Reviews

နော့စ်ဒဏ္ဏာရီထဲကနတ်ဘုရားတွေနဲ့တိုက်ခိုက်ရမယ့် Phantomgate : The Last Valkyrie

မင်္ဂလာပါ Playon ပရိတ်သတ်ကြီးရေလက်ရှိဖုန်းထဲကဂိမ်းတွေနဲ့ပျင်းနေပြီလား? ကြယ်တွေလျော့ rank တွေကျလို့အခြားဂိမ်းတစ်ခုခုကိုရွေ့ဆော့ဖို့စဉ်းစားနေလား? ဒါဆိုရင်တော့မပူပါနဲ့ပရိတ်သတ်ကြီးတို့အတွက် Playon ကအမြဲရှိနေပါတယ်😉။ အခုလည်းလုံးဝအမိုက်စားဂိမ်းအသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ဆိုရင်စိတ်များဆိုးကြမလားမသိဘူးနော်😜။ မိတ်ဆက်ပေးမယ့်ဂိမ်းလေးရဲ့နာမည်က Phantomgate : The Last Valkyrie လို့ခေါ်ပြီး နော့စ် (Norse) ဒဏ္ဏာရီကိုအခြေခံတည်ဆောက်ထားပါတယ်။

နော့စ်ဒဏ္ဏာရီကိုတော့တော်တော်များများသိကြမှာပါ။ ကျွန်တော်တို့ရဲ့ Marvel လူစွမ်းကောင်းကြီး သောရ်(Thor) နဲ့သူ့ရဲ့ညီလိုကီ(Loki) အစရှိတဲ့နတ်ဘုရားတွေရဲ့ဒဏ္ဏာရီပါ။ အခုဂိမ်းကိုဒဏ္ဏာရီအပေါ်မှာဇာတ်အိမ်တည်ထားပေမယ့်မတူတာက သောရ်တို့နတ်ဘုရားတွေဟာဒီဂိမ်းထဲမှာလူဆိုးတွေဖြစ်ကုန်ပါတယ်။ ဂိမ်းရဲ့အဓိကဇာတ်ကောင်အနေနဲ့ Astrid လို့ခေါ်တဲ့ Valkyrie ငယ်လေးနေရာကနေဝင်ရောက်ကစားရမှာဖြစ်ပါတယ်။ သောရ်တို့အိုဒင်တို့ဘယ်လိုတောင်ဗီလိန်တွေဖြစ်ကုန်လဲဆိုတာကိုအောက်က trailer ဗီဒိယိုထဲမှာအမြည်းကြည့်ကြည့်လို့ရပါတယ်။

ဂိမ်းရဲ့ဇာတ်လမ်းသွားကတော့ player ဟာ Valkyrie လေး Astrid နေရာကနေမိခင်ဖြစ်သူကို Mad God ကြီးအိုဒင်လက်နေကယ်တင်ရမှာပါ။ အိုဒင်နဲ့မတွေ့ခင်သောရ်တို့နဲ့ဆော်ရဖို့မြင်ပါတယ်။ ဂိမ်းရဲ့ playstyle ဘက်ကိုတစ်ချက်ကြည့်ကြရအောင်……။ ဒီဂိမ်းကတော့ထူးထူးခြားခြားပါပဲသာမန် fantasy rpg အမျိုးအစားရိုးရိုးမဟုတ်ပဲနဲ့ puzzle တချို့ကိုပါကြားညှပ်ထည့်သွင်းထားပါတယ်။ သူ့ရဲ့အမေကိုကယ်ဖို့သွားတဲ့လမ်းတလျောက်မှာ Astrid ဟာရန်သူတွေကိုတိုက်ခိုက်ရုံမဟုတ်ပဲနဲ့ပဟေဋိတွေကိုပါတောက်လျောက်ဖြေရှင်းသွားရမှာပါ။ Astrid တစ်ယောက်တည်းမဟုတ်ပဲ phantom လို့ခေါ်တဲ့အကောင်လေးတွေကလမ်းတစ်လျောက်ကူညီတိုက်ခိုက်ပေးမှာဖြစ်ပါတယ်။ Phantom ကောင်လေးတွေလို့ဆိုပေမယ့် ချစ်စရာကြောင်လေးတွေကနေကြောက်စရာကောင်းတဲ့ဘီလူးစစ်သားကြီးတွေအထိအကောင်ပေါင်း ၃၀၀ ကျော်ပါဝင်ပြီးစိတ်ကြိုက်အဆင့်မြှင့်တင်နိုင်ပါသေးတယ်။

ဂိမ်းဆော့ကစားနေစဉ်တစ်လျောက်မှာ အက်စ်ဂါတ်, မစ်ဂတ် အစရှိတဲ့ကမ္ဘာပေါင်းစုံကိုလျောက်သွားနေရမှာဖြစ်ပြီး နော့စ်ဒဏ္ဏာရီ ရဲ့အငွေ့အသက်ရှုခင်းတွေအပြည့်အဝပါဝင်နေပါတယ်။ Graphic ပိုင်းမှာလည်းတွေ့နေကျတောက်တာက်ပြောင်ပြာင်ရုပ်ထွက်မျိုးမဟုတ်ပဲကာတွန်းဆန်ဆန်လှလှပပဖန်တီးပေးထားတာကဂိမ်းကိုဆွဲဆောင်မှုပိုရှိစေပါတယ်။ ဇာတ်လမ်းသွားဘက်အသားပေးတဲ့ဂိမ်းမျိုးဖြစ်ပြီးတော့ Astrid ဟာကစားနေရင်းတဖြည်းဖြည်းသူမရဲ့စွမ်းအားအမှန်ကိုရရှိလာမှာဖြစ်ပါတယ်။

ကဲ.. ပရိတ်သတ်ကြီးတို့ရေဒီလောက်အလန်းလွန်အလွန်လန်းနေတဲ့ဂိမ်းအသစ်လေးကိုဆော့ချင်တယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါပြီ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: