Reviews

ဘဝအတွေ့အကြုံတွေကို အကောင်းဆုံးပေးစွမ်းနိုင်မယ့် One Hour One Life

လူတိုင်းလူတိုင်း အထူးသဖြင့် လူကြီးတွေမှာ အသက်တွေ တဖြည်းဖြည်း ရလာတာနဲ့အမျှ အချိန်ကုန်တာ တဖြေးဖြေး မြန်လာတာ သိသာလာပါတယ်။ ကလေးတစ်ယောက်အတွက် နွေရာသီအားလပ်ရက်ဆိုတာ ရာစုနှစ်တစ်ခု (နှစ်တစ်ရာ) ကဲ့သို ခံစားရပါတယ်။ ဆယ်ကျော်သက်လူငယ်တစ်ယောက်အတွက် တစ်ပတ်ဆိုတာ ဆယ်စုနှစ်တစ်ခု(ဆယ်နှစ်) နီးပါးကြာတယ်လို့ ထင်ကြပါတယ်။ အသက်အရွယ်ကြာလာတာနဲ့အမျှ လုပ်စရာ အလုပ်တွေ တာဝန်တွေ ပိုပိုပြီးများလာတာကြောင့် အချိန်ကုန်နှုန်း တဖြေးဖြေး ပိုပိုပြီး မြန်လာတာ သဘာဝပါ။

အဲ့တာကြောင့် ခုတစ်ခေါက်မှာ Playon က ဘော်ဒါတို့အတွက် အချိန်ကုန်နှုန်း မြန်ဆန်လာမှုတွေကို ထင်ဟပ်စေနိုင်မယ့် “One hour One life” ဆိုတဲ့ ဂိမ်းလေး အကြောင်းနဲ့ မိတ်ဆက်ပေးမှာပါ။ ဂိမ်းလေး One Hour One Life ထဲကို ဘော်ဒါတို့ရောက်ရှိသွားတာနဲ့ ဂိမ်းထဲမှာရှိနေတဲ့ မိနစ်တိုင်းမိနစ်တိုင်းက ဆွဲဆောင်မှုရှိနေတယ်ဆိုတာကိုတွေ့ရမှာပါ။

Jason Rohrer ရဲ့ PC game ကို အခြေခံ ဖန်တီးထားတဲ့ One Hour One Life က multiplayer survival ဂိမ်း အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Survival ဂိမ်း ဖြစ်ပေမယ့် ဂိမ်းစတင်ကစား ချိန်ကနေ တစ်နာရီအပြည့်ခင်မှာပဲ Player ပါဝင်ကစားထားတဲ့ ဇာတ်ကောင်ဟာ သေဆုံးသွာနိုင်ပါတယ်။ သင်သေဆုံးသွား ပျက်စီးသွားပေမယ့် သင့်ရဲ့ အမွေပစ္စည်းတွကတော့ ကျန်ရစ်ခဲ့မှာပါ။ သူတို့ကို သင့်ရဲ့ ကျန်ရစ်ခဲ့တဲ့ သာသမီးတွေ သို့ အခြား player တွေထံ လွှဲပြောင်းပေးခဲ့လို့ရပါတယ်။ ပြီးတော့ သင်ကိုယ်တိုင်လည်း အခြား player တစ်ယောက်ရဲ့ ကလေးအဖြစ် respawn ပြန်လည်ပြုလုပ်နိုင်ပါတယ်။ ဂိမ်းထဲမှာ တွေ့မြင်ရမယ့် အကြောင်းအရာ ဖြစ်စဉ်တိုင်းက လက်တွေ့နဲ့ ကိုက်ညီမှုရှိပြီး အဓိပ္ပါယ်လည်း တကယ်ကိုရှိပါတယ်။

Graphic ပိုင်းအရကြည့်မယ်ဆိုရင်တော့ One Hour One Life က လုံးဝကို ရိုးရှင်းပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာ ကစားကြည့်ရင် ဇာတ်ကောင်လေးတွေ ပတ်ဝန်းကျင် ဒီဇိုင်းလေးတွေကို နက်နက်ရှိုင်းရှိုင်း အသေးစိတ်ဖန်တီးထားတယ်ဆိုတုကို တွေ့ရမှာပါ။ မြင်နေတွေ့နေကြမဟုတ်တဲ့ ပုံစံလေးနဲ့ ကြုံရတာ တစ်မျိုးလေးပါ။ မိနစ်တိုင်းမိနစ်တိုင်းမှာ Player ကစားနေတဲ့ ဇာတ်ကောင်ရဲ့ ရုပ်က တဖြေးဖြေး အိုလာမှာပါ။ “One hour one life” ဆိုတဲ့ အတိုင်း player တွေက တစ်နာရီမှာ တစ်ခါသေပေးရပါတယ်။ တစ်နာရီမှာ တစ်သက်ပဲရပါတယ်။

ရုတ်တရတ်ကြီးလည်း သေသွားနိုင်ပါတယ်။ အဲ့တော့ မသေခင် လုပ်စရာလေးတွေကို ကြိုးစားပြီး လုပ်သွားရမှာပေါ့နော်။ ဂိမ်းထဲမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်တဲ့ အလုပ်အကိုင် သက်မွေးမှုလုပ်ငန်းက crafting ဖြစ်ပါတယ်။ ဘယ်လိုကစားရမလဲဆိုတဲ့ နမူနာ video လေးကိုတော့ အောက်မှာ ပြပေးထားပါတယ်။ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ကဲ…ဘယ်လိုလဲဘော်ဒါတို့ရေ ကြည့်ရတာ တစ်မျိုးဆန်းနေတယ်မဟုတ်လား။ ကစားနေကြပုံစံ အမျိုးအစားတွေကနေ ခွဲထွက်ပြီး ကစားကြည့်ချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကို ကစားကြည့်ကြပါ။ iOS အတွက် download လုပ်ယူရင် ဒေါ်လာ ၄.၉၉ (၇၅၀၀ကျပ်-ဈေးနှုန်းအပြောင်းအလဲရှိနိုင်) ခန့် လောက်ကျသင့်မှာပါ။ Android အတွက်ကတော့ Region တော်တော်များများနဲ့ available မဖြစ်သေးပါဘူး။ PC /console ပုံစံကနေ mobile အတွက် ခွဲထွက်လာတဲ့ ဂိမ်းဖြစ်တာကြောင့် ကစားလို့ကတော့ လုံးဝကို ကောင်းပါတယ်။ ဒါပေမယ့် အခု ချက်ချင်းကြီးတော့ download မလုပ်လိုက်ပါနဲ့ ဦးနော်။ ဒေါ်လာဈေးတွေ တက်နေလို့ပါ 😝)

Download link – Android/ iOS

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password