မြေပုံစနစ်ပြောင်းလဲသွားတဲ့ Pokemon GO

ကမ္ဘာတစ်ဝန်းက Pokemon GO ကစားသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဂိမ်းထဲကမြေပုံတွေပြောင်းလဲသွားတာကို သတိထားမိလာကြပါတယ်။ နောက်ပိုင်းအဲဒီအကြောင်းတွေကြားရဖန်များလာတော့မှ Niantic က တိတ်တိတ်လေးနဲ့ သူ့ရဲ့မြေပုံစနစ်ကိုပြောင်းလဲနေမှန်း သိလာကြရပါတယ်။ Niantic ဟာ ယခင်က Google ရဲ့ မြေပုံစနစ်ကိုအသုံးပြုနေရာကနေ ယခုအခါ OpenStreetMap (OSM) ကိုပြောင်းလဲအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။

OpenStreetMap ပြောင်းလဲအသုံးပြုလိုက်တာဟာ အားသားချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ OSM ကို လူတိုင်း Edit ပြုလုပ်နိုင်ပြီး ပြောင်းလဲချက်တွေက ချက်ချင်းအသက်ဝင်တဲ့အတွက် လမ်းတွေ၊ အဆောက်အအုံတွေပြောင်းလဲချက်ရှိတာနဲ့ ဂိမ်းထဲမှာချက်ချင်းလိုက်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အရင်လို Google က Update လုပ်ပေးတာကိုထိုင်စောင့်နေစရာမလိုတော့တဲ့အတွက် Niantic အနေနဲ့ သူတို့ပြုလုပ်လိုတာကို ချက်ချင်းအကောင်အထည်ဖော်လို့ရသွားစေပါတယ်။ တစ်ခုရှိတာက OSM Editor ကောင်းကောင်းရှိတဲ့ Region မှာဆိုရင်တော့ ပြဿနာမရှိပေမယ့် Editor မရှိတဲ့ နည်းနည်းခေါင်တဲ့နေရာမှာဆိုရင် မြေပုံမှာ ဗလာကြီးတောင်ဖြစ်နေနိုင်ပါတယ်။ အဲဒီတော့ နေထိုင်တဲ့နေရာပေါ်မူတည်ပြီး Pokemon GO ကစားရတဲ့ Experience ကလည်း လိုက်ပြောင်းသွားနိုင်ခြေရှိပါတယ်။

မြေပုံစနစ်ပြောင်းလဲတာဟာ တစ်ကမ္ဘာလုံးတစ်ပြိုင်တည်းပြောင်းသွားတာတော့မဟုတ်ပါဘူး။ Region အလိုက်ဖြည်းဖြည်းချင်းပြောင်းလဲပေးနေတာဖြစ်ပြီး မကြာမီအချိန်အတွင်းမှာတော့ တစ်ကမ္ဘာလုံးစာ ပြောင်းလဲလို့ပြီးစီးသွားမှာပါ။ မြေပုံစနစ်ပြောင်းလဲသွားတယ်ဆိုပြီး အရမ်းတော့လန့်သွားစရာမလိုပါဘူး။ အဲဒီအပိုင်းတွေက Niantic က ကိုင်တာဆိုတော့ PokeStop နဲ့ Gym တွေရဲ့နေရာတွေက ပြောင်းလဲသွားမှာမဟုတ်တဲ့အတွက် PokeStop နဲ့ Gym တွေကိုဖင်ခုထိုင်ထားတဲ့သူတွေ စိတ်အေးအေးနဲ့ဆက်ကစားလို့ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password