News

ဇွန်လနှောင်းပိုင်းမှာ Android နဲ့ iOS ပေါ်ရောက်လာနိုင်ဖွယ်ရှိတဲ့ Pokemon Quest

Fortnite fan တွေလည်း မု ၊ PUBG fan တွေလည်း မု ၊ (😜) ဟဲဟဲ! ဒီတစ်ခေါက် သတင်းကတော့ Pokemon fan တွေအတွက်ဖြစ်ပါတယ်။

Nintendo နဲ့ Pokemon Company တို့ပူးပေါင်း ထုတ်လုပ်လိုက်တဲ့ “Pokemon Quest” ကတော့ ဒီနေ့မှာပဲ Surprise အနေနဲ့ Switch ပေါ်ကိုရောက်လာပါပြီ။ Android နဲ့ iOS ပေါ်ကိုတော့ လာမယ့် ဇွန်လမှာ ရောက်ရှိလာမှာပါ။

ဂိမ်းအမျိုး အစားကတော့ Pockemon တွေကို ထိန်းချုပ်ရမယ့် action-RPG ဂိမ်း ဖြစ်ပြီး ဂိမ်းထဲက Pokemon တစ်ကောင်ချင်းစီက သူ့အလိုလို တိုက်ခိုက်ကြမှာပါ။ လုပ်ဆောင်ချက်တွေ အားလုံးမှာ သူ့ Timer နဲ့ သူ ရှိပါတယ်။ ဂိမ်းထဲမှာ Pokemon အသစ်တွေကို အစားအစာတွေချက်ပြုတ်ပြီး အစာနဲ့ ဆွဲဆောင်ဖို့အတွက် ingredients တွေ စုဆောင်းဖို့လိုအပ်ပါတယ်။ Level တစ်ခုအပြည့်ပြီးတိုင်း Pokemon တွေကို upgrade လုပ်ဖို့အတွက် item တွေရရှိမှာဖြစ်ပါတယ်။ ဂိမ်းရဲ့ တည်နေရာက Tumblecube Island မှာဖြစ်ပြီး graphic ဒီဇိုင်း က voxel graphic style ကိုသုံးထားတာပါ။ Pokemon အကောင်လေးတွေက Minecraft ထဲကလို လေးထောင့်လေးတွေဖြစ်သွားတော့ ကြည့်ရတာ တစ်မျိုးလေးဆန်းနေပါတယ်။ ရှုပ်ရှုပ်လေးဖြစ်နေတဲ့ trailer လေးကို ကြည့်လိုက်ကြပါဦး။

လှုပ်ရှားမှုတွေနဲ့ Basic combat တွေမှာ သူ့ဟာသူ အလိုအလျောက် control လုပ်သွားမှာဖြစ်ပေမယ့် Pokemon တွေကို upgrade လုပ်တာတို့ item တွေကို နေရာရွေ့တာတို့ ကိုတော့ player ကိုယ်တိုင် ထိန်းချုပ်ရမှာပါ။

Mobile ဂိမ်းပုံစံနဲ့တူနေတာကို ဘာကြောင့် Switch နဲ့ ရောပြီးထုတ်လိုက်တာလဲ???

အဖြေကတော့ရှင်းပါတယ်။ Switch ဂိမ်းတွေကို control လုပ်တဲ့အခါ joystick နဲ့ button တွေကို အသုံးပြုနိုင်လို့ပါ။ Trailer video အရ Pokemon Quest က Switch အတွက်ရော ၊ မိုလ်ဘိုင်းအတွက်ရော အားလုံးနဲ့ ကစားရတာ အဆင်ပြေတဲ့ဒီဇိုင်းဖန်တီးထားတာပါ။ (ပုံစံကြည့်ရတာတော့ Switch ပေါ်မှာ ကစားရတာ ပိုပြီး အဆင်ပြေ လောက်မယ်ထင်ပါတယ်။)

Pokemon Quest က Switch ပေါ်မှာ အခမဲ့ ကစားနိုင်တဲ့ ဂိမ်းအချို့ထဲက တစ်ခုဖြစ်ပြီး Android, iOS ပေါ်ကိုလည်း free to play ပဲရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အစပိုင်းမှာ အခမဲ့ဖြစ်ပေမယ့် နောက်ပိုင်းမှာ 4.99 ကနေ 7.99 ဒေါ်လာအထိ ငွေပေးပြီး ဝယ်ယူရမယ့် ရှိတဲ့ Quest pack ၃ ခု ရှိလာမယ်လို့ သိရပါတယ်။

Pokemon Company ကထုတ်လုပ်တဲ့ဂိမ်းဖြစ်တာကြောင့် အခြား နာမည်ကြီး pokemon ဂိမ်းတွေလိုပဲ ကစားလို့ကောင်းတဲ့ ဂိမ်း ဖြစ်လာမှာလားဆိုတာ တကယ်ပဲသိချင်မိပါတယ်။ Switch ဂိမ်းစက် ရှိတဲ့သူတွေဆိုရင်တော့ အခုချက်ချင်းပဲ ဒေါင်းလုတ်လုပ်ယူပြီး play လို့ ကောင်းမကောင်း စမ်းကြည့်လို့ရပါပြီ။ မရှိတဲ့သူတွေအတွက်တော့ ဇွန်လ အထိစောင့်ကြတာပေါ့နော်။

 

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: