News

Pre Register လုပ်ထားနိုင်ပြီဖြစ်တဲ့ Android Platform ပေါ်က Tekken

Action ဂိမ်းများကို သဘာကျတဲ့ Playon မိတ်ဆွေများအတွက် Fighting ဂိမ်းလောကမှာ အောင်မြင်မှုရရှိခဲ့တဲ့ Tekken အမည်ရတဲ့ ဂိမ်းဟာ Android Platform ပေါ်ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ဂိမ်းထွက်ရှိလာတဲ့ အချိန်မှာ ရယူနိုင်ဖို့အတွက်  Pre register လုပ်ထားနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းလေးကို တင်ဆက်ပေးပါရစေ။

မိုလ်ဘိုင်း version မှာဆိုရင်တော့ character ပေါင်း ၂၀ ကျော်ပါရှိမှာ ဖြစ်ပြီး ဆော့ကစားသူ အနေနဲ့ character များ စုဆောင်းခြင်းနဲ့အတူ သက်ဆိုင်ရာ တစ်ခုချင်းစီရဲ့ တိုက်ကွက်များကို upgrade ပြုလုပ်ပေးခြင်းများလည်း ပါရှိမှာ ဖြစ်ပါတယ်။

Story Mode, Dojo Challenge, Live Events အစရှိတဲ့ ယှဉ်ပြိုင်မှုများမှာ ဆော့ကစားနိုင်မှာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုရှိတဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒီဂိမ်းလေးကိုတော့ Kazuya Mishima လို့အမည်ရတဲ့ fighter တစ်ယောက်အနေနဲ့ နောက်ဆုံးရန်သူအထိ အသက်ရှင်သန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းလေးအပေါ်မှာ အခြေခံထားတဲ့ သဘောမှာ ရှိနေပါတယ်။

ပြင်းထန် အားပါတဲ့ တိုက်ကွက်များနဲ့ ရှေ့ဆက်ရမယ့် ဒီဂိမ်းလေးကို ကျွန်တော်ကတော့ ထွက်ရှိမယ့် အချိန်ကို စောင့်မျှော်နေတဲ့ အတိုင်း Playon မိတ်ဆွေများအနေနဲ့လည်း ရယူနိုင်ဖို့ အတွက် pre register အနေနဲ့ Google Play Store ပေါ်မှာ ရယူနိုင်ပြီ ဆိုတာကို မိတ်ဆွေများအတွက် သတင်းကောင်းပါးရင်း ထွက်ရှိလာမယ့် နေ့ရက်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password