Reviews

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရမယ့် Onmyoji

Onmyoji က App Store ရဲ့ အကောင်းဆုံးဂိမ်း၁၀ခု စာရင်းမှာပါဝင်ထားပြီး ၂၀၁၇ Google Play ရဲ့ Games of the Year ဆုကိုရရှိထားတာပါ။ ၂၀၁၆ မှာ Facebook ရဲ့ Game of the Year ဆုကိုလည်းရရှိထားပါတယ်။ ဂိမ်းရဲ့ ဖွဲ့စည်းပုံ နဲ့ idea ပိုင်းက အရမ်းကို ဆွဲဆောင်အား ကောင်းလွန်းလို့ ခုလိုဆုတွေအများကြီး ရထားတာလည်း မဆန်းလှပါဘူး။ Onmyoji ထဲမှာ တွေ့ရမယ့် သဘာဝလွန်စွမ်းအင်တွေနဲ့ ပတ်ဝန်းကျင်ဒီဇိုင်း ပုံစံတွေက သင့်ကို အတွေ့အကြုံအသစ်တွေ အများကြီး သယ်ဆောင်လာပေးနိုင်ပါတယ်။

 

 

နောက်ခံသမိုင်းဇာတ်လမ်းအကျဉ်း

တစ်ချိန်တစ်ခါက ကမ္ဘာပေါ်မှာ လူသားတွေနဲ့ မကောင်းဆိုးဝါးတွေ အတူတကွ နေထိုင်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ အောက်ကမ္ဘာမှာရှိတဲ့ နတ်ဆိုးမကောင်းဆိုးဝါးတွေက စွမ်းအားတွေ၊ ခွန်အားတွေ၊ သြဇာအာဏာတွေ ရရှိဖို့အတွက် လူသားတွေနဲ့ တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။ ကမ္ဘာနှစ်ခု ကြားမှာ အန္တရာယ်တွေ မလိုမုန်းထားမှုတွေ ဖြစ်တည်လာပါတယ်။ အဲ့ဒီအချိန်မှာ ကံကောင်းစွာနဲ့ပဲ ကြယ်တွေကို အဓိပ္ပါယ်ဖော်နိုင်တဲ့ လူသားအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာပါတယ်။ သူတို့ကို Onmyoji လို့ခေါ်ကြတယ်။ Onmyoji တွေက ဝိညာဉ်တွေကို ထိန်းချုပ်နိုင်ရုံသာမက ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးနိုင်တဲ့ စွမ်းအင်တွေရှိပါတယ်။ ကမ္ဘာနှစ်ခုရဲ့ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့နဲ့ ငြိမ်းချမ်းရေးဖန်တီးပေးနိုင်ဖို့က Onmyoji တွေရဲ့ အဓိက ရည်ရွယ်ချက်ပါ။ ကဲ အခုသင်ရော Onmyoji တစ်ယောက်အနေနဲ့ ဝိညာဉ်တွေတည်ရှိနေတဲ့ မှော်ကမ္ဘာကြီးထဲ ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား။

 

 

ဂိမ်းထဲမှာ အဓိက လုပ်ဆောင်ရမှာက ကိုယ့်အဖွဲ့ကို အင်အားအကောင်းဆုံး Onmyoji အဖွဲ့ဖြစ်လာအောင်လုပ်ပေးရမှာပါ။ ကမ္ဘာတစ်ဝှမ်းက တကယ့် ကစားသမားအစစ် တွေနဲ့ စိန်ခေါ်တိုက်ခိုက်နိုင်ပါတယ်။ “Shikigami” လို့ခေါ်တဲ့ အင်အားကောင်းတဲ့ ဝိညာဉ်တွေကိုဖိတ်ခေါ်ပြီး ကိုယ့်ဘက်ကနေ တိုက်ခိုက်ခိုင်းလို့ရပါတယ်။ Role-playng ပုံစံမျိုးနဲ့ကစားရမှာဖြစ်ပြီး တိုက်ပွဲတွေမှာ အနိုင်ရရင် ဆုလာဒ်ဆောင်တွေ ရရှိမှာပါ။ Featuring တွေအနေနဲ့ Rie Kugimiya, Jun Fukuyama, Miyuki Sawashiro, Tomokazu Sugita, Yuki Kuji နဲ့ အခြား ဇာတ်ကောင်တွေရဲ့ ပုံစံကို ယူထားတာပါ။ ဇာတ်ညွှန်းကို Shigeru Umebayashi ကရေးသားထားပါတယ်။ ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

နမူနာ video ကိုအောက်မှာကြည့်နိုင်ပါတယ်။ Android, iOS platform နှစ်မျိုးစလုံးနဲ့ free to play ကစားနိုင်ပါတယ်။

Image Source – Onmyoji

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password