Reviews

Supernatural စွမ်းအင်တွေနဲ့ သင့်ကို စိတ်အပြောင်းအလဲဖြစ်စေမယ့် စွန့်စားခန်းဂိမ်း Oxenfree

Oxenfree က ၁၉၈၀ ခုနှစ် က ထွက်ရှိထားတဲ့ စွန့်စားခန်း ဇာတ်ကားတစ်ကားရဲ့ အကောင်းဆုံးအပိုင်းကို ယူပြီး ပြောင်မြောက်တဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာဆိုရင် သဘာဝလွန်စွမ်းအားတွေနဲ့ လျှို့ဝှက် သည်းဖိုဖြစ်ရပ်တွေက သင့်ကို စောင့်ကြိုနေမှာပါ။

ဂိမ်း ကစားရင်း တစ္ဆေဂိတ်အပေါက်ဝ ကို မတော်တဆ သွားဖွင့်မိတဲ့ သူငယ်ချင်းတစ်စု ကြုံတွေ့ရတဲ့ လျှို့ဝှက်သည်းဖို ဖြစ်စဉ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နောက်ခံအကြောင်းကို ပြန်ပြောရရင် Alex ဆိုတဲ့ ကောင်မလေးက သူ့ရဲ့ သွေးတစ်ဝက်ပဲနှောတဲ့အကို ဖြစ်သူ Jonas နဲ့ လူမရှိတဲ့ ကျွန်းဟောင်းကြီး တစ်ခုက ညပါတီပွဲကို သွားခဲ့ကြပါတယ်။ ပါတီပွဲမှာ ဟိုးအရင်တည်းက ကျွန်းမှာ တည်ရှိနေတဲ့ တစ္ဆေတွေရဲ့ ဂိတ်တံခါးကို အမှတ်မထင် ဖွင့်မိခဲ့ကြလို့ ဂိတ်ထဲက ထွက်လာတဲ့ မကောင်းဆိုးရွားတွေ နဲ့ သည်းထိတ် ရင်ဖို ဖြစ်ရပ်တွေကို ရင်ဆိုင်ရမှာပါ။

Oxenfree ကို touchscreen နဲ့ controller modes နှစ်မျိုးစလုံးနဲ့ ကစားနိုင်ပါတယ်။ စကားအပြန်အလှန်ပြောရတဲ့ စနစ် (conversation system) က ဇာတ်လမ်း တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်လို့ သင့်ရဲ့ဆုံးဖြတ်ချက်တိုင်းက အရေးပါပါတယ်။ ပြိုင်ဘက်ကင်း radio mechanic က Alex ကို လျို့ဝှက်ဆန်းကြယ်တဲ့ တစ္ဆေတွေနဲ့ ဆက်သွယ်နိုင်ဖို့ နဲ့ သူမရဲ့ ကမ္ဘာကို ခြယ်လှယ်နိုင်ဖို့အတွက်ခွင့်ပြုပေးမှာပါ။

ဆယ်စုနှစ်များစွာနဲ့ ဘဝအချိန်များစွာကို ဖြတ်သန်းပြီး လျှို့ဝှက်နက်နဲမှုတွေကို ဖြေရှင်းရမယ့် ဂိမ်းဖြစ်လို့ စွန့်စားခန်းတွေကို နှစ်သက်တဲ့ gamers တွေ အကြိုက်ပါ။ App Store မှာ ၂၀၁၇ ရဲ့ ပူပူနွေးနွေး “Editors’ Choice” ဆုကို ရရှိထားပါတယ်။ နမူနာ video ကို အောက်မှာကြည့်နိုင်ပါတယ်။

မြန်မာငွေ ၆၆၁၇ ကျပ်ပေးဝယ်ပြီး Android, iOS နှစ်မျိုးစလုံးနဲ့ ကစားလို့ရပါတယ်။ App Store မှာ rating 4.7 အထိရရှိနေပြီး Play Store မှာတော့ rating 4.6 ရရှိထားပါတယ်။

 

Image Source – Oxenfree

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: