News

၂၀၁၈ အကုန်ပိုင်းလောက်မှာ PvP mode ပါဝင်လာတော့မှာဖြစ်တဲ့ Pokemon Go 

၂၀၁၆ တုန်းက နာမည်အကြီးဆုံး နဲ့ Download ဆွဲသူအများဆုံး စံနှုန်းအထိရောက်ရှိခဲ့တဲ့ Pokemon Go ဂိမ်းဟာတော့ Developer တွေဘက်က ကြီးကြီးမားမား Update လုပ်ပေးတာမျိုးတွေ လအနည်းအငယ်အထိမရှိတော့တာကြောင့် Player တွေအနေနဲ့ နောက်ပိုင်းမှာ PUBG, Fornite တို့လိုမျိုး Mobile Battle Royale ဂိမ်းတွေဘက်ကို ပိုပြီးပါလာကြတာသတိထားမိကြမှာပါ။

အခုတော့ Niantic ဘက်ကလည်း သူဆုံးရှုံးခဲ့တဲ့ Player တွေပြန်ပြီးရောက်ရှိလာဖို့ ဒီနှစ်အကုန်ပိုင်းလောက်မှာ Player Vs Player mode (PvP) ပါဝင်တဲ့ Update ကြီးတစ်ခုကို Pokemon Go မှာထည့်သွင်းပေးတော့မယ်နဲ့တူပါတယ်။ PvP mode ထည့်သွင်းပေးသွားမယ့်အကြောင်းကိုတော့ Niantic ရဲ့ EMEA (European, Middle Eastern and African) region ရဲ့ Marketing Head ဖြစ်တဲ့ Anne Beuttenmuller ရဲ့ မီဒီယာတစ်ခုအပေါ်ပြောကြားချက်အရသိရှိရတာပဲဖြစ်ပါတယ်။

Beuttenmuller ဟာတော့

“ကျွန်မတို့အနေနဲ့ လက်ရှိဂိမ်းမှာပါဝင်လျက်ရှိနေတဲ့ element တွေကို တောက်လျှောက်ကောင်းမွန်အောင်ဆောင်ရွက်နေတာဖြစ်ပြီး ဒီ ၂၀၁၈ အကုန်ပိုင်းလောက်မှာ PvP mode ကိုထည့်သွင်းပေးချင်ပါတယ်။”
Source: Variety

လို့ မီဒီယာတစ်ခုကိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ မကြာခင်အချိန်မှာ Pokemon အကောင်အသစ်ကို ဂိမ်းထဲမှာထည့်သွင်းသွားဖို့ရှိတဲ့အကြောင်းကိုလည်း ထပ်မံပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

အပေါ်ကဖော်ပြခဲ့တဲ့ PvP mode နဲ့ Pokemon အကောင်အသစ် ရောက်ရှိလာမယ့် update မလာခင် ဉီးဆုံးရောက်ရှိလာမယ့် update ကတော့ လွန်ခဲ့တဲ့လအနည်းငယ်ကထည့်သွင်းပေးခဲ့တဲ့ “in-game friendship and trading” features ကို ပြောင်းလဲမှုအနည်းငယ်ပြုလုပ်ထားတဲ့ update ပဲဖြစ်ပါတယ်။ အဲ့ဒီ update ကတော့ လာမယ့်လလောက်မှာ ရောက်ရှိလာမယ်လို့ သိရပါတယ်။

အကယ်၍ ဒီနှစ်အကုန်မှာ PvP mode သာ တကယ် Pokemon Go မှာပါဝင်လာခဲ့မယ် ဆိုရင် Pokemon Go ကိုနှစ်နှစ်ခြိုက်ခြိုက်ဆော့ကစားခဲ့ကြတဲ့ မိတ်ဆွေတွေအနေနဲ့ တစ်ဖန်ပြန်လည် ဆော့ကစားကြသွားဉီးမှာလားဗျ ?

Download link – Android/ iOS

Ref: 1, 2, 3

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: