Reviews

ဆရာဝန်တွေရဲ့ဘဝကို သရုပ်ဖော်ထားတဲ့ Operate Now : Hospital!

အချိန် ၂၅ စက္ကန့်တိုင်းကမ္ဘာပေါ်မှာရှိနေတဲ့လူတစ်ယောက်က မတော်တဆမှုကြောင့် အသက်ပေးကြရပါတယ်။ မတူညီတဲ့ မတော်တဆမှုအမျိုးမျိုးတွေဖြစ်ပြီးအသက်ပေးကြရတာပဲဖြစ်ပါတယ်။ ဆေးရုံကို အချိန်မှီရောက်သွားတဲ့လူကရှင်ကျန်ခဲ့သလို အချိန်မမှီတဲ့လူကတော့ အသက်ဆုံးရှံးရတာဖြစ်ပါတယ်။

ဒီဂိမ်းမှာတော့ မိတ်ဆွေရဲ့ role က အဲ့ဒီဆေးရုံကိုရောက်လာတဲ့ လူနာတွေကို အသက်ရှင်အောင်ကြိုးစားဆောင်ရွက်ပေးရမှာပဲဖြစ်ပါတယ်။ Accident တစ်ခုခုဖြစ်လာတဲ့လူနာ (သို့) အနာတရဖြစ်လာတဲ့လူနာတွေကို ကယ်တင်ရမှာကြောင့် ဒီဂိမ်းမှာ မိတ်ဆွေရဲ့ Character က Surgeon တစ်ယောက်ဖြစ်နေမှာပါ။

Surgeon တစ်ယောက်ဖြစ်နေတာကြောင့် လူတစ်ယောက်မှာရှိနေတဲ့ အတွင်းကလိစာတွေချုပ်တာတို့၊ အသားတွေကိုချုပ်တာတို့ စတာတွေပြုလုပ်ရမှာဖြစ်ပါတယ်။ အတွင်းကလိစာတွေကိုထိတွေ့ရတဲ့ အခါပေးထားတဲ့အချိန်အတွင်း Target ကိုထိထိရောက်ရောက်ချုပ်နိုင်မှသာ လူနာအသက်ရှင်မှာလည်းဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေက Surgeon တစ်ယောက်ရဲ့တာဝန်ကိုသာမက ကိုယ်ပိုင်ဆေးရုံတစ်ခုတည်ထောင်ပြီး ဆေးရုံ မန်နေဂျာ တစ်ယောက်နေရာကပါတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဆေးရုံ ဖြစ်နေတာကြောင့် လာသမျှလူနာတွေကို မိတ်ဆွေတစ်ယောက်တည်း ကုသနိုင်မှာမဟုတ်ပါဘူး။ အဲ့တော့ မိတ်ဆွေလိုပဲပုံစံတူ Surgeon တွေကိုငှားရတော့မှာဖြစ်ပါတယ်။

စစချင်းမှာ ဆေးရုံက တစ်ခန်၊ နှစ်ခန်းလောက်ပဲရှိနေဉီးမှာကြောင့် Surgeon တွေအများကြီး လိုနေဉီးမှာတော့မဟုတ်ဘူးဗျ။ လူနာတွေစီက အခကြေးငွေရရှိတာများလာမှသာ ဆေးရုံအကြီးကြီးဖြစ်လာမှာဖြစ်ပါတယ်။ ဆေးရုံနည်းနည်းကြီးလာပြီဆိုရင်တော့ Surgeon တင်မဟုတ်ပဲ Doctor, Nurse, Paramedic, Auxliary စတဲ့ အထွေထွေကုသမဲ့ဆရာဝန်၊ လူနာတွေကိုစောင့်ရှောက်ပေးတဲ့အဖွဲ့တွေပါ ထပ်မံခန့်အပ်ရမှာဖြစ်ပါတယ်။ အဲ့လိုတွေခန့်မှသာ လူနာတွေအတွက်ပိုပြီးစိတ်ချရမှာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမိတ်ဆွေခန့်ထားတဲ့လူဉီးရေများလာတဲ့အခါ Duty တွေလည်း Change ပေးရမှာဖြစ်ပါတယ်။

သမားတော်တစ်ယောက်ချင်းစီမှာ Level တွေသပ်မှတ်ထားပါတယ်။ Level မြင့်တဲ့သမားတော်တွေကို အခကြေးပိုပေးရမှာလည်းဖြစ်ပါတယ်။ မိတ်ဆွေရဲ့ဆေးရုံကိုရောက်လာတဲ့လူနာတွေက မတူညီတဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ရောက်လာကြမှာဖြစ်တာကြောင့် Drama ပိုင်းလည်း ပါဝင်တာကိုတွေ့ရမှာပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Surgeon တစ်ယောက်နေရာကသာမက Manager တစ်ယောက်နေရာကပါကစားရမှာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Operate Now : Hospital 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: