Reviews

Disney ရဲ့ဂိမ်းကောင်းတွေထဲက တစ်ခုဖြစ်တဲ့ Pirates Of The Caribbean: ToW

Disney ကထုတ်လုပ်ထားတဲ့ ဂိမ်းတွေတော်တော်များများဟာ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ဂိမ်းကောင်းတွေများပါတယ်။ အဲ့တာကြောင့် အခုတစ်ခေါက်မှာ လည်း Disney ရဲ့ နာမည်ကြီးဂိမ်းကောင်းတစ်ခုဖြစ်တဲ့အပြင် Captain Jack Sparrow ကိုတဖန် ပြန်တွေ့ရမယ့် ဂိမ်းနဲ့ မိတ်ဆက်ပေးထားပါတယ်။

ဒီဂိမ်းထဲမှာဆိုရင် သင်က သင့်ပင်လယ်ဓားပြအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ်ဝင်ကစားရမှာ ဖြစ်ပါတယ်။ ရန်သူပင်လယ်ဓားပြတွေနဲ့တိုက်ခိုက်ပြီး ပင်လယ်ပြင်ကြီးကို ကြီးဆိုးရမှာဖြစ်တဲ့အတွက် ရုပ်ရှင်နဲ့ တစ်ထပ်တည်းပါပဲ။ ကာရစ်ဘီယန်ပင်လယ်ဓားပြတွေကို ပြန်လည် အသက်သွင်းထားတဲ့ ဂိမ်းကောင်းတစ်ခုဖြစ်တဲ့အတွက် ဇာတ်ကွက်တိုင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပင်လယ်ဓားပြအခြေစိုက်စခန်းတည်ဆောက်ဖို့နဲ့ အင်အားကြီးပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်မှု ကို ကာကွယ်ဖို့ အတွက်အကြောက်အရွံ့ကင်းပြီး သတ္တိရှိတဲ့ ပင်လယ်ဓားပြအဖွဲ့ဝင်တွေကို စုဆောင်းရမှာဖြစ်တယ်။ သမုဒ္ဒရာကို လျှောက်သွားရမှာဖြစ်တဲ့အတွက် သဘာဝလွန်သတ္တဝါများတွေ နဲ့လည်း ရင်ဆိုင်ရမှာနော်…

ဇာတ်ကောင်တွေအဖြစ် ကာရစ်ဘီယံ ပင်လယ်ဓားပြပုံပြင်တွေထဲကနေ သင့်အကြိုက်ဆုံး Captain Jack Sparrow, Will Turner ဗိုလ်ကြီး Barbossa နဲ့ အခြား အထင်ကရ ဇာတ်ကောင်တွေကို တွေ့ရှိရမှာဖြစ်တယ်။ ဇာတ်လမ်း ပုံစံဖန်တီးထားတဲ့ ဂိမ်းဖြစ်တာကြောင့် ရုပ်ရှင်ကြည့်နေတာလား ဂိမ်းဆော့နေတာလား ကွဲတောင်ကွဲမှာမဟုတ်ပါဘူး။ အောက်က နမူနာလေးကို အစမ်းခံစားကြည့်ရှုနိုင်ပါတယ်။

အစဉ်အဆက်ကရစ်ဘီယံ၏ အကောက်ကျစ်ဆုံး ပင်လယ်ဓားပြတွေနဲ့ မာယာများတဲ့ ပင်လယ်ကြီးရဲ့ လှည့်စားမှုတွေကို သင်တကယ်ပဲ ကျော်လွှားရင်ဆိုင်နိုင်မှာလားဆိုတာ ဂိမ်းထဲဝင်ကစားကြည့်မှ သိရမှာနော်။

Disney ဂိမ်း ဖြစ်တဲ့အတွက် Original အသံနဲ့ လှပတဲ့ ရုပ်ထွက်ပိုင်း တွေက သင့်ကို ဂိမ်းထဲ နစ်မြောသွားစေမှာဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို စွန့်စားခန်း တွေနဲ့ကာရစ်ဘီယံ ပင်လယ်ဓားပြတွေရဲ့ တိုက်ပွဲမှာ သင်ကိုယ်တိုင် တစ်စိတ်တစ်ပိုင်းပါဝင်လိုက်ပါ။ Android, iOS နှစ်မျိုးစလုံးမှာ ကစားနိုင်တဲ့အပြင် ဒေါင်းလုတ်ဆွဲခကလည်း လုံးဝကို free နော်… စိတ်ဝင်စားရင် Google Play နဲ့ App Store တို့မှာဝင်ရောက်ကြည့်နိုင်ပါတယ်။

 

Download link – Android/ IOS

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: