News

Switch, iOS နဲ့ Android တို့ပေါ်မှာ download လုပ်သူ ၇. ၅ သန်းရှိသွားပြီဖြစ်တဲ့ Pokemon Quest

Pokemon ကုမ္ပဏီရဲ့ ကြေညာချက်အရ Pokemon Quest ကိုဒေါင်းလုတ်လုပ်သူ အကြိမ်အရေအတွက် ၇.၅ သန်း ရှိသွားပြီလို့သိရပါတယ်။ သူ့ ကို မေလမှာ Nintendo Switch ပေါ်မှာ စတင်ကစားလို့ရခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့မှာ Android နဲ့ iOS platform ၂ ခု မှာစတင် ကစားလို့ရခဲ့တာဖြစ်ပါတယ်။ မကြာမီက ထွက်ရှိလာခဲ့တဲ့ အချက်အလက်တွေအရ Pokemon Quest က App Store နဲ့ Google Play Store မှာ ပထမအပတ် အတောအတွင်းမှာတင် ဝင်ငွေ ၃ သန်းကျော် ရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီထဲမှာမှ iOS platform က ရရှိငွေက စုစုပေါင်းပမာဏရဲ့ တစ်ဝက်ရှိပါတယ်။ ဂျပန်နိုင်ငံ Store တွေက စုစုပေါင်း ဝင်ငွေရဲ့ ၃၁ ရာခိုင်နှုန်း၊ US နဲ့ တောင်ကိုရီးယားမှ ၂၅ ရာခိုင်နှုန်း နဲ့ ၁၂ ရာခိုင်နှုန်း စီ အသီသီး ရှိကြတယ်လို့ဖော်ပြထားပါတယ်။

Pokemon Quest ထဲမှာ မူရင်း Pokemon ဂိမ်းက pokemon ဇာတ်ကောင်တွေကို ကုဗတုံးပုံစံမြင်တွေ့ရမှာပါ။ တိုက်ပွဲတွေကတော့ အခြား မိုလ်ဘိုင်း RPG တွေလိုပဲ Phone ရဲ့ Screen ကို ဖိပြီး စွမ်းအင်တွေကို Swap လုပ်ရင်းနဲ့ ပဲတိုက်သွားရမှာပါ။ အခမဲ့ install လုပ်ယူနိုင်ပြီး ဂိမ်းထဲမှာပါတဲ့ app-purchases တွေကို ၂.၉၉ ဒေါ်လာကနေ ၂၉.၉၉ ဒေါ်လာအထိ ပေးပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ငွေပေးဝယ်ယူနိုင်မယ့် item တွေထဲမှာ စွမ်းအင်ကျောက်တုံးတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ သူတို့ကို တစ်ဖက်ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်တဲ့အခါ ပျက်စီးမှု ပိုများအောင် နဲ့ Pokémon တွေရဲ့ စွမ်းအား ပြန်ပြည့်လာအောင် ပြုလုပ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

Pokemon Quest က Pokemon Go ဂိမ်းကို ပြည့်စုံတဲ့ AI-power စနစ်နဲ့ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ သက်တမ်း ၂နှစ်ခန့်ရှိနေပြီဖြစ်တဲ့ Pokemon Go ကတော့ နေ့စဉ်နေ့တိုင်း ဝင်ငွေ ဒေါ်လာ၂ သန်းရရှိနေဆဲ လို့သိရပါတယ်။ Quest နဲ့ Go ကွာခြားတဲ့ အချက်တွေထဲက တစ်ခုကတော့ Pokemon Go ရဲ့ ဝင်ငွေ ၅၈ ရာခိုင်နှုန်းက Android အသုံး ပြုသူတွေထံမှ ရရှိတာပဲဖြစ်ပါတယ်။ Quest ကို RAM 2GB နှင့်အထက်ရှိတဲ့ Phone/Tablet တွေ နဲ့ Android 4.4 နှင့်အထက်ရှိတဲ့ ဖုန်းတွေမှာပဲ ကစားလို့ရမှာဖြစ်ပါတယ်။ Apple iPhone / iPad ပိုင်ရှင်တွေအတွက်တော့ iOS 9.0 နှင့် အထက်ရှိမှ ကစားနိုင်မယ်လို့သိရပါတယ်။ Pokemon Quest က Offline ကစားနိုင်တဲ့ ဂိမ်းဖြစ်တာကြောင့် အချိန်တိုင်းနေရာတိုင်းမှာ ဆော့ကစားနိုင်ပါတယ်။

Pokemon Quest အခုလို မထင်ထားတဲ့ နှုန်းထားနဲ့ download အရေအတွက်များနေရတာက အခြားဖြစ်နိုင်ချေအားလုံးထက်စာရင် budget ဂိမ်းဖြစ်နေတာကြောင့်လို့ပိုပြီးထင်မိပါတယ်။ အခုနောက်ပိုင်းက Online ဂိမ်းတွေ Purchase ဂိမ်းတွေ ပိုပိုပြီး များလာတာကြောင့် ခုလို budget ဂိမ်းတွေလည်းရှားလာတယ်လေ။ အဲ့တာကြောင့် Playon က ပရိသတ်ကြီးထဲမှာ Offline ဂိမ်း/budget ဂိမ်းတွေကို လိုက်ပြီးရှာနေတယ်ဆိုရင်တော့ Pokemon Quest ကိုရွေးချယ်စေချင်ပါတယ်။ ဒါပေမယ့် Gameplay ပုံစံနဲ့ Graphic ပိုင်းကနည်းနည်း ကလေးဆန်တာကြောင့် မကြိုက်တဲ့သူတွေလည်းရှိကြမှာပါ။ အဲ့တာကြောင့် Childish type ကို မကြိုက်တဲ့သူတွေအတွက်တော့ Pokemon Quest က အလန်းစားဂိမ်းတစ်ခုဖြစ်နေမှာတော့မဟုတ်ပါဘူး။ ☺)

 

Via

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password