News

Overwatch ရဲ့ ပုံရိပ်ကို အမှတ်မထင် ယူသုံးမိခဲ့တဲ့ Paladins Strike mobile

Overwatch ရဲ့ အနုပညာ ဖန်တီးမှုတစ်ခုကို Hi-Rez Studios ရဲ့ မိုလ်ဘိုင်း ဂိမ်းအသစ် ကြော်ငြာတစ်ခုမှာ ယူသုံးထားတာကို player တစ်ယောက်က အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။ ကြော်ငြာကို ရုတ်တရက် ကြည့်လိုက်ရင်တော့ ကွဲပြားတဲ့ character skin တွေကြောင့် သိပ်ပြီး မသိသာပါဘူး။ ဒါပေမယ့် သေသေချာချာ ကြည့်လိုက်ရင် Overwatch ရဲ့ Lijiang Tower map နဲ့တူတဲ့ အရာကို ဂိမ်းရဲ့ နောက်ခံ background အဖြစ်သုံးထားတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ အဲ့ဒီကြော်ငြာကို GIF Redditအသုံးပြုသူတစ်ယောက်က GIF ပြုလုပ်ပြီး post တစ်ခု တင်ခဲ့တာပါ။ သူ့ရဲ့ အောက်မှာ Paladins နဲ့ ပတ်သက်ပြီး ဝေဖန်အအကြံပြုသူတွေလည်း အမြောက်အများတွေ့ရပါတယ်။

အဆိုပါ post ဟာ Paladins Reddit ဆီပျံ့နှံ့ခဲ့ပြီး Hi-Rez ရဲ့ Art Director ThunderBrush ကိုယ်တိုင် ဖြေရှင်းချက်တစ်ခု ဝင်ရေးပေးရတဲ့ အထိဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ThunderBrush က

ပထမဆုံးအနေနဲ့ ခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကြော်ငြာထဲက ပုံရိပ်ကို Paladins Strike အတွက် နိုင်ငံခြားစတူဒီယိုတစ်ခုကနေ ပြုလုပ်ပေးခဲ့တာပါ။ ခုလိုဖြစ်သွားတာကိုလည်း Hi-Rez က ဘယ်သူမှ မသိခဲ့ကြပါဘူး။ ကျွန်တော်တို့ ချက်ချင်း ပြန်စစ်ဆေးလိုက်ပါ့မယ်။
Source: IGN

လို့ ပြောကြားထားပါတယ်။

Reddit သုံးသူတွေကို ရှုပ်ရှက်ခက်အောင်လုပ်သွားတဲ့ Paladins ရဲ့ ကြော်ငြာကို အောက်မှာကြည့်ကြည့်လိုက်ကြပါဦး။ (အဲ့ထဲမှာ Overwatch က Lijiang tower ကြီးပါတယ် ရှာကြည့်ကြည့်)

Paladins Strike က Hi-Rez Studio ရဲ့ PC hero shooter ဂိမ်း Paladins ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ခုလ အစောပိုင်း လောက်ကမှ ထွက်ရှိထားတဲ့ဂိမ်းဖြစ်ပြီး Overwatch ပုံစံနဲ့ အနည်းငယ်ဆင်ပါတယ်။ အပေါ်မှာရေးထားတဲ့အကြောင်းအရာတွေ ကို ဖတ်ကြည့်ပြီး Paladins Strike ကို ကစားချင်တယ်ဆိုရင် Play Store နဲ့ App Store တို့မှာ အခမဲ့ ဒေါင်းလုတ်လုပ်ယူနိုင်ပါတယ်နော်။

Download link – Android/ IOS

Ref: IGN, Reddit

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: