အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Pac-Man!

Pac-Man ဆိုတဲ့ဂိမ်လေးကတော့ old school arcade ဂိမ်းလေးဖြစ်တာကြောင့် တော်တော်များများနဲ့ရင်းနှီးနေမှာပါ။ အရင်တုန်းက PC Platform မှာ Mini Game အဖြစ်ရပ်တည်နေပြီး ကျွန်တော်တို့ကို မပျင်းအောင်ပြုလုပ်ပေးခဲ့တဲ့ ဂိမ်းလေးလည်းဖြစ်ပါတယ်။ PC တင်မဟုတ်ပါဘူး၊ တခြား Platform တော်တော်များများမှာလည်းထွက်ရှိထားတဲ့ဂိမ်းဖြစ်ပါတယ်။ Mobile မှာတော့၂၀၀၃ ခုနစ်မှာတထွက်ရှိလာ တာဖြစ်ပါတယ်။

Super Hero တွေထဲ က Character တစ်ယောက်ဖြစ်တဲ့ Star Lord တောင် Pac-Man ဂိမ်းလေးကိုကြိုက်တာမိတ်ဆွေသိမှာပါ။  Guardian of The Galaxy 2 ထဲကနောက်ဆုံးပိုင်းမှာ သူ့အဖေနဲ့ပုံပြောင်းပြီးချတဲ့အခန်းမှာ Pac-Man ပုံဖြစ်နေတာကို မိတ်ဆွေသတိထားမိမှာပါ။ သတိမထားမိလိုက်ဘူးဆိုရင် ပြန်ကြည့်ဖို့ပြောပါရစေ။ တော်တော်ကြည့်လို့ကောင်း တဲ့ဇာတ်ကားဖြစ်တာကြောင့် မကြည့်ရသေးတဲ့ လူတွေကိုလည်း ကြည့်ကြဖို့ လမ်းကြုံတုန်းလေး တိုက်တွန်းလိုက်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေရဲ့ Character ကတော့ Pac-Man ဖြစ်ပါတယ်။ ပါးစပ်ပဲရှိတဲ့ သတ္တဝါလေးဖြစ်ပါတယ်။ ဆော့ရမယ့်ပုံစံကတော့ ရိုးရှင်းပါတယ်။ လမ်းမှာတွေ့သမျှ အစက်တွေအားလုံးကို လိုက်စားရမှာဖြစ်ပါတယ်။ ရှိသမျှအစက်တွေအားလုံးကိုစားနိုင်မှသာ အနိုင်ရရှိမှာဖြစ်ပါတယ်။ အစက်တွေအားလုံးကို လိုက်စားဖို့ဆိုတာကတော့ မလွယ်လှပါဘူး။ ဘာလို့လဲဆိုတော့ လမ်းတစ်လျှောက်မှာ မိတ်ဆွေကို နှောက်ယှက်မယ့်အကောင်တွေ ရှိနေမှာမို့လို့ပါ။ အဲ့ဒီအကောင်တွေကတော့ သရဲတွေပါ။

မိတ်ဆွေသွားရမယ့်လမ်းတစ်လျှောက်မှာ သရဲတွေက လေးကောင်တောင် ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီ လေးကောင်ထဲက မိတ်ဆွေ တစ်ကောင်ကောင်နဲ့ထိမိရင်တော့ မိတ်ဆွေ အစားခံရမှာဖြစ်ပြီး Game Over မှာဖြစ်ပါတယ်။ တစ်ခါထိသွားရုံနဲ့တော့ Game Over ဖြစ်မှာမဟုတ်ပါဘူး။ မိတ်ဆွေဆီမှာအသက် ၄ ခုရှိတဲ့အတွက် ၄ ခါအစားခံရမှသာ Game Over မှာဖြစ်ပါတယ်။ အဲ့ဒီတော့ မိတ်ဆွေက အစက်တွေကိုစားတဲ့အခါမှာ သရဲတွေကိုရှောင်ပြီးစားရမှာဖြစ်ပါတယ်။ မိတ်ဆွေမှာ လက်စားချေနိုင်တဲ့ အချိန်တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ လမ်းမှာရှိနေတဲ့ အစက်တွေထဲက အကြီးဆုံအစက်ကို စားပြီးတဲ့အချိန်ပါ။ အကြီးဆုံးအစက်ကိုစားပြီးရင်တော့ ရှိသမျှသရဲတွေအကုန်လုံးကို မိတ်ဆွေကပြန်စားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကတော့ ခဏပါပဲ။ အချိန်တစ်ခုရောက်ရင် မိတ်ဆွေက ပြန်ပြေးရမှာဖြစ်ပါတယ်။

Level Stage တွေက ၂၅၆ ခုပါဝင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Level စစချင်းမှာတော့ သရဲတွေက ပုံမှန်အတိုင်းသွားနေမှာဖြစ်ပြီး နောက်ပိုင်း Level တွေရောက်ရင်တော့ သရဲတွေက ပိုမိုမြန်လာမှာဖြစ်ပြီး သူတို့ရဲ့ Target ကလည်း မိတ်ဆွေဖြစ်လာမှာပါ။ ပုံမှန်ဆော့ရတာ ပျင်းလာရင်တော့ Tournament တွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ Tournament မှာဝင်ရောက် ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ Game Center နဲ့ချိတ်မှ ရမှာပါ။ စိန်ပြေးလိုက်တန်း ဆော့ရမယ့်ဂိမ်းလေး ဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ ဆော့လို့ကောင်း တဲ့ old school ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.namcobandaigames.pacmantournaments

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password