ArticleNews

Pokemon Go ရဲ့ Detective Pikachu Event

အခုအချိန်မှာတော့ Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Detective Pikachu ရုပ်ရှင်ကို ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ရုပ်ရှင်ပိတ်ကားပေါ်က Pikachu နဲ့တင်အားမရတဲ့ fan တွေအတွက်ကတော့ Pokemon Go ဂိမ်းထဲမှာလည်း စုံထောက်ဦးထုပ်နဲ့ Pikachu ကို တွေ့နိုင်သေးတယ်ဆိုတာ သတင်းကောင်းပါးပေးပါရစေ။

ရုပ်ရှင်ထွက်ရှိတဲ့အထိမ်းအမှတ်အနေနဲ့ Pokemon Go ဂိမ်းထဲမှာလည်း “Detective Pikachu” event ကို ကျင်းပပေးနေပါတယ်။ ဒီ event ကို မေလ ၇ ရက်နေ့ကနေ ၁၇ ရက်အထိ ၁၀ ရက်တိုင် ကျင်းပပေးသွားမှာဖြစ်ပါတယ်။

ဒီ event မှာ ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်လေး Detective Pikachu ဟာ cosmetic အသစ်တွေနဲ့ ဘောနပ်အသစ်တွေနဲ့အတူရောက်ရှိလာမှာပါ။ Event ရဲ့ အဓိက feature ကတော့ ဂိမ်းထဲက AR Camera နဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ စုံထောက်ဦးထုပ်နဲ့ Pikachu လေး ပေါ်လာဖို့ chance ရှိပါတယ်။ အဲဒီလိုပေါ်လာတဲ့အခါမှာလည်း သူ့ကို ဖမ်းလို့ရနိုင်မှာဖြစ်ပါတယ်။ အခြား feature အနေနဲ့ကတော့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ pokemon တွေရဲ့ spawn chance တွေကို တိုးထားပေးဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ထုံးစံအတိုင်း event ကာလအတွင်းမှာ double XP bonus ကို ရရှိကြဦးမှာဖြစ်ပါတယ်။

ဘယ်လိုလဲ.. Pokemon Go ရဲ့ event အသစ်လေးကိုကြိုက်မှကြိုက်ရဲ့လား Pokemon ပရိသတ်ကြီးတို့ရေ။ Event က အခုလုပ်နေသေးတာမို့ စုံထောက်ဦးထုပ်နဲ့ Pikachu လေးကို သွားဖမ်းဖို့ အချိန်မှီပါသေးတယ်လို့ သတင်းကောင်း ပါးပေးလိုက်ပါတယ်။

Source – Polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password