
PayDay: Crime War က မကြာခင်ထွက်ရှိလာတော့မယ်လို့မျှော်မှန်းထားတဲ့ co-operative first-person shooter အက်ရှင်ဂိမ်းဖြစ်ပါတယ်။ Payday လိုဂိမ်းကို မိုလ်ဘိုင်းမှာ ကစားရတော့မယ်ဆိုတာ သတင်းထွက်လာလို့သာ လက်ခံရတာ ယုံကို မယုံချင်ပါဘူး။ အယ်လဲ့ ?)
PAYDAY: Crime War က PayDay universe မှာ ပထမဦးဆုံး မိုလ်ဘိုင်းဗားရှင်းအနေနဲ့ထွက်လာမယ့်ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာဆိုရင် player က မျက်နှာဖုံးစွပ်ဓားပြနေရာ နဲ့ ရဲအရာရှိ နေရာ position နှစ်ခုထဲက တစ်ခုကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Multiplayer PvP (4vs4) ဂိမ်းဖြစ်ပြီး PC/ console ပေါ်မှာ ကစားဖူးကြတဲ့သူတွေဆိုရင်တော့ သူနဲ့ ရင်းနှီးပြီးသားဖြစ်နေမှာပါ။ ဂိမ်းထဲမှာ ဘဏ်ကို ဓားပြတိုက်တာတွေ၊ လုရက်မှုတွေ နဲ့ ရန်သူတွေနဲ့ စိန်ခေါ်တိုက်ခိုက် မှုတွေ ကို ပြုလုပ်ရမှာ ဖြစ်လို့ အက်ရှင်ဆန်ဆန် shooter ဂိမ်းပုံစံ ကြိုက်သူတွေ အတွက် လုံးဝကို ကွက်တိပါပဲ။ ဂိမ်း Game Play ပုံစံ ကလည်း မိုက်တယ် Android နဲ့ iOS နှစ်ခုလုံးအတွက်လည်း available ဖြစ်တယ်ဆိုပေမယ့် ဂိမ်းက အခုချိန်ထိ ထွက်ရှိမလာသေးပါဘူး။
PAYDAY: Crime War က တော်ရုံတန်ရုံလည်း delay ဖြစ်တဲ့ဂိမ်းမဟုတ်ပါဘူး။ သူ့ရဲ့ ရာဇဝင်လေးကို Admin သိသလောက်လေး ရေးပြပါမယ်နော်။ Payday စီးရီးတွေ က console နဲ့ PC ပေါ်မှာ နာမည်ကြီးတဲ့ဂိမ်းတွေဖြစ်ပါတယ်။ Payday Crime War ကတော့ သူ့တို့ရဲ့ spin-off အနေနဲ့ မိုလ်ဘိုင်းဗားရှင်းပေါ်မှာထွက်ရှိလာမယ့် ဂိမ်းပါ။ သူ့ကို E3 2015 မှာ မိုလ်ဘိုင်းဗားရှင်းထုတ်တော့မယ်ဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ E3 2016 မှာ ဂိမ်းကို တရားဝင် စမ်းသပ်ပြသခဲ့ပါတယ်။ သူ့ရဲ့ တရားဝင် မိုလ်ဘိုင်း ဗားရှင်း ကို ၂၀၁၇ မှာ ထွက်ရှိလာဖို့အတွက် မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် မျှော်လင့်ထားတဲ့ အတိုင်း ၂၀၁၇ မှာ Payday Crime War မထွက်ရှိခဲ့ပါဘူး။ အဲ့အစား နမူနာဗီဒီယိုကိုပဲ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ထပ် update သတင်းက ၂၀၁၈ အစောပိုင်းမှာ ဂိမ်းထွက်ရှိလာတော့မယ်ဆိုတဲ့သတင်းပါ။ အဲ့သတင်းကလည်း အခု ၂၀၁၈ နှစ်လည်ပိုင်းထိရောက်နေပေမယ့် မထွက်သေးတာကိုတွေ့ရတာကြောင့် သတင်းမှန်တစ်ခုမဟုတ်ဘူးလို့ ပြောရမှာပါ။ အဲ့တာကြောင့် Payday Crime War ဟာထွက်ရှိမယ့်ရက်ကို လုံးဝမှန်းဆလိုမရတဲ့ ဂိမ်းလို့ဆိုရမှာပါ။
အခုလိုနှောင့်နှေးကြန့်ကြာမှုတွေနဲ့ ပတ်သက်ပြီး Starbreeze (Payday ) ရဲ့ CEO Bo Andersson-Klint က ခုလို ပြောကြားခဲ့ဖူးပါတယ်။
“Starbreeze Barcelona က Geminose ရဲ့ အပြီးသတ် လက်စသတ်မှုကို အနီးကပ်စောင့်ကြည့် မှာဖြစ်ပြီး အားထုတ်မှုတွေ အားလုံးကို PAYDAY: Crime War ပေါ်မှာ အာရုံစိုက် သွားမှာပါ။ ကျွန်တော်တို့ရဲ့ အချစ်တော် PAYDAY franchise ရဲ့ မိုဘိုင်းဗားရှင်း တိုးတက်မှုတွေကို ကြိုးကြိုးစားစား လုပ်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ တွေ ထုတ်ကုန်အပေါ် အာရုံစိုက် သတိမထားမိခဲ့တာတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအချက်ကြောင့် ကျွန်တော်တို့ရဲ့ fan တွေ ဂိမ်းကို မကောင်းဘူးလို့ ထင်သွားကြမှာ စိုးရိမ်တာကြောင့် ထုတ်ကုန်ကို အခြား စတူဒီယိုတစ်ခုဖြစ်တဲ့ BadFly Interactive ဆီကိုပြောင်းရွေ့ခဲ့ပါတယ်။ BadFly နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက်မှာတော့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။”
Source: starbreeze.com
အဲ့ဒီလိုပြောင်းလဲပြင်ဆင်မှုတွေ အများကြီး ပြုလုပ်နေခဲ့တာကြောင့် PAYDAY: Crime War ထွက်ရှိမယ့်ရက်က ကြန့်ကြာပြီးရင်း ကြန့်ကြာနေတာဖြစ်ပါလိမ့်မယ်။ ဘယ်တော့ထွက်မှာလည်းဆိုတာတော့ အတိအကျမထုတ်ပြန်သေးပါဘူး။ သူ့ရဲ့ Website ထဲဝင်ကြည့်ရင်လည်း Coming Soon လို့ပဲ ဖော်ပြထားပြီး pre-register တောင်လုပ်လို့မရသေးတာကိုတွေ့ရပါတယ်။ နမူနာ ဗီဒီယိုကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။
Trailer က စွန်းမိုက်တယ် မဟုတ်လား ???
စွန်းမိုက်တဲ့trailer ကြည့်ပြီးရင်တော့ စွန်းကစားချင်သွားမယ်ဆိုတာကို Admin ခံစားမိပါတယ်။ အဲ့တော့ သူလေး တရားဝင် ထွက်ရှိလာတဲ့ အခါကြရင်လည်း လင်း ပေးပါဦးမယ်နော်။ ၂၀၁၈ အစောပိုင်းမှာ ထွက်ရှိဖို့ရည်ရွယ်ထားပေမယ့် အခု ၂၀၁၈ နှစ်လယ်အထိရောက်နေပြီဆိုတော့ သူ့ကိုတွေ့ရဖို့ သိပ်ပြီး လိုတော့မှာမဟုတ်ပါဘူး။ အဲ့တာကြောင့် Playon နဲ့ အတူ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြလိုက်ကြရအောင်ပေါ့နော့် ?)