Reviews

Action Sport ဂိမ်းတစ်ခုဖြစ်တဲ့ Mad Skills BMX 2

Sport ဂိမ်းများကို နှစ်သက်သဘောကျတဲ့ မိတ်ဆွေများအတွက် စက်ဘီးပြိုင်ရမယ့် ဂိမ်းတစ်ခုဖြစ်တဲ့ Mad Skills BMX 2 ဆိုတဲ့ ဂိမ်းလေးအကြောင်း ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ Multiplayer Mode ဖြင့် ဆော့ကစားနိုင်တဲ့ ဒီဂိမ်းလေးကတော့ သင်နဲ့အတူ ယှဉ်ပြိုင်ဖို့ အခြားသော Player များဟာလည်း ပြိုင်ဆိုင်မှုနဲ့အတူ စိန်ခေါ်ဖို့ကတော့ အသင့်အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။

             

ယှဉ်ပြိုင်ရမယ့် အခန်းများစွာနဲ့အတူ မတူညီတဲ့ abilities များနဲ့ BMX စက်ဘီးများဟာလည်း ရယူနိုင်ပြီဖြစ်လို့ သင့်ကို ပိုပြီး အခြားသူများထက် သာလွန်တဲ့ အခွင့်အရေးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ In game မှာဆိုရင်လည်း realism ဆန်တဲ့ ထွက်ချက်မှုများနဲ့ အတူ ယှဉ်ပြိုင်ရင်း ပျော်ရွှင်စရာများကို ဖန်တီးနိုင်ပြီဖြစ်ပါတယ်။

မတူညီတဲ့ BMX စက်ဘီးများကို ရယူခြင်းနဲ့အတူ သက်ဆိုင်ရာ upgrade များပြုလုပ်ရင်း မိမိအတွက် အကောင်းဆုံးဖြစ်မယ့် ပြိုင်ပွဲဝင် စက်ဘီး တစ်စီးအဖြစ် ဖန်တီးရမှာလည်း ဖြစ်ပါတယ်။ ထို့အတူ weekly competition များမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ရင်း Jam များကိုလည်း ရယူနိုင်တယ်ဆိုတော့ အခွင့်အရေးတစ်ခုအဖြစ် မှတ်ယူရမှာ မဟုတ်လား။

 

သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းများသာမက မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အခြား users များနဲ့လည်း ယှဉ်ပြိုင်နိုင်မှာ ဖြစ်သလို အခြားသော international players များနဲ့လည်း လက်ရည်စမ်းနိုင်ပြီဖြစ်လို့ ဂိမ်းကောင်းလေးတစ်ခုအဖြစ် မှတ်ချက်ပြုရင်း Developer များအနေဖြင့်လည်း အခြားခြားသော ပိုမိုကောင်းမွန်တဲ့     ဂိမ်းများလည်း ဖန်တီးဖို့ ရှိနေတာကြောင့် ဂိမ်းကောင်းလေးတစ်ခုကို ပိုင်ဆိုင်ရယူနိုင်ဖို့ ရည်ရွယ်ရင်း Playon မိတ်ဆွေများအတွက် ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျား။

ဒီဂိမ်းလေးကိုတော့ Free to play အနေနဲ့ mobile platform များဖြစ်ကြတဲ့ Google Play Store နဲ့အတူ App Store များမှာ ရယူနိုင်ပါတယ် ဆိုတဲ့အကြောင်း ဖော်ပြရင်း အခြား စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းကောင်းလေးများကို ဆက်လက်တင်ဆက်သွားမှာ ဖြစ်လို့ ကျွန်တော်တို့ Playon နဲ့အတူ ဆက်လက်ရှိနေဖို့ တိုက်တွန်း လိုက်ရပါတယ်. . . . . . . . . . . . ။

Google Play Store

App Store

Facebook Page

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password