ကလေးဘဝက အိပ်မက်တွေဆီ ပြန်ခေါ်ဆောင်သွားမယ့် Power Rangers Legacy Wars

ငယ်ငယ်က ပါဝါရိန်းဂျားတွေ လူဆိုးတွေကို တိုက်ခိုက်တဲ့အခါမှာ အားမလို အားမရဖြစ်ခဲ့ကြတယ်မလား။ အခု အဲ့လိုဖြစ်စရာမလိုတော့အောင် ကိုယ် ကိုယ်တိုင် ပါဝါရိန်းဂျားနေရာမှာ စိတ်ကြိုက်တိုက်ခိုက်လို့ရမယ့် Power Rangers Legacy Wars ဆိုတဲ့ Free Mobile Game လေးနဲ့ Playon ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။

ဂိမ်းထဲမှာတော့ ကမ္ဘာအရပ်ရပ်က ထွက်ခဲ့တဲ့ ဇာတ်ကားထဲက ပါဝါရိန်းဂျားနဲ့ လူဆိုးအစုံပါမှာဖြစ်ပြီးတော့ ဂိမ်းရဲ့လုပ်ဆောင်မှုကို ရိုးရိုးရှင်းရှင်းလေးပဲဖော်ပြထားတာဖြစ်ပါတယ်။ ဂိမ်းရဲ့ ပထမပိုင်းမှာ Training ပေးမှာဖြစ်ပြီး Graphic လဲ ကောင်းတဲ့အတွက် ကစားတဲ့သူကို စိတ်ကျေနပ်မှု အစွမ်းကုန်ပေးနိုင်တဲ့ဂိမ်းတစ်ခုအဖြစ် 2017 မှာ စာရင်းဝင်ထားပါတယ်။ Network ဂိမ်းဆိုပေမယ့် Gems တွေကို ဝယ်ခိုင်းမှာမဟုတ်သလို Gold , Power Crystal , Morph Boxes တွေက ပါဝါရိန်းဂျားအသစ်တစ်ကောင် ရဖို့နဲ့ သူတို့ level တွေ မြှင့်ဖို့ Battle တစ်ပွဲ ပြီးတိုင်းမှာ Free ပေးမှာဖြစ်ပါတယ်။ ကိုယ် ကိုင်ချင်တဲ့ Leader ကို ရွေးချယ်နိုင်ပြီး Assist နှစ်ယောက်ကို ကူဖို့ တွဲထည့်ပေးထားတာဖြစ်ပါတယ်။ Leader ဟာ တိုက်ခိုက်မှု ပုံစံ သုံးမျိုးပါပြီး Balanced, Attacker နဲ့ Defender တို့ဖြစ်ပါတယ်။ တဖက်က တိုက်ခိုက်မှုအတွက် Forward နဲ့ Back ကိုသုံးရင်း Shield ကာလိုက် ပြန် Fight လိုက် အကူခေါ်လိုက်လုပ်ပြီး စိတ်လှုပ်ရှားဖွယ်ရာတွေ ပွဲတွေကို အနိုင်ရဖို့ ကြိုးစားရမယ့် ဂိမ်းဖြစ်ပါတယ်။

ရန်သူနဲ့ ကိုယ့်ရဲ့ အနိုင်အရှုံးကို Blood Bar က ဆုံးဖြတ်ပေးမှာဖြစ်ပြီးတော့ အနိင်ရဖို့အတွက်ဆို တဖက်ရန်သူကို သွေးများများလျော့စေနိုင်မယ့် Fight Type ကိုရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။ Level တက်လာတဲ့အမျှ အခန်းတွေပြောင်းလဲသွားမှာဖြစ်သလို Leader အသစ်တွေ Assist အသစ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ဖျော်ဖြေမှုပုံစံအသစ်နဲ့ ထွက်ရှိထားတဲ့ Power Rangers Legacy Wars ဟာ သူ့ရဲ့ Version အသစ်တိုင်းအတွက် Download ရယူခိုင်းမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ တိုက်ခိုက်မှုပုံစံတွေကို တိုးချဲ့သွားမှာဖြစ်လို့ Playon ပရိသတ်ကြီးအနေနဲ့ အမြန်ဆုံး Download ရယူပြီး ကစားသင့်တယ်နော်။

တကယ်လို့ 61.8 MB ပဲရှိတဲ့ Power Rangers Legacy Wars ကို ကစားမယ်ဆိုရင် https://apkpure.com/p/com.nway.powerrangerslegacywars ဆိုတဲ့ Link မှတဆင့် Download ရယူနိုင်မှာပဲဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password