ArticleReviews

Father and Son ရဲ့ ဖန်တီးရှင်လုပ်ထားတဲ့ စွန်းစားခန်းဂိမ်းအသစ် Past For Future

ဒီတစ်ခေါက် Playon က ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးကတော့ Past For Future ပဲဖြစ်ပါတယ်။ Past For Future က Father and Son ကိုဖန်တီးခဲ့တဲ့ developer ကပဲ ဖန်တီးထားတာ ဆိုတော့ သေချာပေါက်ခရီးတွေတော့ ရှယ်ထွက်ရမှာပါ။

ဂိမ်းလေးက ဘဝမှာ မပျော်ရွှင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံပြင်ကို အခြေတည်ဖန်တီးထားတာပါ။ ကိုယ့်ဘဝကို မပျော်ရွှင်ပဲ ဘဝကို စိတ်ကုန်နေတဲ့ အမျိုးသားဟာ ဘဝရဲ့ မပျော်ရွှင်မှုတွေကနေ လွတ်မြောက်ဖို့ ခရီးတွေ ထွက်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တဲ့အခါမှာ အရာရာဟာ ပြောင်းလဲလာခဲ့ပါတယ်။ ဂိမ်းထဲမှာ player က အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးကို လေ့လာ ဖို့ဂျပန် နိုင်ငံ တော်ရန်တိုမြို့မှာရှိတဲ့ ကမ်းခြေတွေဆီကို ခရီးထွက်ရမှာပါ။ ခရီးထွက်ခြင်းဖြင့် မပျော်ရွှင်မှုတွေကနေလွတ်မြောက်ဖို့ ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ရှာဖွေရမယ့်ဂိမ်းဖြစ်ပါတယ်။ ကိုယ်မသိတဲ့နေရာဒေသအသစ်တွေကို ခရီးထွက်ပြီး သိရှိနိုင်မယ့် ဂိမ်းလေးဖြစ်တာကြောင့် နည်းနည်း ပျင်းဖို့ကောင်းပေမယ့် ဗဟုသုတတော့ တော်တော်လေးရမှာပါ။ နမူနာ ဗီဒီယိုလေးကိုအောက်မှာကြည့်သွားနော်။

အကယ်၍သင်က ခရီးထွက်ရတာ၊စွန့်စားခန့်တွေနဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကို ဝါသနာပါတဲ့သူတစ်ယောက်ဆိုရင် ဒီဂိမ်းလေးကို လက်မလှှတ်ပဲ ဒေါင်းလုတ်လုပ်သင့်ပါတယ်နော်။ ဂိမ်းကို အခမဲ့ ဒေါင်းလုတ်လုပ်နိုင်တာကြောင့် ကစားကြည့်လည်း ရှုံးတာမရှိပါဘူး။ သူ့ကို App Store မှာရော Play Store မှာရော ၂ခုလုံးမှာ ဒေါင်းလုတ်လုပ်ယူနိုင်ပါတယ်။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password