PC Games Market နဲ့ Mobile Games Market အကြောင်းသိကောင်းစရာများ!

အခုဆိုရင် တချို့ PC player တွေနဲ့ Mobile player တွေကလုံးဝမတည့်ကြပါဘူး။ Social Media တစ်ခုဖြစ်တဲ့ Facebook ထဲက တချို့ Page တွေ၊ Group တွေမှာဆိုရင် PC games Vs Mobile games စသည်ဖြင့် Post တွေတင်၊ Meme တွေလုပ်ပြီးဖိုက်နေကျတာကိုလည်းတွေ့ရမှာပါ။ တချို့Mobile Player တွေကလည်း Mobile Games တွေကြောင့် PC Games Market မခြေအနေမကောင်းတော့ဘူး၊ စသည်ဖြင့်လည်းပြောကြပါတယ်။ ကျွန်တော်ဒီ article မှာကျွန်တော်သိသလောက်လေးပြောပြချင်ပါတယ်။ PC Game တွေနဲ့ Mobile Game တွေကိုရန်တိုက်ပေးမှာလည်းမဟုတ်ပါဘူး။ Market အခြေအနေနဲ့ ကျွန်တော်သိတဲ့အချက်နည်းနည်းပါးပါးလေးကိုပြောပြချင်တာပါ။

 

                                                       

2017 မှာ Mobile Game တွေဆီက 32% ဝင်ငွေရှိနေပြီး PC Game တွေဆီကတော့ 23% သာရှိနေတာကိုတွေ့ရမှာပါ။ Mobile Game ရဲ့ Market က 10% လောက်အရှေ့ရောက်နေတာကိုတွေ့ရမှာပါ။ အခုဆိုရင်တစ်ကမ္ဘာလုံးကလူတွေအားလုံးရဲ့ 80% လောက်က Smart Phone သုံးစွဲနိုင်ကြပါပြီ။ ပြောရရင်အခုလက်ရှိအခြေအနေမှာ လူတော်တော်များများက Smart Phone နဲ့ဆိုအလှမ်းမဝေးကြပါဘူး။ အဲ့ဒါကြောင့် Mobile Game Market ကိုပိုမိုတွင်ကျယ်ကြီးမားလာတာပါ။ နောက်နှစ် 2018 လောက်ဆိုရင် Mobile Game Market က 35% အထိတိုးလာနိုင်တယ်လို့ Marketers အချို့ကခန့်မှန်းထားကြပါပြီ။

Mobile Game တွေကအမှန်တော့အခုမှများလာတာမဟုတ်ပါဘူး၊ အရင်ကတည်းက အများကြီးရှိနေတာပါ။ ဒါပေမဲ့ အရင်တုန်းကလူတွေက Smart Phone နဲ့ အလှမ်းဝေးနေတာကြောင့် Game တွေအများကြီးရှိမှန်းသတိမထားမိတာပါ။ အားလုံးကိုမဆိုလိုပါဘူး၊ တချို့က Mobile Game တော်တော်များများကိုအဲ့ဒီအချိန်ကတည်းကသိနေပါတယ်။ တဖြည်းဖြည်းနဲ့ Smart Phone ကိုင်တဲ့လူတွေပေါများလာတာကြောင့် Mobile Game Market ကလည်းတဖြည်းဖြည်းတွင်ကျယ်လာပြီး Mobile Game တွေလည်းမှိုလိုပေါက်လာတာပဲဖြစ်ပါတယ်။ အားနေတဲ့အချိန်မှာတို့၊ တစ်နေရာရာရောက်လို့စောင့်နေရတဲ့အချိန်မှာတို့ဆိုရင်လူတိုင်းနည်းပါးက Smart Phoneကိုအားကိုးကြပါတယ်။ အဲ့လိုအားကိုးတာများရင်းနဲ့ PC Game ထက် Mobile Game ကိုပိုဆော့ဖြစ်လာတယ်လို့တော့ ကျွန်တော်ယူဆမိပါတယ်။ Mobile Game တော်တော်များများက Free To Play ဖြစ်နေတာကြောင့်လည်းပါမှာပါ။

 

 

                           

 

 

Mobile Game အများစုက Graphics ပိုင်းတို့၊ Resolution အပိုင်းတွေတော့ PC နဲ့အရမ်းကြီးယှဥ်လို့မရပါဘူး။ ယှဥ်နိုင်တဲ့ဂိမ်းတွေလည်းအများကြီးရှိပါတယ်။ အဲ့လိုယှဥ်နိုင်တဲ့ဂိမ်းတော်တော်များများ က ပိုက်ဆံနဲ့ဝယ်ဆော့ရတာများပါတယ်။ ဒါ့အပြင် Mobile Platform မှာ Technology အသစ်ဖြစ်တဲ့ Augmented Reality (AR) ပါဝင်တဲ့ဂိမ်းတချို့ထွက်ရှိပြီးထားပါပြီ။ အဝေးကြီးပြေးမကြည့်ပါနဲ့။ ဟိုတလောကမှ ရေပန်းစားခဲ့တဲ့ Free to play Mobile ဂိမ်းတစ်ခုဖြစ်တဲ့ Pokemon Go မှာ AR Technology ပါဝင်ပါတယ်။ နောက်ပိုင်းကျရင် AR Technology ပါဝင်တဲ့ ဂိမ်းတွေအများကြီးထွက်ရှိလာဦးမှာပါ။

 

                                 

 

Game Market မှာ Mobile Game ဆီကဝင်ငွေပိုများနေပေမယ့်လည်း E-Sports ဘက်မှာတော့ PC Game တွေကဦးဆောင်နေတာကိုတွေ့ရမှာပါ။ Dota2 တို့ CSGO တို့စတဲ့PvP(Player Vs Player) PC Online Game တွေပါ။ Mobile Game တွေလည်း E-Sports မှာနာမည်ကြီးနေပေမယ့်အခုလက်ရှိမှာ PC Online Game တွေကဦးဆောင်နေတာကိုတော့လက်ခံရမှာပါပဲ။

ဒါကတော့ PC game နဲ့ Mobile game တွေရဲ့ Market အခြေအနေနဲ့ ကျွန်တော့်ရဲ့သုံးသပ်ချက်လေးတွေပါ။ PC Player တွေနဲ့ Mobile Player တွေကို Versus လုပ်ပေးတဲ့ Article လုံးဝလုံးဝမဟုတ်ပါဘူး၊ Game တွေ ရဲ့ Article တွေချည်းပဲ မိတ်ဆွေဖတ်နေရတာပျင်းလာမှာစိုးလို့ Game Market အကြောင်းလေးရေးပေးထားတာပါ။

Market မှာက PC နဲ့ Mobile ပဲရှိတာမဟုတ်ပါဘူး။ Tablet, Console, Boxed…. စတာတွေလည်းပါဝင်ပါသေးတယ်။ အဲ့ဒါတွေကိုတော့နောက်မှအချိန်ရရင် Mobile Market နဲ့ ယှဥ်ပြီးထပ်တင်ပေးမှာမလို့ဆက်လက်စောင့်ကြည့်နိုင်ပါတယ်။ ကျွန်တော်ပြောတာကို အမှားပါလို့မိတ်ဆွေ ထောက်ပြချင်ရင်တော့ ဒီ Article ရဲ့ အောက်ဆုံးက Comment Box မှာထောက်ပြနိုင်ပါတယ်။ နောက် Article တစ်ခုမှာပြန်ဆုံမယ်ဗျာ။

 

Image Sources :

http://blog.dota2.com/

http://blog.counter-strike.net/

https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftASHM

https://play.google.com/store/apps/details?id=com.playdead.limbo.full

https://play.google.com/store/apps/details?id=se.foglo.svt

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password