ArticleReviews

Console quality မျိုးနဲ့ဆော့ကစားနိုင်မယ့် Mobile Action-RPG ဂိမ်း Overlords of Oblivion 

Console ရုပ်ထွက်မျိုးပေးစွမ်းနိုင်မယ့် Action-RPG (ARPG) ဂိမ်းအမျိုးအစား Overlords of Oblivion ကတော့ပြီးခဲ့တဲ့ သြဂုတ်လကတည်းက Pre-register လုပ်နိုင်ခဲ့တာဖြစ်ပြီး အခုနိုဝင်ဘာလ အကုန်နားလောက်က Pre-launch အနေနဲ့ထွက်ရှိလာတာဖြစ်ပါတယ်။ Official version ကတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကမှ ထွက်ရှိလာတာ ဖြစ်တယ်ပါတယ်။

ဒီ Mobile ဂိမ်းကို Console quality မျိုးနဲ့ဆော့ကစားနိုင်မယ်လို့ ကျွန်တော်ဘာလို့အမွှန်းတင်ထားလဲဆိုတာကို အောက်ဆုံးက Trailer နဲ့ Gameplay video တစ်ခုက မိတ်ဆွေကို သက်သေပြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဂိမ်းအကြောင်းကိုပဲတင်ဆက်ပေးသွားမှာပါ။ ?)… ဒီဂိမ်းက Action-RPG ဂိမ်းဆိုပေမယ့် သူ့ရဲ့ ဒီဇိုင်းအနေအထားက MOBA အမျိုးအစားဘက်ကိုသွားတာကြောင့် ဘယ်သူမဆိုရုတ်တရက်ကြည့်ရင် Mobile Legends လို MOBA ဂိမ်းအမျိုးအစားလို့ပဲထင်ကြမှာပါ။

သူကတော့ Story line နဲ့ဆော့ကစားသွားရမှာဖြစ်ပြီး ရန်သူသတ္တဝါကြီးတွေ၊ ခေါင်းဆောင် Demon ကြီးတွေနဲ့ တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ Player တွေကတော့ အမှန်တရားဘက်ကတိုက်ခိုက်မယ့် Overlord တွေနေရာကနေကစားရမှာပါ။ Overlord တစ်ကောင်နဲ့ တစ်ကောင်က Combat တွေ၊ Ultimate Ability တွေက မတူညီပဲထူးခြားနေမှာဖြစ်ပါတယ်။ ARPG ဂိမ်းဆိုပေမယ့် MOBA type လိုမျိုး 1 vs 3, 5 vs 5, 30 vs 30 ဆိုပြီး Multiplayer ဆော့ကစားနိုင်တဲ့ Arena mode လည်းပါဝင်နေမှာပါ။

In-game ပိုင်းရော၊ Story ပိုင်းရော၊ Graphics ပိုင်းရောကမဆိုးလှတဲ့အနေအထားဆိုပေမယ့် Automode feature ကြီးပါနေတာကိုတော့ ကျွန်တော့်အနေနဲ့ သိပ်ဘဝင်မကျပါဘူး။ Automode ဟာတော့ Player က Character ရဲ့ Special ability တွေသုံးတာ၊ ရန်သူဆီကရတဲ့ Resource တွေလိုက်ကောက်တာ အစရှိတာတွေကလွဲလို့ ကျန်တဲ့ Normal Combat တွေမှာပါဝင်ဆောင်ရွက်မှုမပြုရတဲ့ Feature ပါ။ ဒီလို ARPG ဂိမ်းမျိုးက Automode ထက် Player ကိုယ်တိုင်ကအားတက်သရော်ဝင်ချတာမျိုး လုပ်မှအရသာရှိမယ်လို့ ခံယူထားတဲ့အတွက် ကျွန်တော့်အနေနဲ့ သိပ်ဘဝင်မကျတာပဲဖြစ်ပါတယ်။

ပြီးတော့နောက်တစ်ခုပြောစရာရှိတာက ဒီဂိမ်းဟာ Play to win ထက် Pay to Win ဘက်ကိုနည်းနည်းပိုပြီးသွားပါတယ်။ ဆိုတော့ Pay to Win ပုံစံမျိုးကို အမြင်မကြည်တဲ့ Player တွေကတော့ ဒီဂိမ်းကိုသိပ်ပြီး mood ဝင်မှာမဟုတ်လောက်ပါဘူး။ ?).. ဂိမ်းကတော့ Free to play ဂိမ်းအမျိုးအစားဖြစ်ပြီး လက်ရှိ Playstore မှာ download ဆွဲဆော့ကစားနိုင်ပါပြီ။

Download link- Android

Trailer!

Gameplay!

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password