Minecraft နဲ့ပုံစံတူဂိမ်းလေးတစ်ခုဖြစ်တဲ့ Portal Knights ထွက်ရှိပြီ

Play store နဲ့ App store ပေါ်ကို လွန်ခဲ့တဲ့နာရီအနည်းငယ်လောက်ကမှရောက်ရှိထားတဲ့ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် Newest Game တစ်ခုဖြစ်ပါတယ်။ Portal Knights ဟာ တခြား Platform (PC, PS4, XBOX ONE, SWITCH) မှာထွက်ရှိခဲ့ပြီးဖြစ်ပေမယ့် Mobile Platform ကိုတော့ လွန်ခဲ့တဲ့နာရီအနည်းအငယ်လောက်ကမှ ခြေလှမ်းစဝင်လာတာပဲဖြစ်ပါတယ်။

First person point of view ကရော၊ Third person point of view နေရာကပါဆော့ကစားရမှာပါ။ Minecraft လိုပဲနေရာအနှံ့ကိုသွားလာနေရမှာဖြစ်ပြီး လမ်းမှာတွေ့တဲ့ resource တွေကိုလည်းလိုက်ပြီးစုဆောင်းနေရမှာဖြစ်ပါတယ်။ Resource တွေကတော့ မိမိရဲ့အဆောက်အဉီးကို တည်ဆောက်တဲ့နေရာမှာအသုံးချဖို့ပဲဖြစ်ပါတယ်။

RPG ဆန်ဆန် Hero Character တွေနေရာက ဆော့ကစားရမှာဖြစ်ပါတယ်။ Hero တွေအနေနဲ့ကတော့ Warrior, Mage, Ranger ဆိုပြီးအမျိုးအစားတွေခွဲခြားထားတာကိုတွေ့ရမှာပါ။ သွားရာလမ်းတစ်လျှောက်မှာရန်သူတွေ နဲ့ ဖိုက်ရမှာဖြစ်ပါတယ်။ ရန်သူတွေထဲမှာ Boss ဖြစ်တဲ့အကြီးဆုံး သားရိုင်းကောင်ကြီးတွေကိုလည်းတွေ့ရမှာပါ။ ဒါ့အပြင် မိတ်ဆွေတစ်ယောက်တည်းဖြစ်နေတဲ့ အချိန်မှာ သူငယ်ချင်းတွေနဲ့အတူ Multiplayer ဆော့ကစားနိုင်ဉီးမှာဖြစ်ပါတယ်။ Multiplayer က Player ၄ ဉီးအထိကစားနိုင်မှာဖြစ်ပြီး တူညီတဲ့ Wifi Host တစ်ခုမှာသာချိတ်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။

Free to play တော့မဟုတ်ဘူးဗျ။ Play store ပေါ်က 8,051 Ks နဲ့ Download ရယူနိုင်မှာဖြစ်ပြီး App store ပေါ်ကတော့ USD 4.99 နဲ့ Download ရယူနိုင်မှာဖြစ်ပါတယ်။

 

 

 

 

Source : Droidgamers 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password