Reviews

ကြမ်းကြမ်းတမ်းတမ်း အက်ရှင်တွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် Honor Against Darkness

ကိုယ့် mobile ဖုန်းထဲမှာ ထားရှိဖို့ ဂိမ်းကောင်းကောင်းတွေကို လိုက်ရှာနေတဲ့ Playon က မိတ်ဆွေများ အတွက် battle များကြားမှာ တိုက်ခိုက်ရမယ့် ဂိမ်းကောင်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ရပါတယ်။

                                

ကြမ်းတမ်း ခက်ထန်တဲ့ Battle များနဲ့ Real-time PVP ပုံစံဂိမ်းများကို သဘာကျတဲ့ သူတွေအတွက်ကတော့ Honor Against Darkness အမည်ရတဲ့ ဂိမ်းလေးကတော့ သင်တို့အတွက် အသင့်ရှိနေပါပြီ။ မိတ်ဆွေအနေနဲ့ ကိုယ်တစ်ယောက်ထဲ solo အနေနဲ့လည်း ဆော့ကစားနိုင်သလို ဒါမဟုတ် ကိုယ့် allies များနဲ့ ပူးပေါင်းပြီး Battle များဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

                            

ဒီဂိမ်းလေးကတော့ PVP open game အမျိုးအစား တစ်ခုဖြစ်တာကြောင့် မိတ်ဆွေအတွက် အကြိုက်တွေ့စေမှာပါ။ ဒါတင်မကဘဲ  3D effect နဲ့ special effect များအသုံးပြုထားတဲ့ အတွက်လည်း ဂိမ်းရဲ့ ရုပ်ထွက်မှု အပိုင်းကိုတော့ စိတ်ချ လို့ရပြီပေါ့ဗျာ။ ဂိမ်းမှာ ပါဝင်တဲ့ Character များနဲ့ ဂိမ်းမှာ ပါရှိတဲ့ လှုပ်ရှားသွားလာမှု တစ်ခုစီတိုင်းကို ကြည့်လိုက်မယ်ဆိုရင် High Quality တွေ အသုံးပြုထားခြင်းကြောင့် မိုဘိုင်း ဂိမ်းကောင်းတစ်ခုလို့ ဆိုရတော့မှာပေါ့ဗျာ။

ကိုယ့်ရဲ့  Hero အတွက်လိုအပ်တဲ့ item များကို ရှာဖွေ စုဆောင်းပြီး ပေးထားတဲ့ Missions အခန်းများစွာမှာ လုပ်ဆောင်ရမှာဘဲ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ မိမိရဲ့ Hero Level များများရောက်ရှိထားဖို့နဲ့ item များများစုဆောင်းမိဖို့အတွက် လိုအပ်ပါတယ်။ ပေးထားတဲ့ Quest တစ်ခုချင်းစီမှာလည်း လုပ်ဆောင်ရမယ့် missions အသေးလေးတွေက စလို့ Boss များနဲ့ တိုက်ခိုက်ခြင်း၊ battle challenges များလည်း ပါဝင်တဲ့ အတွက် ကျွန်တော်ကတော့ အကြိုက်တွေ့နေမိပါပြီ။။ Hero Level Up အနေနဲ့ကတော့ no limitation ဆိုတော့ အကန့်အသတ်မရှိတော့ မိမိအနေနဲ့ Level များများရောက်ထားဖို့တော့ ဒီဂိမ်းမှာ အရေးကြီးတဲ့ လိုအပ်ချက်လို့ ပြောရမှာပါ။

စိတ်ဝင်စားစရာကောင်းတဲ့ ဒီမိုလ်ဘိုင်းလေးကိုတော့ Free to play အနေနဲ့ platform များဖြစ်တဲ့ Google Play Store နဲ့ App Store ပေါ်မှာ ရယူနိုင်ပါတယ် ဆိုတဲ့ အကြောင်း Playon မိတ်ဆွေများအတွက် ဂိမ်းကောင်းတစ်ခု အဖြစ် ခံစားရစေမယ့် ဂိမ်းကောင်း တစ်ခုကို ဖော်ပြ ပေးလိုက်ရပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: