News

Esports နဲ့ ပတ်သတ်တဲ့ ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ကြတဲ့ Olympic Movement နဲ့ Esports & gaming အဖွဲ့အစည်းများ

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့တုန်းက Lausanne မှ Olympic Museum မှာကျင်းပခဲ့တဲ့ Esports နဲ့ ပတ်သတ်တဲ့ ဆွေးနွေးပွဲမှာ The international Olympic Committee (IOC) နဲ့ the Global Association of International Sports Federation (GAISF) တို့ တက်ရောက် တွေ့ဆုံခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ esports & gaming industries နဲ့ Olympic Movement တို့ကြားက အနာဂတ် စေ့စပ်ညှိနှိုင်းမှု အတွက် platform တစ်ခုတည်ဆောက်ဖို့နဲ့ အချင်းချင်းနားလည်မှု တည်ဆောက်ဖို့အတွက် အပြန်အလှန်ဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ Esport ဆွေးနွေးပွဲရဲ့ IOC-GAISF အဖွဲ့အစည်းဟာ Olympic Movement နှင့် esports & gaming community တို့ရဲ့ ရှယ်ယာရှင်တွေ ကြားကတိုးတက်လာတဲ့ ပူးပေါင်းဆောင်ရွက်မှုကိုထင်ဟပ်လာစေခဲ့ပါတယ်။

ပွဲတက်ရောက်လာကြသူများထဲမှာ esports & gaming မှ ကစားသမားများ၊ ထုတ်လုပ်သူများ၊ အသင်းများ၊ မီဒီယာများ၊ စပွန်ဆာ ပြုလုပ်ပေးသူများ နှင့် ပွဲစီစဉ်သူများရဲ့ ကိုယ်စားလှယ် ၁၅၀ ကျော်ကျော် နှင့် Olympic Movement မှ National Olympic Committee များ၊ International Sports Federation များ၊ အားကစားသမားများ၊ လက်တွဲဖော်များ၊ ရုပ်သံလွှင့်ပေးသူများ၊ IOC နှင့် GAISF တို့ ပါဝင်ကြပါတယ်။

ဆွေးနွေးပွဲမှာ eSports ကို အိုလံပစ် အားကစားနည်းတစ်ခုအနေနဲ့ သတ်မှတ်သင့်လားဆိုတာနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကိုမေးမြန်းခဲ့ကြပြီး လက်ရှိအနေအထားမှာတော့ အဖွဲ့အစည်းဘက်က eSports ကိုအားကစားတစ်ခုအနေနဲ့ သတ်မှတ်ပေးဖို့အတွက် အိုလံပစ် စံသတ်မှတ်ချက်တွေ နဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို ချိန်ညှိပေးမလား/ မပေးဘူးလားဆိုတာနဲ့ ပတ်သတ်လို့တော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ အဲ့တာကြောင့် eSports ကိုအိုလံပစ်အားကစားနည်းတစ်ခုအနေနဲ့ သတ်မှတ်မှာလားဆိုတဲ့ သုံးသပ်ချက်က Esports ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တစ်ခုမဟုတ်လောက်ဘူးလို့ထင်မိပါတယ်။

ဒါဆိုသူ့ရဲ့ ရည်ရွယ်ချက်ကဘာဖြစ်မှာလဲ???

ပွဲအကြောင်းအရာနဲ့ ပတ်သတ်ပြီး GAISF ရဲ့ ဥက္ကဋ္ဌဖြစ်သူ IOC အဖွဲ့ဝင် Patrick Baumann က

“GAISF နှင့် IOC ရဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခုပွဲကို တက်ရောက်လာကြသူများအားလုံးကို အရင်ဆုံးကျေးဇူးတင်ချင်ပါတယ်။ အခုလိုစိတ်ဝင်စားဖို့ ကောင်းတဲ့ ဆွေးနွေးပွဲရဲ့ အကြောင်းအရင်းတစ်ခုကတော့ရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ အားကစားပွဲတွေကိုပေါင်းစည်းဖို့ စိတ်အားထက်သန်နေတာကြောင့်ရယ် ပြိုင်ပွဲရဲ့ ချစ်ခြင်းတရားတွေကိုဝေမျှပေးချင်တာကြောင့် ရယ်ဖြစ်ပါတယ်။ ဒီပွဲက Olympicနဲ့ eSports communities ကြားကအနာဂတ်မှာဖြစ်နိုင်ချေရှိလာမယ့် ပူးပေါင်းမှုအကြောင်းဆွေးနွေးမှုတွေအတွက် အစကောင်းတစ်ခုပါ။”

Patrick Baumann ရဲ့ ပြောစကားကိုသုံးသပ်ကြည့်ရရင် ဒီဆွေးနွေးပွဲက eSports ကိုအားကစားနည်းတစ်ခုအဖြစ် သတ်မှတ်ဖို့ အတွက် စည်းမျည်းစည်းကမ်းတွေကို ပြင်ဆင်ဖို့ မဟုတ်ဘဲ Olympic Moment နဲ့ eSports ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးတဲ့ ပွဲတစ်ခုဆိုတာထင်ရှားပါတယ်။ အဲ့တော့ eSports ရဲ့ အလားအလာကတော့ လုံးဝကိုကောင်းနေပါပြီ။

