News

ကမ္ဘာအနှံ့အပြားကို Gameplay ပုံစံအသစ်နဲ့ရောက်လာပြီဖြစ်တဲ့ Onmyoji Arena

NetEase ရဲ့ နာမည်ကြီး JP ဂိမ်း စီးရီးတစ်ခုဖြစ်တဲ့ “Onmyoji” ရဲ့ နိုင်ငံတကာဗားရှင်း “Onmyojiarena” က ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂) ရက်နေ့တုန်းက iOS ပေါ်စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Google Play Store ကိုတော့ နောက်တစ်ရက် ဇူလိုင်(၁၃) မှာရောက်ရှိခဲ့တာပါ။ “Onmyoji” က ဒေါင်းလုတ် လုပ်သူအရေအတွက် သန်း၂၀၀ ကျော်ရှိတဲ့ ဂျပန်စတိုင် RPG game အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့ စီးရီးဖြစ်တဲ့ “Onmyojiarena” ထဲမှာလည်း “Onmyoji” ထဲက ထိပ်တန်း နာမည်ကြီး အသံသရုပ်ဆောင်တွေ ထည့်သုံးထာတာကြောင့် ကစားရတာ တကယ့်ကို စီးမြောသွားစေမှာပါ။ ဒါ့အပြင် ဂိမ်းကစားနေရင်း player တွေကို မျှတတဲ့ပြိုင်ဆိုင်မှု အတွေအကြုံတွေ၊ သက်ဝင် လှုပ်ရှားလှပတဲ့ရုပ်ပုံ တွေနဲ့ဆွဲဆောင်မှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလတုန်းက “Onmyojiarena” ရဲ့ Asian server ဗားရှင်း ထွက်ရှိခဲ့ပြီး ကောင်းမွန်တဲ့ရလဒ်တွေနဲ့ ထိုင်ဝမ် Apple Store ရဲ့ ထိပ်ဆုံး စာရင်းမှာ တစ်ကြိမ် ရပ်တည်နိုင်ခဲ့ပါတယ်။ အခြား ထိုင်း နဲ့ ဗီယက်နမ် store တွေမှာလည်း ထိပ်ဆုံးအဆင့် သတ်မှတ်ချက်တွေ ရောက်ခဲ့ဖူးပါတယ်။ အာရှနိုင်ငံတွေထဲကို အစကောင်းကောင်းနဲ့ စတင်ဝင်ရောက်ခဲ့တဲ့ ဂိမ်းဖြစ်တာကြောင့် အခု global version မှာလည်း လုံးဝကို သေချာပေါက် လူကြိုက်များဦးမှာပါ။

“Onmyojiarena” အာရှ ဗားရှင်းထွက်ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၈ ခုနှစ်မှာ နိုင်ငံတကာ အတွက် Beta version ကို အရင်ချပြခဲ့ပါတယ်။ အဲ့မှာလည်း ဥရောနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံက player တွေရဲ့ အချစ်ကို ရယူနိုင်ခဲ့ပါတယ်။ NetEase က ထုတ်လုပ်ခဲ့တဲ့ MOBA ဂိမ်းအနေနဲ့ အခုလို နိုင်ငံတကာ Servers (global version) ထုတ်လိုက်တာက ကမ္ဘာ့နေရာအသီးသီးက player တွေကို အချင်းချင်း အပြန်လှန် ဆက်သွယ်နိုင်မယ့် Global game ရဲ့ အရသာ အပြည့်ကို ပေးစွမ်းစေချင်လို့ဖြစ်တာကြောင့်လို့သိရပါတယ်။

ဂိမ်းထဲမှာ “Onmyoji” ထဲက လှပတဲ့ ရုပ်ပုံတွေကို တွေ့ရှိရမှာဖြစ်ပြီး အသံသရုပ်ဆောင်တွေကလည်း “Onmyoji” ထဲက အသံသရုပ်ဆောင်တွေကိုပဲ ထည့်သုံးထားတာဖြစ်ပါတယ်။ 3v3v3 ပုံစံကစားရမှာဖြစ်တာကြောင့် player တွေက တစ်သင်းကို ၃ ယောက်နဲ့ အဖွဲ့ ၃ ဖွဲ့ ကစားရမှာပါ။ (5v5 mode လည်း ကစားလို့ရပါတယ်။ ) အရင်က ထွက်ရှိခဲ့တဲ့ ဗားရှင်းတွေလို ဂျပန်စာတွေနဲ့မဟုတ်ဘဲ အခုထွက်ရှိလာခဲ့တဲ့ global ဗားရှင်းမှာ ကမ္ဘာအရပ်ရပ်က လူတိုင်း အကျွမ်းတဝင်ကစားနိုင်ဖို့ ဘာသာစကား ရွေးချယ်နိုင်မယ့် option ထည့်သွင်းထားပါတယ်။ အဲ့တော့ ကစားတဲ့နေရာမှာ ပိုအဆင်ပြေသွားတာပေါ့နော်။ ကစားရမယ့် ပုံစံကတော့ MMOBA ပုံစံမျိုးဖြစ်တာကြောင့် အားလုံးနဲ့ ရင်းနှီးပြီးသားပါပဲ။ အရမ်းအရမ်းကို ဆွဲဆောင်မှုရှိပြီးလှပတဲ့ Trailer လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Trailer နဲ့တင် Anime fan တွေ စိတ်ထိန်းလို့ ရမှာမဟုတ်တော့ပါဘူး။ (Anime ကြိုက်တဲ့ ဘော်ဘော်လေးတွေကို mention ပေးလိုက်ကြရအောင်နော် :D)

“Onmyojiarena” က ပေါ့ပေါ့တန်တန်ထုတ်လိုက်တဲ့ဂိမ်းတစ်ခုမဟုတ်ပါဘူး။ Asian ဗားရှင်း နဲ့ Global beta ဗားရှင်း နှစ်မျိုးကို ကျကျနန သေချာ ထုတ်ပြီးမှ global တရားဝင်ဗားရှင်းထုတ်ခဲ့တဲ့ဂိမ်းဖြစ်ပါတယ်။ အဲ့တာကြောင့် Anime ပရိသတ်တွေအတွက်တော့ လုံးဝကို လက်မလွှတ်တင့်တဲ့ဂိမ်းပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Anime fan တွေတင်မကပါဘူး။ အခြား အလှအပကို ခံစားတတ်တဲ့ MMOBA fan တွေလည်း စိတ်ပါရင် ဝင်ကစားကြည့်လို့ရတယ်နော်။ 😎)

 

Download link – Android/ IOS

Ref: prnewswire

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: