Action

ကိုယ့်ရဲ့ အသံနဲ့အော်ဟစ်ပြီး ကစားရမယ့် မိုလ်ဘိုင်းဂိမ်း

Playon က ဘော်ဒါတို့ရေ…မင်္ဂလာပါနော်။ အခုတစ်ခေါက် ဘော်ဒါတို့ကို မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးကတော့ နည်းနည်းလေး ထူးခြားပါတယ်။ တွေ့ဖူးနေကြပုံစံတွေနဲ့ မတူပါဘူး။ စိတ်ဝင်စားရင် ဆက်ပြီး ဖတ်ကြည့်ပေးသွားကြပါနော်…

သာမန်တွေ့ တွေ့နေကြဂိမ်းပုံစံနဲ့မတူတဲ့ ထူးထူးခြားခြားဂိမ်းလေးတစ်ခု လူမူကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ သူ့ရဲ့ နာမည်ကတော့ Scream Go Hero ပါ။ Scream Go Hero ကိုကစားမယ်ဆိုရင် player ဟာ ဖုန်းမျက်နှာပြင်ကို အော်ဟစ်ပြီး ကစားသွားရမှာပါ။

ထွက်ရှိသေးတာ သိပ်ပြီး မကြာသေးတဲ့ ဂိမ်းတစ်ခုဖြစ်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ပုံစံကြောင့် meme တွေ ၊ gif တွေ နဲ့ video clip တွေတောင် နိုင်ငံတကာလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါပြီ။

ဂိမ်းကစားပုံလေးကတော့ ရိုးရှင်းပါတယ်။ ဂိမ်းထဲမှာ သင်က ဖုန်းမျက်နှာပြင်ကို ဖြတ်ပြီးပြေးရမယ့် နင်ဂျာပိစိလေးပါ။ လမ်းမှာတွေ့မယ့် အတားအဆီးတွေကို ခုန်ပျံကျော်လွှား ရှောင်ရှားပြီး ချယ်ရီသီးလေးတွေ လိုက်စုရမှာပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ ဖုန်းမျက်နှာပြင်ကို လက်နဲ့ ထိဖို့မလိုပဲ အသံနဲ့ပဲ ဂိမ်းဇာတ်ကောင်ရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ရမှာပါ။ ဇာတ်ကောင်ရဲ့ လှုပ်ရှားမှုတိုင်းက player ရဲ့ အသံအနိမ်အမြင့်ပေါ်မှာ မူတည်နေတာကြောင့် တော်တော်တော့ အော်ရမယ်နော်။ မှန်ချိုလေး ဘာလေး ဆောင်ထားကြပါလို့…XD

ဂိမ်းရဲ့ လမ်းညွှန်ချက်တွေအရ… ကစားသမားက အသံပျော့ပျော့ကိုဇာတ်ကောင် ရှေ့ကိုရွှေ့ဖို့ အသုံးပြုနိုင်တယ်လို့သိရပြီး အသံကျယ်ကျယ်သုံးရင်တော့ ဂိမ်းထဲက ဇာတ်ကောင်က မြင့်မြင့်ခုန်နိုင်မှာဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ နိုင်ငံတကာက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုရရှိနေတဲ့ဂိမ်းတစ်ခုဖြစ်လို့ လူမှုကွန်ရက်ပေါ်မှာလည်း ဒီဂိမ်းနဲ့ပတ်သတ်တဲ့ ဗီဒီယိုဖိုင်တွေ အမြောက်အများ ပေါ်ပေါက်နေပါတယ်။ သူတို့တွေထဲက အချို့ကိုတော့ အက်မင်အောက်မှာ ဖော်ပြပေးထားပါတယ်။ စိတ်ဝင်စားရင် စမ်းကစားကြည့်သင့်တယ်နော်။

P.S : ကစားလို့ အသံတွေနာကုန်ရင်တော့ အက်မင် တာဝန် မယူပါဘူးနော်…. 😀
Scream Go Hero က အခမဲ့ကစားလို့ရနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး သူ့ကို Google Play နဲ့ iOS APP Store တို့မှာ ဒေါင်းလုတ်လုပ်ယူလို့ ရနေပြီဖြစ်ပါတယ်။

Source – Newsweek

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password