ရိုးရိုးရှင်းရှင်းကစားနိုင်တဲ့ Mini ဂိမ်းလေးတစ်ခုဖြစ်တဲ့ Plain Escape!

မိတ်ဆွေရဲ့ Character ကတော့ဘောလုံးပဲ ဖြစ်ပါတယ်။ အဲ့ဒီဘောလုံးကတော့ အတားအဆီး နဲ့ ထောင်ချောက်တွေကြားမှာအစွမ်းကုန်ရှင်သန်နေမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့တာဝန်ကတော့ အဲ့ဒီဘောလုံးရှင်သန်နိုင်အောင် ထောင်ချောက်တွေ၊ အတားအဆီးတွေကိုရှောင်ပေးရမှာဖြစ်ပါတယ်။

အဆုံးမရှိတဲ့ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ အဆုံးမရှိတာကြောင့် အဲ့ဒီဘောလုံး ဘယ်လောက်ကြာအောင်ရှင်သန်နိုင်မလဲဆိုတာကတော့ မိတ်ဆွေအပေါ်မှာပဲ မူတည်နေပါတယ်။ ဆော့တဲ့ အခါမှာလည်း သတိထား ပြီးဆော့ရမှာပါ။ ဘာလို့လဲဆိုတော့ ထောင်ချောက်တွေက မထင်ထားတဲ့ နေရာ၊ မထင်ထားတဲ့အခြေအနေတွေ အနေနဲ့ထွက်ပေါ်လာတတ်လို့ပါ။ ဘယ်လိုဆော့ရမလဲဆိုတာ နဲ့ သွာရမယ့်လမ်းတွေကိုတော့ ညွှန်ပြပေးထားမှာမဟုတ်ပါဘူး။ မိတ်ဆွေက မိမိကိုယ်ကို နည်းလမ်းရှာပြီး ရှင်သန်နိုင်တဲ့ လမ်းကိုသွားရမှာပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Strategy နဲ့ ဆော့ရမယ့်ဂိမ်းတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Strategy အတွက်အချိန်ယူရမှာမဟုတ်ဘဲ၊ ချက်ခြင်း Strategy ချပြီးချက်ခြင်း အသုံးချရမယ့်ဂိမ်းလေးဖြစ်ပါတယ်။


ဖုန်းလေးကို ဘယ်၊ ညာ နှိပ်ပြီးဆော့ရမှာကြောင့် ဆော့ပုံဆော့နည်းကတော့ သိပ်ပြောစရာမရှိပါဘူး။ မိတ်ဆွေက လျင်မြန်ပြီး ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချနိုင်တယ်ဆိုရင်တော့ ဒီဂိမ်းက မိတ်ဆွေအတွက် Easy<Ez> ပါပဲ။ မိတ်ဆွေရဲ့ Character ကဘောလုံးဆိုတာ အလွယ်ပြောလိုက်တာပါ။ အမှန်က Sphere ပါ။ Sphere အပြင် Hexahedron, Polyhedron စတာအပါအဝင်အမျိုးအစားပေါင်း ၈ မျိုးပါဝင်တာကြောင့် မိတ်ဆွေမှာရွေးချယ်စရာ Option တော်တော်များများပါဝင်ပါတယ်။

 

 

ဒါ့အပြင် မိတ်ဆွေစစချင်းဆော့ရမယ့်နေရာကို မကြိုက်ရင်လည်းရွေးချယ်စရာနေရာတွေအများကြီးရှိပါတယ်။ Berry Lime, Forget-Me-Not, Jelly စတဲ့နေရာတွေအပါအဝင် နေရာပေါင်း ၂၀ နေရာအထိပါဝင်မှာဖြစ်ပါတယ်။ နေရာက ၂၀ ဆိုပေမယ့် မိတ်ဆွေမြင်နေရမှာက ၁၀ နေရာသာမြင်နေရမှာဖြစ်ပါတယ်။ အဲ့ဒီ Character ၈ မျိုးနဲ့ နေရာ ၂၀ နေရာကို တော့ မိတ်ဆွေကိုယ်တိုင်ပဲ Unlock လုပ်ရမှာဖြစ်ပါတယ်။ In-game ပိုက်ဆံနဲ့ unlock လုပ်ရမှာပဲဖြစ်ပါတယ်။ In-game coin တွေကတော့ လမ်းတစ်လျှောက်မှာ အစက်အနေနဲ့ရှိနေမှာဖြစ်ပါတယ်။

တခြား ဂိမ်းတွေလိုအလန်းစားကြီးတော့မဟုတ်ပေမဲ့ မိတ်ဆွေလုပ်စရာမရှိဘဲ ပျင်းနေတဲ့အခါမျိုးမှာ မိတ်ဆွေရဲ့ အဖော်ဖြစ်နိုင်တဲ့ Mini ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေကို မိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ Free To Play ဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး ဆော့ရတာအဆင်ပြေတဲ့ Mini ဂိမ်းတွေထဲကတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=it.tinygames.plainescape

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password