NewsReviews

Android device တွေအတွက် exclusive အနေနဲ့ အသက်ဝင်နေပြီဖြစ်တဲ့ Pokémon Go: Go Snapshot

ဒီတစ်ခေါက်မှာတော့ Android တွေအတွက် သီးသန့် အနေနဲ့ ထွက်ရှိလာတဲ့ Pokémon Go : Go Snapshot အကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အခု လတ်တလောမှာတော့ အဆိုပါ feature ကို iOS တွေမှာ မရသေးပါဘူး။ နောက်ပိုင်းမှ ရရှိမယ်လို့ သိရပါတယ်။

Pokemon Go ရဲ့ feature အသစ်မှာဆိုရင် သင်ဖမ်းထားတဲ့ Pokémon လေးတွေကို ရယ်စရာ ဓာတ်ပုံလေးတွေ ရိုက်ကူးပေးမှာပါ။ သင့်ရဲ့ ဘေးပတ်ဝန်က တကယ့် ကမ္ဘာ အစစ်မှာ Pokémon လေးတွေကို ထားပြီး ဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်လို့ ကြည့်ရတာတော့ Pokémon လေးကို အပြင်မှာ တကယ်တွေ့ရမယ့်အတိုင်းပါပဲ။ ဒီfeature ကို Niantic က AR နည်းပညာကို အသုံးပြုပြီး ဖန်တီးမှာဖြစ်တယ်လို့ သိရပြီး ကမ္ဘာကြီးတစ်ခုလုံးကို ထူးခြားတဲ့ ပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Snap မရိုက်ခင်မှာ သင်ဖမ်းမိထားတဲ့ Pokémon ကို တကယ့်ကမ္ဘာထဲကို ခေါ်လာပြီး ကွဲပြားတဲ့ ပိုစ့် တွေပြုလုပ်ပေးရမှာပါ။Pokémon တွေကို ဓာတ်ပုံရိုက်လို့ရတဲ့ feature က Pokémon Go စထွက်ကတည်းက ရှိတဲ့ feature တစ်ခုပါ။ အခုထွက်ရှိလာတဲ့ Snapshot feature က အရင်က တစ်ခုနဲ့ မတူပါဘူး။ ကွာခြားချက်ရှိပါတယ်။ အဲ့ဒါက ဖမ်းမိထားတဲ့ Pokémon တွေကို စိတ်ကြိုက်နေရာချပြီး post ပုံစံ အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ပေးနိုင်တာပါ။ သူငယ်ချင်းတွေကို ဓာတ်ပုံ ရိုက်ပေးတဲ့အတိုင်း ကိုယ့်ရဲ့ Pokémon လေးတွေကို လုပ်ရမှာဆိုတော့ ချစ်စရာလေးတော့ ကောင်းနေမှာပါနော်…

iOS အသုံးပြုသူတွေအတွက်တော့ စိတ်မကောင်းပေမယ့် အောက်မှာ Android သမားတွေအတွက် Snapshot feature ဘယ်လိုထည့်ရမလဲဆိုတာ ပြောပြပေးမယ်နော်။

• Snapshot feature အတွက် အရင်ဆုံး Level 5 ကိုရောက်နေရပါမယ်။ မရောက်သေးရင် Pokémon တွေ ထပ်ဖမ်းပေးပါနော်။

• ရောက်နေပြီဆိုရင်တော့ ကိုယ့်စိတ်ကြိုက် Pokémon တစ်ကောင်ကို ရွေးလိုက်ပါ။ ပြီးရင် ညာဘက်ထောင့်စွန်းမှာရှိတဲ့ camera icon လေးကို ထိလိုက်ပါ။

• ပြီးရင်တော့ Pokémon လေးကို ကိုယ့်စိတ်ကြိုက် နေရာချပြီး pose လုပ်ခိုင်းလိုက်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဓာတ်ပုံရိုက်ကူးပြီး Social Media မှာ ဝေမျှလို့ရပါပြီ။

Source-https://www.gamezebo.com/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password