လက်ဆောင်ပစ္စည်းမျိုးစုံရရှိမယ့် ‘Pokemon GO’ AR ဓာတ်ပုံပြိုင်ပွဲ

Pokemon GO ချစ်သူတွေ ကျောပိုးအိပ်နဲ့ ဦးထုပ်ကို ရယ်ဒီပြင်ထားကြပါ။ ဘာကြောင့်လည်းဆိုတော့ Niantic က Pokemon GO ချစ်သူတွေအတွက် ပျော်ပျော်ပါးပါးဆင်နွှဲလို့ရမယ့်ပြိုင်ပွဲတစ်ခု ကြေညာလိုက်လို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူတွေဟာ ဂိမ်းထဲမှာပါဝင်တဲ့ AR Mode ကိုအသုံးပြုပြီး သင့်စိတ်ကြိုက် Pokemon တစ်ကောင်ရဲ့ဓာတ်ပုံကို ရိုက်ယူရမှာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံကို #PokemonGOcontest ဆိုတဲ့ Hashtag နဲ့ Instagram မှာတင်ပေးပြီး ပြိုင်ပွဲကိုဆင်နွှဲရမှာ ဖြစ်ပါတယ်။

အကဲဖြတ်အဖွဲ့က ရွေးချယ်လိုက်တဲ့ ထိပ်ဆုံး ၁၀ ယောက်ဟာ Pokemon GO Plus ၊ Niantic အဖွဲ့ဝင်တွေ လက်မှတ်ရေးထိုးထားတဲ့ Poster နဲ့ Bluetooth နားကြပ်တွေကို ရရှိမှာဖြစ်ပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့အထိကျင်းပမယ့်ဒီပြိုင်ပွဲမှာ ပြိုင်ပွဲစတင်ပြီး ၂ ရက်ခန့်အကြာမှာပဲ ပြိုင်ပွဲဝင်ပေါင်း ၁၂,၀၀၀ ခန့်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Magikarp က Popular အဖြစ်ဆုံး Pokemon ဖြစ်နေတာကို မြင်တွေ့ရမှာပါ။

#POKEMONGOCONTEST

A post shared by Vinc Bd (@kevam92) on

#PokemonGOcontest

A post shared by Mario Campos Silva (@macasisoft) on

Exeggcute နဲ့ Abra တို့ကလည်း အားကျမခံပါပဲ..

#PokemonGOcontest

A post shared by Jonathan (@johnboxjohn) on

တစ်ခုရှိတာက မြန်မာနိုင်ငံက ဒီပြိုင်ပွဲထဲပါဝင်ဆင်နွှဲလို့ရတဲ့ နိုင်ငံစာရင်းထဲမှာ မပါဝင်ပါဘူး။ ဒါကြောင့် နိုင်ငံခြားရောက်ရွှေမြန်မာတွေပဲ ဒီကညီအစ်ကိုတွေကိုယ်စား အားရပါးရ ဝင်ပြိုင်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ စည်းကမ်းချက်အသေးစိတ်ကို Niantic ရဲ့ Official Post မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password