ဆွေးနွေးပွဲမှာ eSports franchise ရဲ့ပိုင်ရှင်တစ်ဦးလည်း၊ ဖြစ်ပရော်ဖက်ရှင်နယ် basketball ကစားသမားဟောင်းလည်းဖြစ်တဲ့ Rick Fox က ပွဲရဲ့ Host moderator အဖြစ် အခုလိုအောက်ပါအတိုင်းရှင်းလင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော်အခုလို Olympic Movement နဲ့ world of esports ကြားကဆွေးနွေးပွဲအစပိုင်းကိုထောက်ပံ့ပေးခွင့်ရတာဂုဏ်ယူပါတယ်။ ကိုယ့်ကိုယ်တိုင်လည်း eSports နဲ့ basketball အားကစားနှစ်ခုကိုအသက်မွေးကြောင်းအဖြစ်လုပ်ခွင့်ရတာကံကောင်းတယ်လို့ ယူဆပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပွဲလေးက Sports နဲ့ eSports နှစ်ခုထဲမှာရှိနေတဲ့ စိတ်အားထက်သန်မှုကိုထင်ဟပ်စေမှာဖြစ်ပြီး ကျွန်တော်တို့တွေ အတူတူလက်တွဲလုပ်ဆောင်နိုင်မယ့်နည်းတွေကိုစိတ်ဝင်စားဖွယ် အသားပေးဖော်ပြသွားမှာပါ။”

Overwatch League မှာ Houston Outlaws အတွက် ကစားတဲ့ ပရော်ဖက်ရှင်နယ် eSports ကစားသမား Jacob “Jake” Lyon ကလည်းခုလိုပဲပြောကြားခဲ့ပါတယ်။

“ဒီနေ့ကျင်းပတဲ့ ပွဲမှာအခုလိုOlympic Movement နှင့်အတူပါဝင်တက်ရောက်ခွင့်ရရှိတာအရမ်းကိုကောင်းပါတယ်။ အဖွဲ့အစည်းနှစ်ခုလုံးကလည်းတစ်ဦးနဲ့ တစ်ဦးအပြန်အလှန်လေ့လာဖို့အတွက် စိတ်ဝင်စားနေကြတယ်လို့ထင်ပါတယ်။ တစ်ဦးအကြောင်းကိုတစ်ဦးလေ့လာပြီးအခြားတစ်ဦးရဲ့ အတွေ့အကြုံတွေကနေ ဥပမာယူပြီးပိုကောင်းအောင်လုပ်တာ ဖြစ်တဲ့အတွက် အရမ်းကိုကောင်းမွန်တဲ့ အခွင့်အရေးတွေ အများကြီးရှိလာမှာပါ။”

(Note: ဗီဒီယိုဟာ International Olympic Committee ရဲ့ content တွေပါဝင်နေပြီး YouTube Policy တချို့နဲ့ ညိနေတာကြောင့်ကျွန်တော်တို့ဆီမှာ တိုက်ရိုက်ကြည့်လို့ရမှာမဟုတ်ပဲ “Watch on YouTube” ကိုနှိပ်ပြီးကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။)

Esports Forum က ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ Olympic Summit နောက်မှာ ကျင်းပခဲ့တဲ့ ပွဲဖြစ်ပါတယ်။ Esports Forum ကထိပ်တန်းကစားသမားများအပါအဝင် များပြားလှတဲ့ ရှယ်ယာရှင်တွေထံမှ သတင်းတွေကြားသိနိုင်မယ့် ပြိုင်စံရှားအခွင့်အရေးတစ်ခုဖြစ်ပါတယ်။

IOC Sports ဒါရိုက်တာ Kit McConnell မှလည်းသူတို့ ထံမှာနောက်ထပ်အနာဂတ် စေ့စပ်ညှိနှိုင်းမှု အစီအစဉ်တွေနဲ့ ongoingdialogue တွေအတွက် အရမ်းကိုအားကောင်းတဲ့ အစီအစဉ်တွေ ရှိကြောင်းနဲ့ Olympic Movement ကို eSports နဲ့ပူးပေါင်းဖို့အတွက် ထောက်ပံပေးမယ့် ကျယ်ပြန်တဲ့ စေ့စပ်ညှိနှုန်းမှုတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ရှိနေကြောင်းပြောကြားခဲ့ပါတယ်။

အခုအချိန်မှာတော့ IOC နဲ့ GAISF တို့ဟာ အလားအလာရှိတဲ့ ပူးတွဲဆောင်ရွက်မှုနယ်ပယ်တွေကို ပြုလုပ်နိုင်ဖို့ အတွက် Olympic Movement နဲ့ eSports and gaming တို့ကြားကစေ့စပ်မှုနှင့် ဆက်သွယ်မှုတွေ ဆက်လက်ဆောင်ရွက်ဖို့ Esports Liaison Group ကိုဖွဲ့စည်းလိုက်ပါပြီ။ IOC က Esports Liaison Group မှ အဖွဲ့ဝင်တွေကို အောက်တိုဘာလ ၅ ရက်နေ့ ကနေ ၆ ရက်နေ့အထိကျင်းပမယ့် Olympism in Action Forum in Buenos Aires မှာပါဝင်ဖို့ ဖိတ်ခေါ်မှာဖြစ်ပြီးအဆိုပါပွဲက Youth Olympic Games တွေကအားကစားသမားတွေအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့သိရပါတယ်။

Esports ရဲ့ခေါင်းစဉ်ကို နိုဝင်ဘာလ ၅ ရက်နေ့ ကနေ ၇ ရက်နေ့ Lausanne မှာကျင်းပမယ့် the GAISF IF Forum မှာ Ifs နှင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၈ နဲ့ ၂၉ ရက်နေ့ တိုကျိုမှာကျင်းပမယ့် XXIII ANOC General Assembly မှ 206 National Olympic Committees များအားလုံးနှင့်လည်းကောင်းဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် IOC ဥက္ကဋ္ဌ ကလည်းဒီဇင်ဘာလ ၂၀၁၈မှာကျင်းပမယ့် နောက်ထပ် Olympic Summit ရဲ့ agenda မှာ eSports ကိုထည့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Source: Olympic

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password