Reviews

လှိုင်းလုံးကြီးတွေကြားမှာ လှေပြိုင် မောင်းရမယ့် Pixel Boat Rush

စိတ်လှုပ်ရှားစရာကောင်းတဲ့ လှေ မောင်းရမယ့် ဂိမ်းဖြစ်ပါတယ်။ Arcade ဂိမ်း အမျိုးအစားဖြစ်တဲ့အပြင် ရုပ်ထွက်ကို Pixel အနုပညာနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။

Pixel ဆိုတာ ကြည်လင်ပျက်သားတဲ့ ရုပ်ထွက်မျိုးမဟုတ်ဘဲ အစက်အပြောက်လေးတွေနဲ့ ပန်းချီပုံစံ ဖန်တီးထားတဲ့ အနုပညာ မျိုးဖြစ်ပါတယ်။ အခုဆိုရင် များပြားတဲ့ Pixel ဂိမ်း fan တွေကြောင့် pixel ဂိမ်းအမျိုးအစားတွေ အများကြီးပေါ်ပေါက်နေပါပြီ။

ဂိမ်းထဲမှာ events တွေနဲ့ စိတ်လှုပ်ရှားစရာ challenges တွေကိုတွေ့ရမှာပါ။ လှေကို လှိုင်းလုံးတွေကြားထဲမှာ ရုန်းကန်ပြီး မောင်းရမယ့်အပြင် လေကလည်း တိုက်ခက် နေမှာဖြစ်လို့ တကယ့် ပင်လယ်ပြင်မှာ မောင်းနေရသလို ခံစားရမှာပါ။ မောင်းရတာလွယ်ကူပေမယ့် ပထမနေရာရဖို့တော့ ခက်မှာဖြစ်ပါတယ်။ ပြိုင်ဘက်တွေနဲ့တွေ့ရင်း တိုက်ခိုက်ရမှာဖြစ်လို့role-playing ဂိမ်းပုံစံ နည်းနည်းဆန်ပါတယ်။ Screen ရဲ့ ညာဘက်တစ်ခြမ်းလုံးကို အရှိုန်မြှင့်တင်ဖို့အသုံးပြုနိုင်မှာဖြစ်ပြီး အောက်ဘက်အစွန်ဆုံး နေရာကိုတော့ တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့အသုံးပြုနိုင်မှာပါ။ ရင်ဆိုင်ရမယ့် ပြိုင်ပွဲပေါင်း ၁၀၀ ကျော် ပါဝင်မှာဖြစ်ပြီး ပြိုင်မယ့် လှေ အမျိုးအစားတွေ ကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင် ပါတယ်။

App Store မှာ rating 4.9/5 အထိကိုရရှိထားတဲ့ ဂိမ်းဖြစ်လို့ မိတ်ဆက်ပေးတာဖြစ်ပါတယ်။ Android အတွက် ၂,၇၀၁ ကျပ် ပေးဝယ်ရမှာဖြစ်ပြီး iOS အတွက် ကတော့ Free ဖြစ်ပါတယ်။

 

 

Image Source – Pixel Boat Rush

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: