ArticleNews

2019 ဆီးဂိမ်းပြိုင်ပွဲတွင် E-Sports ပါဝင်မည်ဖြစ်ကြောင်းအတည်ပြုပြီ

SouthEast Asia Games (SEA Games) ဟာအာဆီယံဒေသတွင်းနိုင်ငံများအကြားမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့အားကစားပြိုင်ပွဲကြီးဖြစ်ပါတယ်။ 2019 ခုနှစ်အတွက်ဆီးဂိမ်းကိုတော့ဖိလစ်ပိုင်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပပေးသွားမှာပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ game ဆော့သူအများအပြားရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီးသူ လက်ခံကျင်းပရတဲ့ 2019 SEA Games မှာ E-sports ကိုရွှေတံဆိပ်ပေးအပ်တဲ့ပြိုင်ပွဲအချို့ထည့်သွင်းဖို့ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ E-sports ကိုထည့်သွင်းကျင်းပမယ်လို့သတင်းသဲ့သဲ့ကြားနေရတာဖြစ်ပြီးအခုအချိန်မှာတော့ ဒီသတင်းဟာ confirm ဖြစ်သွားခဲ့ပါပြီ။

The Philippines Olympic Committee (POC) ရဲ့ဥက္ကဌ ဖြစ်သူကိုယ်တိုင်ဒီသတင်းကိုကြေညာခဲ့တာဖြစ်ပြီးထည့်သွင်းကျင်းပမယ့်ဂိမ်းတွေကိုပါ တစ်ပါးတည်းကြေညာခဲ့တာဖြစ်ပါတယ်။ 2019 SEA Games အတွက် sport 56 မျိုးအတွက် event ပေါင်း 523 ခုပြုလုပ်မှာဖြစ်ပြီး E-sports အတွက်ခြောက်ခုပါဝင်မယ်လို့သိရပါတယ်။ ပါဝင်မယ့် E-sports ပြိုင်ပွဲတွေကတော့ NBA 2K, Tekken 7, Hearthstone (အမျိုးသား), Hearthstone (အမျိုးသမီး), Dota 2 (အမျိုးသား) နဲ့ Dota 2 (အမျိုးသမီး) တို့ပဲဖြစ်ပါတယ်။

ဖိလစ်ပိုင် E-sport အသင်းဖြစ်တဲ့ Esport National Association of the Philippines (ESNAP) ရဲ့အကြီးအကဲဖြစ်သူ Joebert Yu ကတော့ ဖိလစ်ပိုင်အိုလံပစ်ဥက္ကဌ ကြေညာခဲ့တဲ့သတင်းတွေဟာ outdate ဖြစ်နေပြီလို့ဆိုထားပါတယ်။ ပါဝင်မယ့်ဂိမ်းတွေအတွက်ဆွေးနွေးဆဲဟုထင်ရပြီး နောက်ထက် တစ်ရက်(သို့)နှစ်ရက်အတွင်းမှာ offical ကြေညာချက်ကို update လုပ်ပေးသွားမယ်လို့သိရပါတယ်။

E-sports အတွက်သင့်တော်တဲ့ CS:GO တို့ FIFA တို့လိုဂိမ်းတွေကျန်ရှိနေသေးတာဖြစ်တဲ့အတွက် အဆိုပါဂိမ်းတွေလည်းပါဝင်လာနိုင်ပါသေးတယ်။ အနည်းဆုံးတော့ဒေသတွင်းပြိုင်ပွဲကြီးဖြစ်တဲ့ SEA Games မှာ E-sport ကိုမြင်တွေ့ရဖို့သေချာသွားပြီဖြစ်ပါတယ်။ အခုလိုမြင်တွေ့လာရတာဟာဝမ်းသာကြိုဆိုစရာတစ်ခုဖြစ်ပြီးကျွန်တော်တို့မြန်မာနိုင်ငံကလည်းဘယ်အသင်းတွေသွားရောက်ယှဉ်ပြိုင်ပြီးဘယ်လိုတွေလက်စွမ်းပြကြမလဲဆိုတာကိုစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

Ref: Mineski

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password