Features

Fortnite iOS Invite Code တွေ ရရှိနိုင်မယ့်နေရာများ

Playon ပရိသတ်တွေ Fortnite Mobile အရမ်းဆော့ချင်နေကြတဲ့ပုံပါပဲ။ တစ်နေ့က ကျွန်တော်တို့ရဲ့ Facebook Post မှာလည်း Fortnite ဆော့ချင်တယ်ညည်းနေကြတဲ့ ညီကိုတွေ အများကြီးတွေ့ရတာကြောင့် အားလုံးအတွက် အကူအညီလေးဖြစ်အောင် ဒီဆောင်းပါးလေးကို ပြုစုရေးသားပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ လောလောဆယ်ပြုလုပ်နေတဲ့ Fortnite iOS Invite Event ထဲဝင်ရောက်ဖို့ Invite Code ကို ဘယ်နေရာတွေမှာ သွားရှာလို့ရမယ်ဆိုတာကို မြင်မိသလောက်လေး စုစည်းဖော်ပြပေးထားမှာဖြစ်ပါတယ်။

 

ပထမဦးဆုံးအနေနဲ့ Fortnite Mobile ရဲ့ Beta Test အကြောင်းအနည်းငယ် ထပ်ရှင်းပြပါမယ်။ Fortnite Mobile ရဲ့ Beta Test က လောလောဆယ်တော့ iOS သီးသန့်ပဲဖြစ်ပါတယ်။ Android အတွက်က နောက်မှလာမယ်ဖြစ်တယ်လို့ကြေညာထားပြီး ရက်အတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Beta ထဲဝင်ရောက်ဖို့နည်းလမ်းက ၂ မျိုးရှိပါတယ်။ ပထမနည်းက Beta ထဲပါဝင်ဖို့အတွက် စာရင်းပေးသွင်းပြီး Epic Games က ကိုယ့်ကို Invite လုပ်တာကို စောင့်တာပါ။ Beta အစပိုင်းမှာ လူအနည်းငယ်သာ ရွေးချယ်မှာဖြစ်ပြီး တဖြည်းဖြည်းတိုးသွားမယ်လို့ဆိုထားပါတယ်။ လောလောဆယ်အချိန်မှာတော့ ဒီနည်းနဲ့ Beta ထဲရောက်ဖို့က ကံကောင်းမှရမှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သွားပြီးစာရင်းသွင်းထားရင်တော့ မမှားပါဘူး။ အောက်မှာပေးထားတဲ့ Link မှာ Register သွားလုပ်နိုင်ပါတယ်။

Fortnite Mobile Beta Register ပြုလုပ်ရန်

 

ဒုတိယတစ်နည်းကတော့ Epic Games က Beta ထဲပါဝင်ဖို့ရွေးချယ်ထားတဲ့သူတွေဟာ နောက်ထပ် လူ ၃ ယောက်ကို ထပ်ဆင့် Invite လုပ်လို့ရပါတယ် (ထပ်ဆင့် Invite လုပ်ခံရသူတွေက သူများကို ထပ်ပြီး Invite လုပ်လို့မရပါ)။ လောလောဆယ်မှာတော့ Fortnite Mobile ဆော့ဖို့ ဒီနည်းက အလွယ်ဆုံးပါပဲ။ ပြဿနာက ဘယ်နေရာမှာ အဲဒီ Invite Code တွေကို သွားရှာရမှာလဲ…

အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ရှာတွေ့မိသမျှ Code ရရှိနိုင်မယ့်နေရာတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

Fortnite Battle Royale Subreddit

Fortnite BR Subreddit မှာကတော့ ရံဖန်ရံခါ Code တွေ Giveaway ပြုလုပ်တဲ့သူတွေရှိပါတယ်။ Giveaway ပြုလုပ်သူတွေက Post တင်ပြီး ကြေညာလေ့ရှိပါတယ်။ တင်ပြီးပြီးချင်း ခဏလေးမှာပဲ ကုန်သွားတတ်တာမို့ Post တက်တက်ချင်း သွားတောင်းနိုင်ဖို့တော့ လိုပါလိမ့်မယ်။ အဲဒီ Subreddit က Mobile သီးသန့်မဟုတ်ပဲ Platform အားလုံးအတွက်ဖြစ်တာမို့ Post တွေကတော့ ဗျောက်သောက်ပါပဲ။ “iOS Code” ဆိုတဲ့ Keyword နဲ့ ရိုက်ရှာမှ Code Giveaway လုပ်နေတဲ့ Thread တွေချည်းသီးသန့်မြင်ရမှာပါ။ ကံကောင်းရင်တော့ ရနိုင်ပေမယ့် ရဖို့ Chance ကတော့ အရမ်းကြီးမမြင့်ပါဘူး။

 

Touch Arcade ရဲ့ Discord Channel

Touch Arcade ကတော့ Mobile Gaming နဲ့ပတ်သက်တဲ့ နာမည်ကြီး Website တစ်ခုပါ။ လောလောဆယ် သူတို့ရဲ့ Discord Channel မှာ Fortnite အတွက် Invite Code တွေကို Share ခွင့်ပေးထားပါတယ်။ သူတို့ရဲ့ Community ကကြီးတဲ့အတွက် Beta Invite ရထားတဲ့သူတွေလည်းများပါတယ်။ တစ်ခုမှာချင်တာက Code တောင်းတဲ့နေရာမှာ Chat ထဲမှာရှိတဲ့ အခြားသူတွေကို Respect လေးထားပြီး အေးအေးဆေးဆေးတောင်းရင် ရဖို့အခွင့်အလမ်းပိုများပါတယ်။ Code ပေးပါဆိုပြီး Chat ထဲမှာ ထိုင် Spam နေရင် အမြင်ကဒ်ပုဒ်မနဲ့ Ignore ခံရပါလိမ့်မယ်။ အဲဒီတော့ Code တောင်းပါ၊ ပြီးရင် အချိန်တစ်ခုပေးပြီးစောင့်ကြည့်ပါ.. Code ရှိတဲ့သူတွေက စကားလာပြောပါလိမ့်မယ်။ ဒီအဆင့်ရောက်ရင်တော့ ကိုယ့်ရဲ့ဒိုင်တွေ ဘယ်လောက်ကောင်းတယ်ဆိုတာက စကားပြောလာပါပြီ… ကိုယ်ဘယ်လောက်ကြူနိုင်လည်းပေါ်မူတည်ပြီး Code ရဖို့ Chance ကလည်း လိုက်တက်လာပါလိမ့်မယ်။ 😁 ပြီးတော့ ကိုယ် Online ရှိနေချိန်နဲ့ကိုက်တယ်ဆိုရင် Chat ထဲမှာ Code ကို တန်း Share ထားတာတွေကို မှီကောင်းမှီနိုင်ပါတယ်။

ဒီနည်းအတွက် ဘာတွေလိုမလည်းဆိုတော့ Discord Account ရှိဖို့လိုပါမယ်၊ ပြီးတော့ Epic Games Account ရှိဖို့လိုပါမယ်။ အဲဒီတော့ အောက်မှာပေးထားတဲ့နေရာတွေမှာ သွားပြီး Account လုပ်ထားရပါမယ်။ ပြောမယ့်နည်းတွေအားလုံးထဲမှာ ဒီနည်းက ရဖို့အလွယ်ကူဆုံးဖြစ်ပါတယ်။ ကံကောင်းကြပါစေဗျာ…

(မှတ်ချက် – Code ကို Redeem လုပ်ဖို့ Epic Games Account ရှိဖို့လိုအပ်ပါတယ်)

Touch Arcade Discord Channel (Original Article)
Discord Account ပြုလုပ်ရန်
Epic Games Account ပြုလုပ်ရန်

 

နောက်တစ်နေရာအနေနဲ့ Fortnite Official Forum ရှိပေမယ့် ကျွန်တော်လိုက်မွှေကြည့်သလောက်တော့ လောက်လောက်လားလား Code ရနိုင်မယ့်နေရာမဟုတ်ပါဘူး။ စိတ်ပါရင် ဝင်ရှာကြည့်လို့ရပေမယ့် Phishing လုပ်မယ်ထင်တဲ့ သံသယဖြစ်ဖွယ် Link တွေမှာ ကိုယ့် Account Info တွေ မရိုက်ထည့်မိစေဖို့ ကြိုသတိပေးလိုက်ပါတယ်။

 

အခုပဲ အရမ်းကိုဆော့ချင်နေပြီဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့နည်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ အချိန်တန်ဆော့ရရင်ပြီးရောဆိုတဲ့သူတွေကတော့ အေးအေးဆေးဆေး Epic Games က ကိုယ့်ကို Invite မယ့်အချိန်ကို ထိုင်စောင့်နေရုံပါပဲ။ Test Server ရဲ့ Capacity ကို အချိန်နဲ့အမျှတိုးချဲ့နေမှာမို့ တဖြည်းဖြည်းနဲ့ ဆော့လို့ရမယ့်လူအရေအတွက်ကလည်း တိုးလာဦးမှာပါ။ လက်ရှိမှာ Beta Code တွေ ရောင်းစားနေတဲ့သူတွေလည်းရှိပါတယ်.. ကျွန်တော့်အမြင်အရဆိုရင်တော့ မတန်ပါဘူး။ အချိန်တစ်ခုပဲစောင့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

ကဲ.. လောလောဆယ်တော့ ဒီလောက်ပဲရှာတွေ့ပါသေးတယ်။ နောက်ထပ်နည်းလမ်းတွေရှာတွေ့ခဲ့ရင်လည်း ဒီနေရာမှာပဲ ဆက်ပြီး Update လုပ်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲ Code တွေရကြပြီး Battle Bus ကို စီးနင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: