Konami ရဲ့လက်ရာအသစ် PES Card Collection

FIFA ရဲ့ Player Card တွေစုဆောင်းရတဲ့ပုံစံကို Konami ကလည်း အားကျမခံလိုက်လုပ်လာပါပြီ၊ ဒါပေမယ့် ပြောင်းလဲချက်အနည်းငယ်လေးနဲ့ပါ။ Player Card တွေကိုစုဆောင်းရတာချင်းတူပေမယ့် PES Card Collection ဟာ ပိုပြီးမှ Mobile ပရိသတ်တွေဖက်ကိုဦးစားပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂိမ်းမှာ ကစားသူတွေဟာ ကိုယ်တိုင်ကန်စရာမလိုပါဘူး၊ သူ့ဟာသူ အော်တိုကန်ကြမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ Player Card တွေကိုစုဆောင်း၊ အသင်းတွေကို Manage လုပ်၊ ပြီးရင် ပွဲကန်ဖို့ရွေးချယ်ပေးလိုက်ရုံပါပဲ။ ပွဲထဲရောက်သွားတာနဲ့ အလိုအလျှောက်ကန်နေကြတာကို အခန့်သားထိုင်ကြည့်နေရုံပါပဲ။ Game ရဲ့ Description မှာ အဲဒီအပိုင်းကိုဖတ်မိတော့ အနည်းငယ်တော့ သံသယရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းကစားကြည့်လိုက်တော့ ထင်ထားတာထက် ပိုအဆင်ပြေနေပါတယ်။ တစ်ပွဲချင်းစီက ၃ မိနစ်လောက်ပဲကြာပြီး Game Speed ကို မြန်လိုက်ရင် ၁ မိနစ်လောက်ပဲကြာပါတယ်။ အစအဆုံးထိုင်ကြည့်ချင်တယ်ဆိုရင်လည်း နောက်ခံ တီးလုံး ခပ်မြူးမြူးနဲ့မို့ အဲဒီလောက်ပျင်းစရာမကောင်းပါဘူး။ Online ဆော့ကစားတဲ့အချိန်မှာ ပျင်းနေတယ်ဆိုရင် သင့်ပြိုင်ဖက်ကို Sticker တွေသုံးပြီး လှမ်းနောက်လို့ရပါသေးတယ်။

Single Player Mode ပါဝင်သလို Online Ranked Mode လည်းပါဝင်ပါတယ်။ အထူးအဆန်းအနေနဲ့ ပါဝင်လာတာကတော့ ‘Elevens Match’ ပါ။ ဒီ Mode မှာ သင်အပါအဝင် Online က ကစားသူ ၁၁ ယောက်စုပေါင်းပြီး အသင်း ၁ သင်းဖွဲ့စည်းရမှာပါ။ သင့်စိတ်ကြိုက် Player တစ်ယောက်ကိုရွေးချယ်ရမှာဖြစ်ပြီး ကျန်တဲ့သူ ၁၀ ယောက်ကလည်း သူတို့စိတ်ကြိုက် Player Card တစ်ခုစီကိုရွေးချယ်ကြမှာပါ။ ပြီးတော့ အဲဒီ Player Card ၁၁ ခုကိုစုပေါင်းပြီး အသင်းတစ်ခုအနေနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။

PES Card Collection ဟာ PC/Console ပေါ်က ဂိမ်းတွေကို အစားထိုးမယ့်ဂိမ်းတစ်ခုတော့ မဟုတ်ပါဘူး။ သူ့ရဲ့ရည်ရွယ်ချက်က Mobile Platform နဲ့လိုက်ဖက်အောင် On-the-go ကစားလို့အဆင်ပြေအောင် လုပ်ပေးထားတာဖြစ်ပါတယ်။ ဘောလုံးဝါသနာရှင်တွေ ကိုယ့်အကြိုက်နဲ့ကိုက်မကိုက်သိရအောင် စမ်းဆော့ကြည့်လိုက်ကြပါဦး။ Free-to-play ဆိုတော့ ကိုယ့်ဖက်ကဘာမှအရှုံးမရှိပါဘူး။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password