ArticleNews

Pokemon Go မှာ Level 10 နဲ့ အထက်ရောက်ရင် battle တွေ ဝုန်းလို့ ရပြီတဲ့နော်

Pokémon Go က ချစ်စရာ ဇာတ်ကောင်လေးတွေပါဝင်တဲ့ Cute type ဂိမ်းလေးတစ်ခုပါ။ သူ့ရဲ့ visual နဲ့တင် ကြမ်းကြမ်းရမ်းရမ်း ဂိမ်းတစ်ခုလို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ပါဘူး။ အကယ်၍ သင်က သူငယ်ချင်းတွေကို Pokémon Go က အခြား ဂိမ်းတွေထက် ပိုကြမ်းတယ်ဆိုတာကို သက်သေပြချင်တယ်ဆိုရင်တော့ ဒီတစ်ခေါက် သတင်းက ဝမ်းသာစရာပါ။ ဘာကြောင့်လဲဆိုတော့ Pokémon Go ထဲကိုလည်း အကြမ်းအရမ်းတွေ ရောက်လာတော့မှာ မို့လို့ ဖြစ်ပါတယ်။

Pokémon Go ရဲ့ Developer Niantic က Pokémon Go မထွက်ခင်ကတည်းက ဂိမ်းထဲမှာ Player versus player (PvP) combat ပါဝင်မယ်လို့ သဲလွန်စ ပေးခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ feature ကို ၂၀၁၈ နိုဝင်ဘာလကုန်မှာပဲ အတည်ပြုနိုင်ခဲ့ပါတယ်။

Niantic မှာ ဂိမ်းထဲ ထပ်မံထည့်သွင်းဖို့ Pokémon ဇာတ်ကောင်တွေ အများကြီး ရှိနေပေမယ့် သူ့ရဲ့ အခုတစ်ခေါက် ထည့်သွင်းလိုက်တဲ့ Trainer Battles feature ကတော့ player တိုင်း စောင့်မျှော်နေကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။

Trainer battles ကိုကစားဖို့အတွက် player က အနည်းဆုံး Level 10 ရောက်နေဖို့ လိုပါတယ်။ Battle မှာ player ကအသင်း ၃သင်းရဲ့ ခေါင်းဆောင် (Blanche, Candela, Spark) တို့ထဲက တစ်ကောင်ကို စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။

အခုလို Trainer battles ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲအတွေ့အကြုံတွေကို ဖန်တီးဖို့နဲ့ ရှုပ်ထွေးတဲ့ ဗျူဟာ နည်းစနစ်တွေကို player ကိုယ်တိုင် တီထွင်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ Playon က Pokémon Go ကစားတဲ့ သူတွေရှရင်လည်း level 10 ထိ ရောက်အောက်သွားပြီး Trainer Battles ကို try ကြည့်ကြဖို့ မမေ့ကြနဲ့ဦးနော်။ Pokémon Go ထဲမှာလည်း ကြမ်းလို့ ရနေပါပြီ။ ???)

Ref: bgr

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password