News

ရွှတ်..ရွှတ်! Asphalt 9: Legends ကို pre-register လုပ်ထားရင် Extra bonus တွေရမယ်ဆိုတာသိပြီးပြီလား ?

Gameloft ရဲ့ အလန်းစားပြိုင်ကား series ထဲက Asphalt 9: Legends ဟာတော့ လက်ရှိ Android မှာဆိုရင် Pre-register အဆင့်သာရှိသေးပြီး IOS မှာဆိုရင်တော့ Soft Launch သာထွက်ရှိပါသေးတယ်။ Soft Launch version ကတော့ ဖိလစ်ပိုင် region မှာပဲကစားလို့ ရသေးတယ်လို့ သိရပါတယ်။ Soft Launch version အတွက် ကစားနည်း လမ်းညွှန်အပြည့်အစုံကိုတော့ ဒီကနေ တဆင့်သွားရောက်လေ့လာနိုင်ပါတယ်။ ဂိမ်းရဲ့အနေအထား အနည်းငယ်ပြောပြီးပြီဆိုတော့ Pre-register နဲ့ပတ်သက်တဲ့ Bonus ဘက်ကို လှည့်ပါရစေ။

Pre-register ကိုတော့ Asphalt 9: Legends ရဲ့ Official website ဖြစ်တဲ့ asphaltlegends.com ကနေတဆင့်သွားရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ Pre-register ကြိုလုပ်ထားပြီဆိုရင်တော့ ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း Extra Bonus တွေရရှိမှာဖြစ်ပြီး ဂိမ်းထွက်ရှိတဲ့အချိန်ကျရင်လည်း အသိပေးစာရရှိမှာပါ။

 

Extra Bonus ပေးမယ့်အချိန်ကို ၄ ပတ်လို့ သတ်မှတ်ထားတာကြောင့် ဂိမ်းထွက်ရှိမယ့်အချိန်က သြဂုဏ်လဆန်းပိုင်းလောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထားလို့ရမှာဖြစ်ပါတယ်။ 😎) ပထမအပတ် Bonus က Coin တွေဆိုပေမယ့် လာမယ့်အပတ်တွေရဲ့ Bonus အနေအထားက အပြောင်းအလဲတော့ အနည်းငယ်ရှိနိုင်ပါတယ်။ ရရှိလာတဲ့ Extra Bonus တွေကို ဂိမ်းထဲရောက်တဲ့ အခါ ပြိုင်ကားအသစ်တွေကို unlock လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ရှိပြီးသားကားကို Modified လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် အသုံးချသွားနိုင်မှာဖြစ်ပါတယ်။ ဂိမ်းစစဆော့ချင်းမှာပဲ ကိုယ့်ရဲ့ပြိုင်ကားကြီးကသူများတွေထက် Fine နေမှာနော်.. အယ်လယ် 😆)

Bonus ကိုအချိန်နဲ့ သတ်မှတ်ပြီးပေးနေတာကြောင့် Bonus ပိုပြီးများများရယူချင်ရင်တော့ Pre-register ကိုအစောဆုံးလုပ်ထားမှဖြစ်မှာပါနော်…

 

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password