News

မိုလ်ဘိုင်း platform ထက်က The X-files: Deep State

Adventure ဂိမ်းအနေနဲ့ android platform ပေါ်ကို ရောက်ရှိလာတဲ့ ဒီဂိမ်းမှာကတော့ ဆော့ကစားသူအနေနဲ့ လျှို့ဝှက်ချက်များကို ဖော်ထုတ်ဖြေရှင်းရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်ရပ်များကို ရှာဖွေဖော်ထုတ်ခြင်းများနဲ့တည်ဆောက်ထားတဲ့ အတွက်ကြောင့် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းတစ်ခုဘဲ ဖြစ်ပါတယ်။

ဒီမှာဆိုရင် မိတ်ဆွေအနေနဲ့ ဆန်းကြယ်တဲ့ ဖြစ်ရပ်ဆန်းများကို စုံစမ်းစစ်ဆေးရမှာ ဖြစ်သလို မိမိကြိုက်နှစ်သက်ရာ characters များနဲ့ Team up ဖွဲ့စည်းခြင်းများလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင်ဒီဂိမ်းမှာကတော့ ဇာတ်လမ်းပုံစံများနဲ့ ဖန်တီးထားပေမယ့် Developer များအနေနဲ့ ကြိုတင်ပြီး Game plot များကို ယူဆောင်လာမှာမဟုတ်ပါဘူး။

သင့်အနေနဲ့ ဒီဂိမ်းမှာ အဓိကလုပ်ဆောင်ရမှာကတော့ မိမိစိတ်ကြိုက် သို့မဟုတ် သေချာစဉ်းစား ဆုံးဖြတ်ရမယ့် moral နဲ့ ပတ်သက် တိုက်ဆိုင်တဲ့ ရွေးချယ်မှုများကို လုပ်ဆောင်ရဖို့တော့ ရှိနေပါတယ်။ ဒီဂိမ်းမှာကတော့ in game အနေနဲ့ မိတ်ဆွေက ကြိုက်နှစ်သက်ရာ character တစ်ယောက်ကို ရွှေးချယ်ပြီး အဲ့ character အဖြစ်နဲ့ ဆော့ကစားနိုင်တယ်ဆိုတာလည်း  ကောင်းမွန်တဲ့ ဂိမ်းတစ်ခု ဖြစ်လာဖို့လည်း ကျွန်တော့် အနေနဲ့ကတော့ မျှော်လင့်မိပါတယ်။

 

 

                    

Story Plot ကောင်းကောင်းမွန်မွန်နဲ့ ဖန်တီးထားတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်တာကြောင့် ဘယ်လိုအရာတွေနဲ့ ဆက်လက်ပြီး ရပ်တည်နေမလဲ ဆိုတာကတော့ မိတ်ဆွေနဲ့ ကျွန်တော်တို့ အားလုံး ရယူပိုင်ဆိုင်ရင်း အကဲဖြစ်လိုက်ကြစို့လား။

ဒီAdventure ဂိမ်းကို တော့ Free to Play အနေနဲ့ mobile platform များမှာ ရယူနိုင်ပြီဖြစ်ပါတယ်။ Google Play Store နဲ့ App Store များမှာ ရယူနိုင်ပြီဖြစ်ကြောင်း Playon မိတ်ဆွေများကို သတင်းကောင်း ပါးလိုက်ရပါတယ် ခင်ဗျာ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: