အသွင်သစ်နဲ့ Pinball ဂိမ်း PinOut!

ယခင်က Window ကွန်ပြူတာတိုင်းမှာ ပါဝင်တဲ့ Pinball ဂိမ်းလေးနဲ့တော့ လူတိုင်းနီးပါးလိုလို ရင်းနှီးကြပါတယ်။ လူကြီးတွေ လစ်တုန်းမှာ အသည်းအသန် ခိုးဆော့ခဲ့ရတာကလည်း အမှတ်ရစရာတွေပါ။ ငယ်ငယ်က Pinball အဝ မဆော့ခဲ့ရတဲ့သူတွေ အခု အားရပါးရဆော့လို့ရအောင် အလန်းစား Pinball ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းရဲ့ နာမည်ကတော့ PinOut လို့ အမည်ရပါတယ်။ PinOut ဟာ သာမန် Pinball ဂိမ်းနဲ့ လုံးလုံးကြီး တူတာတော့မဟုတ်ပါဘူး။ ပုံမှန်ဂိမ်းတွေမှာဆိုရင် ဘောလုံးလေးကို ကျင်းထဲမကျသွားအောင် လက်တံလေး နှစ်ခုနဲ့ထိန်းပြီး အမှတ်များများအောင် ကြိုးစားရမှာပါ။ PinOut မှာတော့ Pinball ဂိမ်းရဲ့ အခြေခံသဘောတရားကိုယူပြီး ပိုမိုစိတ်ဝင် စားဖွယ်ကောင်းအောင် ပြင်ဆင်ထားပါတယ်။ ရမှတ်များများရအောင် ကြိုးစားရမှာမဟုတ်ပဲ ပေးထားတဲ့ အချိန်အတွင်းမှာ ဘောလုံးလေးကို level များများရောက်အောင် ပို့ပေးရမှာ ဖြစ်ပါတယ်။

 .         

ကစားသူဟာ လမ်းတစ်လျှောက်မှာရှိတဲ့ လက်တံတွေကို အသုံးပြုပြီး ဘောလုံးလေးကို အပေါ်ကို ရိုက်ပို့ရမှာပါ။ လိုအပ်တဲ့နေရာကို ကွက်တိရောက်အောင် သေသေချာချာ ချိန်ပြီး ရိုက်ရမှာ ဖြစ်တဲ့အတွက် အရမ်းလွယ်တာတော့မဟုတ်ပါဘူး။ အခန့်မသင့်ရင် ကိုယ်ကျော်ခဲ့တဲ့ အခန်းတွေအထိပါ ဘောလုံးက ပြန်ကျသွားနိုင်ပါတယ်။ ပေးထားတဲ့အချိန်ကုန်သွားရင် ဂိမ်းကပြီးပါပြီ။ လမ်းတစ်လျှောက်မှာရှိတဲ့ အဖြူရောင် အလုံးလေးတွေကိုစားရင် စားလိုက်တဲ့ အရေအတွက်အတိုင်း အချိန်ကို ပေါင်းပေးမှာပါ။ ဒါ့အပြင် power-up နဲ့ mini-game လေးတွေကလည်း အချိန်ထပ်ပေါင်းပေးဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုးပေးတဲ့ ပစ္စည်းတွေရှိတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ဖို့ကလည်း ဒီဂိမ်းကစားရာမှာ အရေးကြီးတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဂိမ်းဒီဇိုင်းအပြင် နောက်ထပ် ချီးကျူးစရာတစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ graphic နဲ့ နောက်ခံသီချင်းတို့ လိုက်ဖက်ညီမှု ဖြစ်ပါတယ်။ ခပ်လန်းလန်း Neon ဆန်ဆန် graphic ကို အမိုက်စား နောက်ခံသီချင်းတွေနဲ့ ပေါင်းစပ်ထားတာကြောင့် ဂိမ်းကစားရတာ အလွန်ပဲ အရသာရှိပါတယ်။

 .         

ဂိမ်းကိုတော့ Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Premium ကို $2.99 နဲ့ ဝယ်ယူလိုက်တယ်ဆိုရင်တော့ level တစ်ခုပြီးသွားတိုင်း check point တွေမှတ်ပေးမှာဖြစ်ပြီး အချိန်ကုန်လို့ ရှုံးသွားခဲ့ရင် အဆိုပါ check point ကနေ ပြန်စလို့ရမှာပါ။ Free version မှာကတော့ ရှုံးသွားခဲ့ရင် အစကနေ ပြန်စရတာ ဖြစ်ပါတယ်။ Free version ကိုကပဲ အလွန်ဆော့လို့ကောင်းတာမို့ premium မပါလည်း အဆင်ပြေပါတယ်။ Graphic အလန်းစား၊ နောက်ခံသီချင်းအလန်းစားနဲ့ PinOut ဟာ Pinball ဝါသနာရှင်တွေအနေနဲ့ စမ်းကိုစမ်းကြည့်ရမယ့် ဂိမ်းကောင်းတစ်ခုဖြစ်တာမို့ မသိလိုက်မရှိရလေအောင် မိတ်ဆက်ပေးလိုက်ရပါတယ်။

Image Sources:

https://itunes.apple.com/us/app/pinout/id1108417718?mt=8

https://www.youtube.com/channel/UCIiW7kz1S6p3_cImS9dgeUg

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password