News

Planescape: Torment ကို mobile ပေါ်မှာ 80% လောက်ဈေးချပြီးရောင်းနေတယ်တဲ့နော်

ဒီတစ်ခေါက်မှာတော့ Playon ကဘော်ဒါတို့အတွက် သတင်းကောင်းလေးတစ်ခု ပြောချင်ပါတယ်။ အကြောင်းကတော့ Beamdog ရဲ့ Planescape: Torment Enhanced Edition ကြီး ကို Android နှင့် iOS ပေါ်မှာ မူလဈေးထက် ၈၀ ရာခိုင်နှုန်းတိတိ လျော့တဲ့ဈေးနဲ့ ဝယ်ယူနိုင်မယ့်အကြောင်းဖြစ်ပါတယ်။ ဒီအချိန်မှာ မဝယ်ရင် ဘယ်အချိန်မှာ သွားဝယ်ကြမလဲလေနော့်။

မူလကတန်ဖိုးဒေါ်လာ ၁၀ လောက်ရှိတဲ့ ဂိမ်းက အခု ၂ ဒေါ်လာဝန်းကျင်လောက်ပဲပေးရမယ်ဆိုတော့ ပျော်ပြီးရင်းပျော်ပေါ့နော်။ဟဲဟဲ…😂

ဒီဂိမ်းလေးက ၁၉၉၉ လောက်ကတည်းကထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ သူက Baldur’s Gate နဲ့ကွဲပြားခြားနားပြီး conversation ကို အဓိက အာရုံစိုက်ထားတာပါ။

Planescape: Torment က Baldur’s Gate နဲ့ conversation တွေမှာပိုပြီးတူပါတယ်။ Engine ပိုင်းကတော့ Baldur’s Gate နဲ့ engine အတူတူပါပဲ။ အဲ့တာကြောင့် အရမ်းကိုမိုက်တဲ့ combat system ကို မျှော်လင့်ပြီး ကစားလို့ရမှာပါ။ ဇာတ်ကောင်ပိုင်းကလည်း ဒီနေ့အထိကို လုံးဝကို ပြိုင်စံရှားဖြစ်နေတုန်းပါပဲ။ အရမ်းကို မိုက်တဲ့ ဂိမ်းတစ်ခုကို ခုလိုမျိုးဈေးအရမ်းတန်တဲ့နှုန်းထားနဲ့ ရမှာဆိုတော့ mobile gamer တွေအတွက်တော့ လုံးဝကို အခွင့်ကောင်းပါပဲနော်။ ကဲကဲ …ဘာစဉ်းစားနေတာတုန်း ခုပဲ ပြေးပြီး download လုပ်လိုက်ကြတော့လေ။ Trailer လေးကို အောက်မှာ တင်ပေးထားတယ်နော်… ဘယ်လိုတောင်မိုက်လဲဆိုတာကို ကြည့်လိုက်ကြပါဦး။

မှတ်ချက်။ ။ Device တိုင်းနှင့် ကိုက်ညီမှုမရှိပါ။

Ref: Droidgamers

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: