Reviews

သတ္တဝါလေးမွေးပြီးထိန်းကျောင်းရတာ ဝါသနာပါတဲ့ Mobile Player များအတွက် POU!

သတ္တဝါလို့ပြောတာထက် ဂြိုဟ်သားပေါက်စလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ ဂြိုဟ်သားတွေတော်တော်များများက ချစ်ဖို့မကောင်းပါဘူး။ဒါပေမဲ့ ဒီဂြိုဟ်သားလေးကတော့ မျက်လုံးပြူးပြူးနဲ့ ချစ်စရာကောင်းလှပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေ မွေးချင်ပေမယ့် အခက်အခဲအချို့ကြောင့် မမွေးဖြစ်တဲ့ Mobile Player တွေအတွက်တော့ အံကိုက်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းထဲက POU ဆိုတဲ့ ဂြိုဟ်သားပေါက်စလေးကို မိတ်ဆွေကအိမ်မွေးတိရစ္ဆာန် တွေကိုစောင့်ရှောက်သလိုစောင့်ရှောက်ရမှာမို့လို့ပါ။

POU က In-Game ထဲမှာရှိနေပေမဲ့ သက်ရှိတွေလိုပါပဲ။ စားမယ်၊ အိပ်မယ်၊ ဆော့မယ်၊ အီအီးပါမယ် စတာတွေအကုန်လုပ်ပါတယ်။ ဒါ့အပြင်ရေမချိုးဘဲနေရင်တောင်ညစ်ပတ်သေးတယ်ဗျ။ သက်ရှိတွေနဲ့မတူတာဆိုလို့ မသေတာ ပဲရှိတာပါ။ မသေပေမဲ့ ဖျားနာတတ်တာကြောင့် သေချာဂရုစိုက်ရမှာပါ။ POU က ပေါက်စလေးဖြစ်တာကြောင့် အဲ့ဒါတွေအကုန်လုံးကို မိတ်ဆွေကတာဝန်ယူလုပ်ဆောင်ပေးရမှာပါ။

POU ကပေါက်စဖြစ်တယ်ဆိုတာဂိမ်းစစချင်းမှာပါ။ နောက်ပိုင်းမိတ်ဆွေရဲ့ အစာကျွေးမှု၊ ဂရုစိုက်နိုင်မှု အပေါ်မှာမှုတည်ပြီးကြီးပြင်းလာမှာဖြစ်ပါတယ်။ အဲ့လိုကြီးလာတဲ့အချိန် ဘာပြန်ရမလဲဆိုတော့ ပီတိပြန်ရမှာပါ။ POU ကြီးလာလည်း ပြုစုစောင့်ရှောက်ရမယ့် မိတ်ဆွေရဲ့တာဝန်ကတော့ ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ ပေါက်စတုန်းကလိုပဲ ဆက်ပြီးစောင့်ရှောက်နေရဦးမှာပါ။ အဲ့ဒါကြောင့် ဒီဂိမ်းကို Endless ဂိမ်းလို့ပြောရင်လည်းမမှားပါဘူး။

ဒီဂိမ်းမှာ POU ကဗိုက်ဆာရင်မိတ်ဆွေကအစာကျွေး၊ POU ပျင်းပြီဆိုရင်မိတ်ဆွေက ဘောလုံးလေးနဲ့ကစားပေး၊ POU ညစ်ပတ်နေပြီဆိုရင် မိတ်ဆွေက POU ကိုသန့်ရှင်းပေး၊ POU အိပ်ချင်ရင် မီးပိတ်ပြီးသိပ်ပေး စတာတွေကိုလိုက်လုပ်ပေးနေရမှာပါ။ အကယ်၍ POU ဖျားရင်တော့ မိတ်ဆွေက ဆေးတိုက်ပေးရဦးမှာပဲဖြစ်ပါတယ်။ မိတ်ဆွေက POU ကိုပဲလုပ်ပေးနေရတာပျင်းလာပြီဆိုရင် In-Game ထဲက Mini Game တွေကို လည်းဆော့ကစားနိုင်ပါတယ်။ Mini ဂိမ်းအမျိုးအစားက 6 ခုအထက်မှာရှိတာကြောင့် အားတဲ့အချိန်မှာ အပျင်းပြေကစားနိုင်ပါတယ်။ ဒါ့အပြင် POU နဲ့အတူအပြင်ထွက်ပြီးဘောလုံးလည်းကန်နိုင်ပါသေးတယ်။ POU က Goal စောင့်ပြီးမိတ်ဆွေက ကန်ရမှာပါ။

ဂိမ်းစစချင်းမှာ POU ကဘာအင်္ကျီမှဝတ်ထားမှာမဟုတ်ပါဘူး။ အင်္ကျီတစ်ခုခုဝတ်စေချင်တယ်ဆိုရင်တော့ Customize လုပ်ပေးထားတဲ့ အင်္ကျီတွေထဲကကြိုက်ရာတစ်ခုကို In-game ပိုက်ဆံနဲ့ဝယ်နိုင်ပါတယ်။ အင်္ကျီတွေက အရောင်စုံပြီး Design စုံရှိနေမှာပါ။ POU ကိုမိတ်ဆွေစိတ်ကြိုက် Design နဲ့ထားနိုင်ပါတယ်။ အင်္ကျီအပြင် ဦးထုပ်၊ မျက်မှန်တို့လည်း Design စုံရှိပါသေးတယ်။ အဲ့ဒါတွေကိုလည်းမိတ်ဆွေကြိုက်နှစ်သက်ရာ ဝယ်ပြီး POU ကိုဆင်ယင်နိုင်ပါပြီ။ Option တွေအများကြီးရှိတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ မွေးမြူနိုင်ပြီး ဆော့လို့ကောင်းတဲ့ Mini Game တွေအများအပြားပါဝင်တဲ့ ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=me.pou.app

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: