News

အသစ်စက်စက်ဂိမ်း ‘Sword Art Online: Integral Factor’ အတွက် Pre-Register ပြုလုပ်နိုင်ပြီ

Bandai Namco က mobile platform အတွက် အသစ်စက်စက် Sword Art Online ဂိမ်းတစ်ခု ကြေညာလိုက်ပြီဖြစ်ပါတယ်။ Sword Art Online: Integral Factor လို့အမည်ရတဲ့ အဆိုပါဂိမ်းဟာ အင်္ဂလိပ်ဘာသာစကားနဲ့ တစ်ကမ္ဘာလုံးအတွက်ထုတ်ပေးမှာဖြစ်ပြီး Android ရော iOS ၂ မျိုးလုံးမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီဂိမ်းအတွက် Pre-Register ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Aincrad ကိုပဲအခြေခံထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ Kayaba Akihiko ဆိုတဲ့ သုတေသနပညာရှင်တစ်ယောက်ဟာ Sword Art Online လို့အမည်ရတဲ့ Virtual MMORPG ဂိမ်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့လှပလွန်းတဲ့ Virtual ကမ္ဘာကြီးကိုခံစားကြည့်ချင်လို့ ဂိမ်းကစားသူတွေက အဆိုပါဂိမ်းကို အလုအယက်ဝယ်ယူကြပါတယ်။ ဒီလိုနဲ့ ဂိမ်းစတင်ဖွင့်လှစ်တဲ့နေ့ကို ရောက်ရှိချိန်မှာတော့ သူ့တို့ကိုစောင့်ကြိုနေတဲ့ ကံကြမ္မာဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ အဲဒါကတော့ ဂိမ်းထဲမှာသေရင် အပြင်မှာရှိတဲ့ ကစားသူကပါ လိုက်သေမှာဖြစ်ပါတယ်။ ဒီသေမင်းဂိမ်းထဲမှာ ပိတ်မိနေတဲ့ ကစားသူတွေအနေနဲ့ ဂိမ်းကိုအောင်နိုင်ဖို့ အသက်စွန့်ပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့အရှေ့မှာ SAO Mobile Game တွေ တော်တော်လေးထွက်ရှိဖူးပေမယ့် Open World RPG စတိုင်နဲ့က ဒီတစ်ခုက ပထမဆုံးလို့တောင်ပြောလို့ရပါတယ်။ ပြောမယ်ဆို console ပေါ်က SAO ဂိမ်းတွေအတိုင်းလိုက်လုပ်ထားတာပါ။ ထူးခြားတာက အရင်ဂိမ်းတွေလို Kirito နဲ့ Asuna တို့လို အဓိကဇာတ်ကောင်တွေနေရာကနေ တန်းကစားရမှာမဟုတ်ပဲ ကစားသူ (Protagonist) နဲ့ Koharu လို့အမည်ရတဲ့ သင့် partner တို့နေရာကနေ ကစားရမှာဖြစ်ပါတယ်။ Graphic တွေကလည်း လောလောဆယ်မြင်ရသလောက်တော့ တော်တော်လေးမဆိုးလှဘူးလို့ ပြောနိုင်ပါတယ်။

သူ့ရဲ့ gameplay ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း Open World RPG လို့ယူဆလို့ရပါတယ်။ Gameplay screenshot တစ်ချို့ကို တပါတည်းဖော်ပြပေးလိုက်ပါတယ်။

ဂျပန်ဂိမ်းတွေထုံးစံအတိုင်း Storytelling ကို Visual Novel စတိုင်နဲ့ ဖတ်ရှုဆော့ကစားရမှာဖြစ်ပါတယ်။

Sword Art Online: Integral Factor ထွက်ရှိမယ့်ရက်အတိအကျကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ Pre-Register ပြုလုပ်ထားသူတွေဟာ Arcana Gem အလုံး ၂,၅၀၀၊ In-game Stamps ၂ ခု၊ Skill Record 4-Star Asuna နဲ့ ဝတ်စုံတွေကို လက်ဆောင်ရရှိမှာဖြစ်ပါတယ်။

အောက်မှာကတော့ ဒီဂိမ်းရဲ့ trailer လေးပါ။ ဒီဂိမ်းအကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက် နောက်ထပ်သတင်းတွေရရှိတာနဲ့ ချက်ချင်းလိုလို ဒီနေရာကနေ ဆက်ဆက်ဖော်ပြပေးသွားဦးမှာပါ။ 😉

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: