ArticleNews

Fast & Furious Takedown အတွက် ကြိုတင်စာရင်းပေးလို့ရနေပြီနော်

ဘော်ဘော်တို့ရေ….Fast & Furious ဇာတ်လမ်းကို ကြည့်ဖူးကြလား??? အရမ်းကိုနာမည်ကြီးပြီး Hot တဲ့ ဇာတ်လမ်းမို့လို သူ့ကို ကြည့်ဖူးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဲဒါဆို … ဇာတ်လမ်းကြည့်ဖူးပြီဆိုတော့… သူ့ရဲ့ ဂိမ်းလေးကိုရော မကစားကြည့်ချင်ကြဘူးလား??? ကစားကြည့်ချင်ရင် ကစားလို့ ရတော့မယ်တဲ့နော် 😃)

Fast  & Furious Takedown ဂိမ်းကို မူရင်း ဇာတ်လမ်းထဲကအတိုင်း ဖန်တီးထားတာကြောင့် ဇာတ်ကားထဲမှာ ဖြစ်ပျက်ခဲ့တဲ့ နေရာတွေကိုတွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂိမ်းထဲမှာ ပြိုင်ဆိုင် ယှဉ်ပြိုင်ဖို့အတွက် မတူကွဲပြားတဲ့ course တွေလည်း ပါဝင်နေမှာပါ။

ဂိမ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုရှိပါသေးတယ်။ အဲ့တာက movie ထဲက လူကြိုက်အများဆုံးဇာတ်ကောင်တွေကို ထည့်သွင်းထားတာပါ။ ပရိသတ်တော်တော်များများ ကြိုက်ကြတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Dom, Hobbs နဲ့ Shaw တို့ကို ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် သူတို့တွေရဲ့ကားတွေ ကိုပါ မောင်းနှင်ခွင့်ရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင် နဲ့ မောင်းချင်တယ်ဆိုတဲ့ player တွေအတွက်လည်း စိတ်ကြိုက်ဒီဇိုင်းဖော်နိုင်မယ်လို့ သိရပါတယ်။

P.S – အနိုင်ရရှိဖို့အတွက် ကျွမ်းကျင်တဲ့ driver တစ်ယောက်ဖြစ်ဖို့တော့လိုအပ်ပါတယ်နော်။

နမူနာ ဗီဒီယို လေးကို ကြည့်လိုက်ကြပါဦး။

အရမ်းအရမ်းကို လန်းနေရောနော်…

အကယ်၍ သင်က Fast & Furious ပရိသတ်တစ်ယောက်ဆိုရင် သူ့ဂိမ်းကိုလည်း ကစားကြည့်သင့်တယ်နော်။ ဒါပေမယ့် ခုချက်ချင်းတော့ ကစားလို့မရသေးပါဘူး။ Pre-register ပဲလုပ်ထားလို့ရပါသေးတယ်။ ထွက်လာတဲ့ အချိန်ကျရင် အရင်ဆုံးကစားနိုင်တဲ့သူဖြစ်အောင် စိတ်ဝင်စားရင် Pre-register လေးပြေးလုပ်ထားကြနော်။ Pre-register လုပ်နိုင်မယ့် link လေးတွေကို အောက်မှာ ပေးထားပါတယ်။ ခုနေ Pre-register လုပ်ထားရင် ဆုလက်ဆောင်တွေလည်း များကြီး ရဦးမှာနော်…

Pre-register now! 

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password