Reviews

ဂီတပညာရပ်ကို အလွယ်တကူ တတ်မြောက် လိုသူတွေအတွက် Piano free

အခုမိတ်ဆက်ပေးချင်တဲ့ Mobile ဂိမ်းတစ်ခုကတော့ Piano တီးရတာကို ဝါတနာပါတဲ့ သူသာမက အခြေခံမှ အဆင့်မြင့် တက်လိုသော သူများအတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေမဲ့ ဂိမ်းလေးတစ်ခု အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ခရစ်စမတ် update မှာပါဝင်လာတဲ့ သီချင်းလေးတွေ ဟာဆိုရင်လည်း မိတ်ဆွေတို့ကို ဒီဇင်ဘာရဲ့ အငွေ့အသက်လေးတွေ သယ်ဆောင်လာပေးမှာပဲ ဖြစ်ပါတယ်။

ရိုးရှင်းပြီး တိုတောင်းတဲ့ tutorials တွေပါရှိတဲ့အတွက် မိတ်ဆွေကို အလွယ်တကူ တတ်မြောက်စေမှာ ဖြစ်ပြီး ကောင်းမွန်တဲ့ အသံထွက်နဲ့ ကွဲပြားတဲ့ ဂီတတူရိယာများစွာ ပါရှိတဲ့ အတွက် မိတ်ဆွေ အနေဖြင့် တစ်နေရာထဲမှာ မိမိ ဝါသနာပါရာ ကြိုက်နှစ်သက်ရာ ဂီတတူရိယာကို အလွယ်တကူ လေ့လာသင်ယူ နိုင်ဖို့ ဖြစ်ပါတယ်။

ဂီတပညာရပ်ကို ဝါသနာပါလို့ ဖြစ်စေ လေ့လာနေတဲ့ မိတ်ဆွေများ အနေဖြင့် ဖြစ်စေ မိမိရဲ့ Phone သို့မဟုတ် Tablet ထဲမှာ ရှိနေသင့်တဲ့ ဂိမ်းတစ်ခုလို့ ညွန်းလိုက်ပါရစေ။

အသစ်ထွက်ရှိထားတဲ့ ဂိမ်းဖြစ်ပြီး feedbacks ကောင်းများစွာ ပိုင်ဆိုင်ထားတဲ့အတွက် ဂိမ်းကောင်းလေးတစ်ခုကို ရယူပိုင်ဆိုင်ရင်း မိမိ ဝါသနာပါရာ ဂီတပညာရပ်ကို လေ့လာသင်ယူနိုင်ပြီ ဖြစ်ပါတယ်။သင်ခန်းစာများ သာမက အသုံးပြုသူ အနေဖြင့် Mini games များစွာကိုလည်း မပျင်းမရိ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဂီတပညာရပ်ကို အလွယ်တကူ တတ်မြောက်လိုသူ၊ လေ့လာနေသူတွေအတွက် ရိုးရှင်းပြီး နားလည်ရလွယ်ကူစေတဲ့ ဒီ Mobile ဂိမ်းတစ်ခု ရှိနေတယ်ဆိုတာ ခရစ်စမတ်နဲ့ အတူ သတင်းကောင်းပါးလိုက်ရပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: