Gen 3 Pokemon အသစ်တွေပါဝင်လာမယ့် Pokemon GO ရဲ့ Spooky Halloween Event

ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ခဲ့တဲ့ Datamine အရ Gen 3 Pokemon တွေ Pokemon GO ထဲကိုရောက်လာတော့မယ်ဆိုတာ သိရှိခဲ့ရပါတယ်။ စိတ်အားထက်သန်နေတဲ့ Pokemon ချစ်သူတွေအတွက် မနေ့ကပဲ Niantic က Halloween Event အကြောင်း Official Announcement ကို ထုတ်ပြန်ပေးခဲ့ပါတယ်။

သတင်းထွက်နေတဲ့အတိုင်းပဲ ဒီနှစ်အတွက် Halloween Event မှာ Gen 3 Pokemon တွေကို စတင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ခန့်မှန်းထားတဲ့အတိုင်း Halloween Theme နဲ့ကိုက်ညီတဲ့ Pokemon တွေဖြစ်တဲ့ Sableye ၊ Shuppet ၊ Banette ၊ Duskull ၊ Dusclops စတဲ့ Ghost-Type Pokemon တွေကိုပဲ အရင်ဆုံးထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ Gen 3 တွေကိုတော့ လာမယ့်ဒီဇင်ဘာလောက်ကစပြီး ဂိမ်းထဲကို တဖြည်းဖြည်းချင်း ထည့်သွင်းပေးသွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် Witch Hat ဆောင်းထားတဲ့ Pikachu Special Version ကိုလည်း Event ကာလအတွင်း ရှာဖွေဖမ်းဆီးနိုင်မှာ ဖြစ်ပါတယ်။ Halloween Mood အပြည့်အဝရရှိအောင် သင့်ရဲ့ Avatar ကို Mimikyu Hat ဆောင်းပေးပြီး အလှဆင်ပေးလို့ရဦးမှာပါ။ ဒါတင်မကသေးပါဘူး။ Raid Pass နဲ့ Super Incubator တွေပါဝင်တဲ့ Special Box တွေကိုဝယ်ယူလို့ရဦးမယ့်အပြင် Event ကာလအတွင်းမှာ Bonus Candy တွေကိုလည်း ရရှိကြဦးမှာဖြစ်ပါတယ်။

Halloween Event ဟာ အောက်တိုဘာ ၂၀ ရက် ၁၂:၀၀ PDT ကနေ နိုဝင်ဘာ ၂ ရက် ၁၃:၀၀ PDT အထိ ကျင်းပမှာဖြစ်ပါတယ်။ Pokedex ကိုအပြည့်ဖြည့်ဖို့စိတ်ကူးရှိတဲ့ Trainer တွေ Power Bank တွေအားသွင်းထားပြီး Halloween Event စမယ့်အချိန်ကို စောင့်မျှော်လိုက်ကြရအောင်လား။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password