ပေါ့ပေါ့ပါးပါးနဲ့ RPGဂိမ်းအရသာအပြည့်ရစေမယ့် POSTKNIGHT

ကိုယ်က RPG ဂိမ်း ချစ်သူဖြစ်ပေမယ့် ဖုန်းထဲမှာ ကြီးကြီးမားမားဂိမ်းတွေလည်း ထည့်မဆော့ချင်ဘူး ဆိုတဲ့သူတွေအတွက် Postknight ဆိုတဲ့ RPG ဂိမ်း အသေးစားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဘာကြောင့် RPG အသေးစားလို့ခေါ်တာလဲ။ Postknight ဟာ RPG ဂိမ်းတစ်ခုရဲ့ အဓိကအင်္ဂါရပ်တွေ နဲ့ ပေါ့ပေါ့ပါးပါးနဲ့ လမ်းသွားရင်းဆော့မယ် ဆိုတဲ့ mobile gaming ရဲ့ သဘောတရားတို့ကို ပေါင်းစပ်ရာကနေ မွေးဖွားလာတဲ့ ဂိမ်းတစ်ခုလို့ပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ရအောင် ကျယ်ပြန့်လွန်းတဲ့ မြေပုံတွေ၊ ခက်ခဲတဲ့ mission တွေနဲ့ ရှုပ်ထွေးတဲ့ တိုက်ပွဲစနစ် တွေကို Postknight ကနေ ဖယ်ထုတ်ထားပါတယ်။ အဲဒီတော့ Postknight ကို ဘာမှ ထွေထွေထူးထူး အာရုံစိုက်စရာမလိုဘဲလမ်းလျှောက်ရင်းနဲ့ပါ ဆော့ကစားနိုင်ပါတယ်။

                      

ဒီဂိမ်းထဲမှာ ကစားသူဟာ Postknight လို့ခေါ်တဲ့ သူရဲကောင်းတစ်ယောက် နေရာကနေ ကစားရမှာပါ။ သူ့ရဲ့ တာဝန်ကတော့ ရွာသူရွာသားတွေအတွက် ပစ္စည်းပို့ဆောင်မှုတွေကို လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးလမ်းတွေတစ်လျှောက်မှာတော့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေမှာပါ။ တိုက်ပွဲထဲရောက်တာနဲ့ Postknight ဟာ အလိုအလျှောက် လမ်းလျှောက်ပြီး လမ်းမှာ တွေ့သမျှ ရန်သူတွေကို တိုက်ခိုက်သွားမှာပါ။ အလိုအလျှောက် တိုက်ခိုက်တာပဲ ဆိုပြီး ဒီအတိုင်း ပစ်ထားလို့လည်း မရပါဘူး။ သူ့မှာ ability ၃ မျိုး ရှိပြီး ကစားသူတွေက လိုအပ်သလို အသုံးပြုပေးမှသာ တိုက်ပွဲကို အောင်နိုင်မှာပါ။ အဲဒီ ability တွေကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ cooldown ပြန်ပြည့်တိုင်း အသုံးပြုနိုင်ခြင်းကတော့ ကစားသူတွေအကြိုက် တွေ့စရာပဲ ဖြစ်ပါတယ်။

                     

Energy စံနစ်ပါဝင်ပေမယ့် အြခားသော mobile ဂိမ်းအများစုလို ဆိုးဆိုးရွားရွား မဟုတ်ပါဘူး။ Postknight ရဲ့ သွေးဟာ ဒီဂိမ်းရဲ့ energy ပါ။ သွေးမလောက်ရင် တိုက်ပွဲဝင်လို့ မရပါဘူး။ ဒါပေမယ့် သွေးပြန်တက်တဲ့နှုန်းက အလွန်မြန်တဲ့အတွက် တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်နေလို့တောင် ရပါတယ်။ ဒါ့အပြင် Postknight သွေးပြန်ပြည့်တာကို စောင့်ရချိန်အတွင်းမှာ ရွာသူလေးတွေကို လက်ဆောင်တွေပေးပြီး ပိုးပန်းလို့ ရပါသေးတယ်။ နောက်တစ်ချက် သဘောကျဖို့ကောင်းတာက အလွန်တိုတောင်းလှတဲ့ တိုက်ပွဲ ကြာချိန်ပဲဖြစ်ပါတယ်။ တိုက်ပွဲတစ်ခုကို ၁၀-၂၀ စက္ကန့်လောက်ပဲ ကြာတဲ့အတွက် အကြာကြီး အာရုံစိုက်ထားစရာလည်း မလိုအပ်ပါဘူး။ RPG ရဲ့ အနှစ်သာရဖြစ်တဲ့ ability ကို အဆင်မြှင့်တင်ခြင်း နဲ့ ကိုယ့်ရဲ့ ချပ်ဝတ်တန်ဆာတွေကို အဆင့်မြှင့်တင်ခြင်းတွေလည်း ပါဝင်သေးတဲ့အတွက် RPG ဂိမ်းကြီးတစ်ခု ဆော့နေရသလို ခံစားရမှာပါ။

Energy ပြည့်နေတုန်း မဆော့လိုက်ရလို့ ကိုယ့်အကောင်တော့ ကြမ်းသင့်သလောက် မကြမ်းတော့ပါဘူး ဆိုပြီး စိတ်ညစ်နေစရာလည်း မလိုပါဘူး။ မိမိ စိတ်ပါတဲ့အချိန် ဖုန်းထုတ်ပြီး ကစားလိုက်ရုံပါပဲ။ အချိန်မရွေး နေရာမရွေး ဆော့ကစားနိုင်ခြင်းက Postknight ရဲ့ အားသာချက်ဖြစ်ပြီး အပြင်မှာရောက်နေတုန်း၊ ဘတ်စ်စီးနေတုန်း RPG ဂိမ်းတစ်ခုခုနဲ့ ခဏတာ အချိန်ဖြုန်းချင်သူတွေအတွက် အင်မတန်မှ သင့်တော်တဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ စာဖတ်သူတို့ မသိလိုက် မရှိရလေအောင် လက်တို့ အသိပေးလိုက်ရပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ Apple Store နဲ့ Google Play Store တို့ကနေ အခမဲ့ ရယူ ဆော့ကစားနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Image Source:

http://androidapkdata.net/postknight-android-apk-v1-0-10-mod-mega/

https://itunes.apple.com/us/app/postknight/id1093714835?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password