Pokemon ထဲကအကောင်လေးတွေကိုတကယ့်လက်တွေ့ဖမ်းချင်ကြသော Mobile Player များအတွက် Pokemon Go!

Best Mobile Game ဆိုတဲ့နာမည်ကို The Game Developers Choice Awards ဆီမှပေးခြင်းခံရပြီး Best app of the Year လို့ TechCrunch ကချီးမွမ်းတာခံခဲ့ရတဲ့ဂိမ်းလေးဖြစ်ကြောင်းပြောပါရစေ။ Pokemon ဆိုတာ မိတ်ဆွေအတွက်ရော ကျွန်တော့်အတွက်ရောသူစိမ်းတွေမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ငယ်ငယ်ထဲကအသဲစွဲနေအောင်ကြိုက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ မိတ်ဆွေတော့မသိဘူး၊ ကျွန်တော်ဆိုရင်ငယ်ငယ်က Pokemon ကိုအရမ်းကြိုက်တာကြောင့် Pokemon နဲ့ပတ်သတ်တာတွေကိုမုန့်ဖိုးစုပြီးလိုက်ဝယ်ခဲ့တာ။ Pokemon ဇာတ်ကားတွေ၊ Pokemon ကတ်တွေ၊ Pokemon ထဲကအရုပ်တွေပေါ့ဗျာ။

အခုကျတော့ အသက်လည်းကြီးပြီဖြစ်တာကြောင့် ကတ်တွေ၊ အရုပ်တွေတော့ စိတ်မပါတော့ပါဘူး။ ဇာတ်ကားလောက်ပဲ အားရင်ပြန်ကြည့်ဖြစ်တာပါ။ ပြီးတော့ဖုန်းတွေလဲပေါ်လာပြီဖြစ်တာကြောင့် Pokemon ဂိမ်းတွေတော့ တစ်ခါတစ်လေဆော့ဖြစ်ပါတယ်။ စစချင်းပေါ်တုန်းက ဆို Pixel ကြီးနဲ့ကိုမျက်လုံးအပျက်ခံပြီးတော့ကိုဆော့ရတာ။နောက်ပိုင်းတော့တဖြည်းဖြည်းကောင်းလာပါတယ်။ Ruby ဆိုတဲ့နာမည်နဲ့ Pokemon ဂိမ်းတစ်ခုတော်တော်ဆော့လို့ကောင်းတာကိုမိတ်ဆွေအားကြုံတုန်းလေးပြောပါရစေ။

အခုဒီဂိမ်းကတော့အရင်ကထွက်ခဲ့တဲ့ Pokemon  ဂိမ်းတွေနဲ့ကွဲထွက်နေတာကိုတွေ့ရမှာပါ။ အရင်ကထွက်ခဲ့တဲ့ Pokemon ဂိမ်းတွေမှမဟုတ်ပါဘူး၊ Mobile Platform မှာထွက်ခဲ့တဲ့ ဂိမ်းတွေအကုန်လုံးနဲ့ကွဲထွက်တယ်လို့ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့တခြားထွက်ရှိထားတဲ့ ဂိမ်းတော်တော်များများက ထိုင်ပြီးဖြစ်ဖြစ်၊  အိပ်ပြီးဖြစ်ဖြစ်ဆော့နိုင်ပြီး၊ Pokemon Go ဆိုတဲ့ဂိမ်းကတော့ထိုင်ပြီးအိပ်ပြီးဆော့နေလို့ကိုမရတာကြောင့်ပါ။ Pokemon Go ရဲ့ Developer Target ကိုကလူတွေကိုကျန်းမာရေးကောင်းအောင်သူတီထွင်ထားတဲ့ ဂိမ်းလေးနဲ့ပံ့ပိုးချင်တာပဲဖြစ်ပါတယ်။ Gamer တွေကျန်းမာရေးလည်းကောင်း၊ ဂိမ်းလည်းဆော့ဖြစ်တာပေါ့။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတောင် Pokemon Go ထွက်တော့ အရမ်းကိုလူကြိုက်များခဲ့ပါသေးတယ်။ 6 လ လောက်ကြာတော့မဆော့ကြတော့ပါဘူး။ Update တွေဆက်မထွက်၊ ဆန်းသစ်အောင်ထက်မလုပ်နိုင်လို့လူတွေပျင်းသွား ပြီးမဆော့တော့တာဖြစ်ပါလိမ့်မယ်။

ကယ် ဂိမ်းဘက်ကိုလှည့်ပါရစေ။ ဒီဂိမ်းက မိတ်ဆွေ အပြင်ဘယ်လောက်သွားနိုင်တဲ့အပေါ်မှာလုံးဝကိုမှုတည်နေပါတယ်။ အိမ်မှာပဲနေရင်တော့ မိတ်ဆွေအိမ်မှာပထမဦးဆုံးတွေ့တဲ့အကောင်ကိုဖမ်းပြီးဘာမှဆက်ဖြစ်လာတော့ မှာမဟုတ်ပါဘူး။ ဒီဂိမ်းဆော့ပြီဆိုရင် GPs ဖွင့်ထားပြီး အပြင်သွားနေမှ တခြား Pokemon အကောင်တွေနဲ့တွေ့ရမှာဖြစ်ပြီး မိတ်ဆွေမှာရှိပြီးသား Pokemon အကောင်တွေလည်း Level တက်လာမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Pokemon ကLevel တက်ရင် Hp ပါများလာမှာဖြစ်ပါတယ်။  မိတ်ဆွေရဲ့ Pokemon က Level များလာပြီး ကြမ်းပြီလို့ထင်ရင်တခြားမိတ်ဆွေလို Trainer တွေရဲ့ Pokemon အကောင်တွေနဲ့သွားချနိုင်ပါတယ်။

Pokemon အကောင်တွေကိုဖမ်းရင် Pokeball သုံးရတယ်ဆိုတာမိတ်ဆွေသိပြီးသားပါ။ Pokeball ကိုစစချင်းမှာအနည်းအငယ်သာပေးထားမှာပါ။ ပေးထားတဲ့ Pokeball အားလုံးကုန်ပြီဆိုရင်တော့မိတ်ဆွေက Item ရောင်းတဲ့ဆိုင်ကိုသွားရမှာပဲဖြစ်ပါတယ်။ အဲ့ဒီ Item ရောင်းတဲ့ဆိုင်မှာPokeball အပြင်အခြား Item တွေလည်းရှိပါတယ်။ Item Shop က GPs ဖွင့်ထားရင် Map မှာပေါ်နေပါလိမ့်မယ်။ အဲ့ပေါ်နေတဲ့ နေရာကိုမိတ်ဆွေကလမ်းလျှောက်သွားရမှာဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ Pokemon အကောင်တွေစုံစုံလင်လင်ပါတာကိုတွေ့ရမှာပါ။ အကယ်၍မိတ်ဆွေက Water Pokemon ကိုဖမ်းချင်ရင်တော့ ရေကန်နဲ့နီးတဲ့နေရာတွေ၊ မြစ်နဲ့နီးတာတွေ စတဲ့နေရာတွေကိုသွားရမှာပဲဖြစ်ပါတယ်။ပျံသန်းနိုင်တဲ့ Pokemon ကိုဖမ်းချင်လို့မိုးပေါ်အထိတက်ဖမ်းစရာမလိုပါဘူး။မြေပြင်မှာ တင်တွေ့နိုင်ပါတယ်။ ပြီးရင် PokeEgg တွေလည်းရရှိဦးမှာဖြစ်ပါတယ်။ Pokemon Go ဂိမ်းက Augmentative Reality Technology ကိုသုံးထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ Augmentative Reality ဆိုတာက မရှိတဲ့အရာကိုရှိအောင်ပြုလုပ်နိုင်တဲ့ Technology ပဲဖြစ်ပါတယ်။ ဥပမာ Pokemon အကောင်လေးတွေကမိတ်ဆွေအရှေ့မှာမရှိပေမဲ့ မိတ်ဆွေက ဖုန်းရဲ့ Pokemon Go ဂိမ်းထဲမှာတော့အဲ့ဒီနေရာမှာ Pokemon အကောင်လေးရှိတာမြင်နေရတာပေါ့။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်သော်လည်း Android မှာက Version 4.4  အထက်တွေမှကစားနိုင်မှာပါ။ ကျန်းမာရေးနဲ့ညီညတ်ပြီး ဆော့လို့ကောင်းတဲ့ ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.nianticlabs.pokemongo

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password