News

Android နဲ့ iOS အတွက် ထွက်ရှိနေပြီဖြစ်တဲ့ Pokemon Quest

Nintendo ရဲ့ ဂိမ်းတော်တော်များများက မိုလ်ဘိုင်းပေါ်ကိုရောက်ခဲ့ပါတယ်။ ရောက်ပြီဆိုရင်လည်း တကယ့်ကို ပေါက်သွားကြတာများပါတယ်။ အခုနောက်ပိုင်းမှာ အခြား gaming platform တွေဖြစ်တဲ့ PC/Console ဂိမ်းတွေ မိုလ်ဘိုင်း platform မှာနာမည်ရ လာတဲ့အတွက် Nintendo ကလည်း သူ့ရဲ့ ဂိမ်းလေးတွေကို မိုလ်ဘိုင်းဆီ စတင် ဖြန့်လာတာတွေ့ရပါတယ်။ အခု Pokémon Quest ကလည်း Nintendo ရဲ့ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Pokémon Quest က ပြီးခဲ့တဲ့ မေလကမှ ကြေညာခဲ့တဲ့ ဂိမ်းဖြစ်ပြီး သူကြေညာထားတုန်းက အတိုင်း အခုလို ဇွန်လမှာထွက်ရှိလာတာဖြစ်ပါတယ်။ Pokemon Quest ကိုတော့ Nintendo Switch , Android နဲ့ iOS အစရှိတဲ့ Platform တွေပေါ်မှာကစားနိုင်ပါတယ်။

ဒီလို ဂိမ်းမျိုးတွေက ကြည့်တာနဲ့ ဘယ်လိုကစားရမလဲဆိုတာကို သိပ်ပြီးရှည်ရှည်ဝေဝေး ပြောပေးဖို့ မလိုဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ပုံစံ ဖြစ်နေလို့ပါ။ ဒါပေမယ့် သူ့ရဲ့ ပုံစံလေးမှာ ထူးခြားချက် (၂)ခုရှိပါတယ်။ အဲ့တာကြောင့် မကစားခင်လေး Sample အနေနဲ့ သိရအောင် သူတို့အကြောင်းကို နည်းနည်းပြောပေးမယ်နော်။

ပထမဦးဆုံး သင့်ကို အမြင်ဆန်းစေမယ့် ထူးခြားချက်က ကုဗတုံး ပုံစံလေးတွေဖြစ်နေတာပါ။ သင်အရမ်းချစ်ရတဲ့ Pokémon ကို ကုဗတုံးလိုမြင်ရမယ်ဆိုတော့ မကစားခင်မှာ အတွေး အမျိုးမျိုး တော့ဖြစ်ကြမှာပေါ့နော့်။ ရုပ်ဆိုးဆိုးကြီးတွေများဖြစ်သွားမလား။ ကြည့်ရတာပေါ့သွားမလား စသည့်ဖြင့်ပေါ့နော်။ အဲ့ဒီအချက်ကို စိတ်ပူနေတယ်ဆိုရင်တော့ ဝမ်းသာလိုက်ပါတော့။ ဘာကြောင့်လဲဆိုတော့ Pokémon လေးတွေက ပုံထဲမှာမြင်ရတဲ့ပုံစံနဲ့ လုံးဝကိုတခြားစီပါပဲ။ ပိုပြီးတောင်ချစ်ဖို့ကောင်းလာပါသေးတယ်တယ်။ သူတို့ကို ဂိမ်းထဲမှာ ဝတုတ်လုံးလုံးလေးတွေနဲ့ တီတီတာတာ ပြောတတ်တဲ့ အကောင် ပိစိ လေးတွေအဖြစ်တွေ့ရမှာပါ။ Pokémon fan တွေ ကြိုက်မယ်ပုံစံလေးဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ အဲ့ဒီလို အမြင်ဆန်းစေမယ့် ပုံစံနဲ့ play ရမယ့်အချက်က ပထမထူးခြားချက်ပါ။

ဒုတိယ ထူးခြားချက်ကတော့ RPG ဂိမ်းဖြစ်ပေမယ့် မြင်ဖူးတွေ့ဖူးနေကြ traditional RPG game တွေနဲ့ ကွဲထွက်နေတဲ့ အချက်ပါ။ ဂိမ်းထဲမှာ သိပ်ပြီး အကြမ်းအရမ်းကြီး တိုက်ခိုက် ဖို့မလိုပါဘူး။ နုနုရွရွလေး Play ရမှာပါ။ ဂိမ်းထဲမှာ တွေ့ရမယ့် Pokémon တစ်ကောင်ချင်းစီမှာ ပြိုင်ဆိုင်မှုကင်းတဲ့ တိုက်ခိုက်နိုင်စွမ်းရည်နဲ့ HP stat တွေရှိပါတယ်။ ဒါပေမယ့် Pokémon အမျိုးအစားကိုလိုက်ပြီး တစ်ကောင်ချင်းစီမှာ အားနည်းချက် အားသာချက်ဆိုတာရှိပါတယ်။ ဥပမာပြောရရင် Rock type အမျိုးအစား Pokémon တွေက ပျံတာတို့ steel အမျိုးအစားအကောင်တွေနဲ့ ဖိုက်တာတို့မှာအားနည်းပါတယ်။ ကိုယ်နဲ့တိုက်မယ့် Pokémon ရဲ့ ability နဲ့ ကိုယ့်ကောင်ရဲ့ ability နဲ့ကို နှိုင်းယှဉ်ပြီး တိုက်မှ အနိုင်ရမယ့်သဘောဖြစ်ပါတယ်။ အဲ့ဒီအချက်က ဂိမ်းတစ်ခုလုံးရဲ့ အဓိကသော့ချက်ပဲဖြစ်ပါတယ်။

ဂိမ်းကို စတင်ကစားတော့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ Pokémon ကောင်လေးအတွက် အကြိုက်ဆုံး နာမည်တစ်ခုပေးရပါမယ်။ နာမည်ရွေးချယ်ပေးပြီရင်လည်း သူ့အတွက်သူငယ်ချင်း ရှာပေးဖို့လိုပါသေးတယ်။ အဲ့တာကြောင့် ဂိမ်းက စုပေးထားတဲ့ Pokémon အကောင်းလေး တစ်အုပ်ထဲကနေ သူ့အတွက် သူငယ်ချင်း ဖြစ်ခိုင်းစေချင်တဲ့ အကောင်လေးတွေကို ရွေးချယ်ပေးရပါမယ်။ သူငယ်ချင်းဖြစ်မယ့် Pokémon လေးတွေကို တစ်ကောင်ချင်း လိုက်နှိပ်ကြည့်ပြီး သူ့တို့ရဲ့ အားသာချက်လေးတွေကို ကြည့်လို့ရပါတယ်နော်။ ကိုယ့်ရဲ့ Pokémon ကောင်လေးအတွက် သူငယ်ချင်းကိုသေချာရွေးချယ်ပေးဖို့လိုပါတယ်။ ဂိမ်းထဲမှာပါတဲ့လုပ်ဆောင်ချက်တွေနဲ့ ကစားရမယ့်ပုံစံ အားလုံးက လုံးဝကို အလွယ်ကလေးတွေပါ။ တစ်ဆင့်ချင်း အေးအေးဆေးဆေး လုပ်သွားပေးဖို့ပဲလိုပါတယ်။

Graphic design နဲ့ အသံပိုင်းကလဲ Pokémon fan တွေအတွက် လုံးဝကို ကွက်တိပါပဲ။ အဲ့တာကြောင့် Playon က “we love Pokémon” ဘောဘော်တို့ရေ စိတ်ဝင်စားရင် ခုပဲ ပြေး download လုပ်လိုက်တော့နာ်။ Download လုပ်ယူခကတော့ အခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာ ငွေပေးပြီးဝယ်ယူရမယ့် app purchase တွေ ပါဝင်တာကြောင့် မဝယ်ယူခင် ကိုယ့်ရဲ့ အုပ်ထိန်းသူ ခွင့်ပြုချက်ကိုတောင်းဖို့ ဂိမ်းအစပိုင်းမှာပြောထားပါတယ်။

Download link – Android/ IOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: