ချစ်စရာကောင်းတဲ့ ပန်ဒါကလေးလေးတွေကို ပူဖောင်းလေးတွေနဲ့ shoot ပြီးကယ်တင်ပေးရမယ့် Panda Pop

ဒီဂိမ်းလေးထဲမှာတော့ မိတ်ဆွေက ချစ်ဖို့ကောင်းတဲ့ Panda ကလေးလေးတွေကို ကယ်တင်ရမယ့် Panda မေမေကြီးနေရာက ပါဝင်ကစားပေးရမှာပါ။ Panda မေမေကြီးဆိုပေမယ့် ဝဝကစ်ကစ်နဲ့ချစ်စရာကြီးနော်။ အရောင်တူတဲ့ ပူဖောင်းလေးတွေအချင်းချင်း တွဲစပ်ဖောက်ပေးပြီး ပူဖောင်းထဲရောက်နေတဲ့ Panda လေးတွေကို ကယ်တင်ပေးရမှာပါ။ အခြား bubbles shooter ဂိမ်းလေးတွေနဲ့ပုံစံချင်းတူပေမယ့် ဂိမ်းထဲမှာပါတဲ့ characters တွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ design တွေက မိတ်ဆွေကို အကြိုက်တွေ့စေမှာပါ။ စစကစားချင်းမှာ BAMBOO FOREST ကိုဖြတ်ရမှာဖြစ်ပြီး BAMBOO FOREST ကိုကျော်သွားရင်တော့ RIVER PASS , FROZEN WALL , MOUNTAIN VIEW စတဲ့နေရာတွေကို တစ်ဆင့်ချင်း ဖြတ်သန်းသွားရမှာပါ။ မိတ်ဆွေကို တကယ့် Traveler တစ်ယောက် ခရီးသွားနေသလို ခံစားမိစေမှာတော့ အမှန်ပါပဲ။

ဒီအတိုင်းကြည့်ရင်တော့ လွယ်မယ် ထင်ရပေမယ့် level များလာတာနဲ့အမျှ ပိုပိုပြီး ခက်လာမှာပါ။ မိတ်ဆွေပစ်ရမယ့် ပူဖောင်း အရေအတွက်ကို ကန့်သက်ထားတာဖြစ်လို့ ပစ်မယ်ဆိုရင် plan သေချာချပြီး ပစ်ဖို့တော့လိုပါတယ်။ ရမ်းသမ်းပြီး လျှောက်ပစ်ရင်တော့ ပူဖောင်းကုန်သွားရင် အစကနေ ပြန်စပေးရမှာပါ။ ပူဖောင်းအကန့် အသက်ရှိသလို life လည်းအကန့်အသက်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကစားရင်ကစားသလောက် achievements တွေက စောင့်ကြိုနေမှာနော် ။ ဒါ့အပြင် Panda မေမေကြီးကို မိတ်ဆွေ ကြိုက်တဲ့ပုံစံ design လေးပြောင်းပေးလို့ရသေးတယ်နော်။ တကယ့်ကို အကွက်စေ့စေ့နဲ့ စနစ်တကျတည်ဆောက်ထားတဲ့ game လေးဖြစ်လို့ ကစားတဲ့သူတိုင်း သဘောကျနှစ်သက်မိမှာပါ။

Internet ပိတ်ပြီးကစားနိုင်သလို Internet ဖွင့်ပြီး Facebook နဲ့connect လုပ်ရင် မိတ်ဆွေရဲ့ သူငယ်ချင်းတွေဆီကို life အကူအညီလှမ်းတောင်းလို့ရပါတယ်။ အချင်းချင်း အကူအညီပေးရင်း သူငယ်ချင်းသံယောဇဉ်ကိုပါ တိုးတတ်စေမှာနော်။ လိုင်းဖွင့်ထားရင် တစ်နေ့ကို တစ်ကြိမ်Money Tree ကလည်း Money လေးတွေသီးပေးနေမှာပါ။ ပစ်နေရင်းပူဖောင်းကုန်သွားရင် money 40 ပေးပြီး ပူဖောင်းဆယ်လုံးဝယ်လို့ရပါသေးတယ်။ ချစ်စရာအရမ်းကောင်းတဲ့ Panda ပေါက်လေးတွေကိုတွေ့တာနဲ့မိတ်ဆွေ ဆက်ကစားချင်စိတ်ဖြစ်သွားမှာပါ ။

Free to play ဖြစ်ပြီး Android နဲ့IOS နှစ်မျိုးစလုံးနဲ့ ဆော့ကစားနိုင်ပါတယ်။ လူကြိုက်အရမ်းများတဲ့ game လေးဖြစ်ပြီး rating 4.4 အထိရထားတဲ့ game လေးဖြစ်လို့ ကိုယ်တိုင်ပျော်ရွှင်မှုခံစားရအောင် စမ်းပြီးကစားကြည့်ကြရအောင်နော်။

 

 

Image Source : Panda Pop 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password