တွေ အတွက်ကတော့ ဒီဂိမ်းကို ကစားဖို့အတွက် ညွှန်းနေစရာတောင်လိုမယ် မထင်တော့ပါဘူး။ နာမည်တွေ့တာနဲ့ ပြေး register လုပ်ကြမှာပါ။

ဂိမ်းထဲမှာ Ghoul လို့ ခေါ်တဲ့ ဖုတ်ကောင်တွေနဲ့ လူသားတွေရဲ့ သည်းထိတ်ရင်ဖို တိုက်ပွဲတွေကို ဇာတ်လမ်းထဲမှာတွေ့ရတဲ့အတိုင်း တွေ့ရမှာဖြစ်တဲ့အတွက် ကစားရတာ လုံးဝကို အမိုက်စားပါ။ ဂိမ်းရဲ့နာမည်ကလည်း မူရင်း စီးရီးနာမည်အတိုင်း ‘TOKYO GHOUL [:re birth]’ပါပဲ။ ဂိမ်းထဲမှာ ဇာတ်လမ်းထဲက အကောင်းဆုံး အလန်းဆုံးဇာတ်ကောင် တွေနဲ့အတူ ပူးပေါင်း ကစားနိုင်မှာဖြစ်ပြီး အပိုင်းတိုင်း အပိုင်းတိုင်းမှာ လည်း ဇာတ်လမ်းထဲ ကအတိုင်း စိတ်လှုပ်ရှား ဖို့ကောင်းတာတွေက စောင့်ကြိုနေမှာပါ။

Player က ဂိမ်းထဲမှာ တွေ့ရမယ့် ဇာတ်ကောင်တွေထဲက ဇာတ်ကောင် ၆ ယောက်ကို ရွေးပြီး အဖွဲ့တစ်ဖွဲ့ဖွဲ့နိုင်မှာဖြစ်ပါတယ်။ အဖွဲ့ ဖွဲ့ပြီး combat ထဲမှာ အမျိုးအစားစုံလင်တဲ့ skill တွေနဲ့ combos တွေကို အရ ယူနိုင်မှာဖြစ်ပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီကို စွမ်းရည်အသစ်တွေဖြည့်ပေးနိုင်တာကြောင့် ပိုပြီးကောင်းတဲ့ gear တွေနဲ့ ပေါင်းစပ်ပြီး သူတို့ကို ပိုပြီး အားကောင်းသန်မာလာ စေနိုင်ပါတယ်။

ဂိမ်းထဲမှာ Single player story mode သာမက Strikes and Raids နဲ့ Territory Battle တို့ ပုံစံ PvP တွေပါ ပါဝင်ပါတယ်။ တိုကျိုမြို့ကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်ဖို့အတွက် player တွေကို Ghouls အဖွဲ့နဲ့ Human အဖွဲ့ဆိုပြီး အဖွဲ့ခွဲပေးထားပါတယ်။အကယ်၍ သင်က franchise တွေကို တကယ်ကြိုက်တယ်ဆိုရင် ဒါမှမဟုတ် JRPG တစ်ခုကို ကစားဖို့အတွက် တွေးနေတာဆိုရင် အခုချက်ချင်းပဲ ‘TOKYO GHOUL [:re birth]’ ကို pre-register လုပ်ထားလိုက်ပါတော့နော်။ နမူနာ ဗီဒီယိုကို အောက်မှာ ပြပေးထားပါတယ်။

Pre-register ကိုတော့ ဒီ link လေးထဲကို ဝင်ပြီး လုပ်ပေးပါနော်။ အခုအချိန်အထိတော့ Google Play တစ်ခုတည်းမှာပဲ Pre-register လုပ်လို့ရပါသေးတယ်။ Register Here!

Ref: Droidgamer

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password