ချစ်စဖွယ် ဝက်ဝံလေးနေရာကနေ ကစားရမယ့် Paddington Run

ဒီနောက်ပိုင်းမှာ နာမည်ကြီးရုပ်ရှင်တစ်ကားထွက်တော့မယ်ဆိုရင် ရုပ်ရှင်နဲ့အတူ Mobile ဂိမ်းတွေပါလိုက်ထွက်လာကြပါတယ်။ အခုလည်း နိုဝင်ဘာ ၁၀ ရက်နေ့ထွက်ရှိမယ့် Paddington 2 ရုပ်ရှင်ကိုကြိုဆိုတဲ့အနေနဲ့ Paddington Run လို့အမည်ရတဲ့ Endless Runner ဂိမ်းလေးထွက်ရှိလာပါတယ်။ နာမည်ကြီး Family Movie တစ်ခုဖြစ်တဲ့ Paddington ထဲက ချစ်စဖွယ်ဝက်ဝံလေးနေရာကနေကစားရမယ့် ဒီဂိမ်းလေးဟာ လောလောဆယ်မှာတော့ App Store ပေါ်က ချစ်စရာအကောင်းဆုံးဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒီဂိမ်းလေးကတော့ Temple Run နဲ့ Subway Surfers တို့လိုမျိုး Endless Runner ဂိမ်းတစ်ခုဖြစ်ပါတယ်။ Game Mechanic အပိုင်းကလည်း ထွေထွေထူးထူးပြောင်းလဲသွားတာမရှိပါဘူး။ လမ်းပေါ်မှာရှိတဲ့ အတားအဆီးတွေကိုရှောင်ရှားရင်း အသီးယိုလေးတွေကို လိုက်လံစုဆောင်းရမှာဖြစ်ပါတယ်။ ရရှိလာတဲ့ အသီးယိုလေးတွေကိုအသုံးပြုပြီး Paddington လေးအတွက် ဝတ်စုံအသစ်တွေဝယ်ယူပေးလို့ရမှာဖြစ်ပြီး ဝတ်စုံတိုင်းမှာ Perk တွေပါဝင်ပါတယ်။ ဒါ့အပြင် Power Up တွေကို Upgrade လုပ်ပြီး အသီးယိုရရှိတဲ့နှုန်းတွေကို မြင့်တင်လို့ရဦးမှာဖြစ်ပါတယ်။ Gameplay ပိုင်းနဲ့ပတ်သက်ပြီးတော့ ဒီလောက်ပါပဲ။ နဂိုရှိပြီးသား Formula ပဲဖြစ်လို့ Endless Runner ပရိသတ်တွေ မနှစ်သက်စရာအကြောင်းမရှိပါဘူး။

ဒါပေမယ့် ဒီဂိမ်းရဲ့အဓိက Charm ကတော့ ဝက်ဝံလေး Paddington ပါ။ သူ့ရဲ့ချစ်စရာကောင်းတဲ့ Animation တွေက လူကြီးလူငယ်မရွေး အားလုံးကိုပြုံးမိစေမှာပါ။ နဂိုကတည်းက ချစ်စရာကောင်းတဲ့ Character ဖြစ်တဲ့အတွက် သားသားမီးမီးတွေလည်း သဘောတွေ့ကြမှာဖြစ်ပါတယ်။ ဒီဂိမ်းနဲ့ပတ်သက်ပြီး အများကြီးပြောစရာလည်းမရှိပါဘူး။ ဝက်ဝံလေး Paddington ကိုသဘောကျတယ်ဆိုရင် ဒီဂိမ်းဟာ သင့်ရဲ့ အမြဲဆော့ဖြစ်မယ့် Endless Runner ဂိမ်းလေးဖြစ်လာမှာပဲ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password