ArticleNewsReviews

Portrait mode နဲ့ ကစားနိုင်မယ့် သွေးစုပ်ဖုတ်ကောင်ဂိမ်း Immortal Rogue

Playon က ဘော်ဒါတို့ကို ခုတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးကတော့ Immortal Rogue ပဲဖြစ်ပါတယ်။ ဒီဂိမ်းလေးက portrait (ပန်းချီ) ရုပ်ထွက်နဲ့ ကစားရမယ့်ဂိမ်းလေးပါ။ သူ့ကို ဘက်စ်ကားပေါ်မှာ မီးပွိုင့်မိနေတုန်း ကစားရင်ပဲဖြစ်ဖြစ် ကျောင်းမှာ အတန်းတစ်ချိန်နဲ့ တစ်ချိန် အကူးအပြောင်းမှာပဲဖြစ်ဖြစ် ကစားလို့တကယ့်ကို အဆင်ပြေမှာပါ။ ဂိမ်းအကြောင်းလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Immortal Rogue ထဲမှာ သင်က သွေးစုပ်ဖုတ်ကောင်နေရာက ကစားရမှာပါ။ သွေးစုတ်ဖုတ်ကောင်ဆိုတော့ သွေးတွေလိုက်စုတ်ရမယ်လို့ ထင်သွားကြတယ်မဟုတ်လား။ ဟုတ်ပါတယ် သွေးတွေလိုက်စုတ်ရမှာပါ။ Player က အချိန်အကြာကြီးနေမှ နိုးထလာခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကြီး တစ်ကောင်ဖြစ်ပြီး ဘယ်သူ့ကို အမဲလိုက်ရမလဲဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။
Trailer လေးကို ကြည့်ဖို့ မမေ့နဲ့ဦးနော်။


mmortal Rogue က အခုအချိန်မှာ beta အနေနဲ့ထွက်ရှိနေပါပြီ။ သူ့ထဲမှာ သင် အမဲလိုက်ရမယ့် ဇာတ်ကောင်ပေါင်း ရာနဲ့ချီပြီးပါပါတယ်။ ကစားတဲ့အချိန်တိုင်းမှာ story က ပြောင်းလဲနေမှာပါ။ လူတွေကို စားရသောက်ရတာ ငြီးငွေ့လာရင် ခဏနားပြီး တိုက်ဖို့ခိုက်ဖို့ ရန်သူ ၇၀ ပါပါတယ်။ သူတို့က အလှည့်ကျ ကျပန်းပေါ်ထွက်လာမှာပါ။ အဲ့တာတင်မကသေးပါဘူး။ Unlock လုပ်ရမယ့် သွေးစုပ်ဖုတ်ကောင်ဂိမ်းစွမ်းအင် ၃၀ကျော်နဲ့ လက်နက်တွေလည်း ပါရှိပါသေးတယ်။ အကယ်၍ သင်က စိတ်ဝင်စားလို့ ဒီဂိမ်းလေးကို စမ်းကစားချင်ရင် beta ထွက်နေပါပြီ။ Beta ဆိုတဲ့အတွက်ကြောင့် bug တွေကိုတော့ မျှော်လင့်ထားပါနော်။ Beta အတွက် download လုပ်ဖို့ အောက်မှာ link လေး ပေးထားပါတယ်နော်။ဈေးနှုန်းကတော့ မြန်မာငွေ ၈၀၀၀ ကျပ်ဖြစ်ပါတယ်။ သူ့ကို App Store ပေါ်မှာတော့ ရှာမတွေ့သေးပါဘူး။ Google Play ပေါ်မှာပဲတွေ့ပါသေးတယ်။

Beta link – Android 

Ref:  – www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password